Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်၊ ငါးရန့်ချောင်းကျေးရွာတွင် အွန်လိုင်း Online ငွေကြေးလိမ်လည်မှုမခံရစေရေး အသိပညာပေးဟောပြောခြင်း

   ရေကြည်မြို့နယ်၊ သင်္ကန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရန့်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင် (၁၁.၁၀.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပြည်သူများ Online မှ ငွေကြေးလိမ်လည်မှု မခံရစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် Online ငွေကြေးလိမ်လည်ခြင်းပညာပေး Video Click များဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်က Online Sale မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့်  Online မှ ဈေးဝယ်ရာတွင် မှတ်ပုံတင်ထားသူများထံမှသာ  ဝယ်ယူခြင်း က အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုတို့နှင့် လိမ်လည်ခြင်းများကို ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ (၁၃၄) ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

        ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ရောင်းချနေသော ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်(၁၀%)ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် ကော်ဖီပင်ပေးအပ်ပွဲကျင်းပ

          ရေကြည်မြို့နယ်၊ သပြေကွင်းခေတ်မီစံပြကျေးရွာတွင် ကော်ဖီပင်များ ထပ်မံစိုက်ပျိုးရန်အတွက် ကော်ဖီပျိုးပင် (၁၅၀၀) ပေးအပ်ပွဲ အခမ်းအနားကို (၁၁.၁၀.၂၅) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

          ထိုအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ သပြေကွင်းခေတ်မှီစံပြကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

  ၁၆.၁၀.၂၀၂၅ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိူက်မ‌ရောမြို့နယ်တာဝန်ခံသည်  ကျိုက်မ‌ရောမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် (၄)အတွင်းရှိ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

   ၁၆.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)” အားကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးမှ   “Talk  Show” ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီမှလည်း “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးခြင်း”  ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အား လည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်စနစ်စတင်အသုံးခဲ့သည့် ရက်စွဲ၊ မှတ်ပုံတင်မည့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများလိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာရှိ ရော်ဘာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေး

   (၁၆.၁၀.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ရော်ဘာ (၁၅.၀၀)ဧကစိုက်ပျိုးထားသည့် တောင်သူဦးစိုးအောင် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တောင်သူဦးစိုးအောင်အား ယခုအချိန်အခါတွင် ရော်ဘာအစေးလှီးကာလသို့ ရောက်ရှိလာပြီးဖြစ်သော်လည်း အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ရော်ဘာပင်များ ရော်ဘာပိုးဝင်ရောက်မှုမရှိစေရေး အထူးသတိပြုရန်၊ တန်ဖိုးမြှင့် ရော်ဘာများထုတ်လုပ်နိုင်စေရေး ဆာဖြူရစ်အက်ဆစ်အစား ဖေါမစ်အက်စစ်ကိုသာ အသုံးပြုကြရန်၊ အစေးခံခွက်များကိုလည်း အမှိုက်သရိုက်ကင်းစင်စေရေး ဖုံးအုပ်ထားရန်၊ ကျွမ်းကျင်လုပ်သားများ ရွေးချယ်ခန့်ထားရန်၊ ရော်ဘာစျေးကွက်တည်ငြိမ်ရေး၊ အလေးချိန် မှန်ကန်ရေးအတွက် ရော်ဘာအသင်းချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

         ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်းသစ်ကျော် ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ဆန်းသစ်ကျော် ဆန်စက်သို့ သွားရောက်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေးပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/ မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအား သွားရောက်တွေ့ဆုံခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ ၁၁း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် စားသုံးသူရေးရာကော်မတီအစည်းအဝေး၊(၄/၂၀၂၅)ကျင်းပပြုလုပ်နိုင်ရေး၊ ဆန်ကိစ္စ၊ စားအုန်းဆီကိစ္စရပ်များ၊ MyRo ကိစ္စရပ်များ၊  အခြေခံစားကုန်‌စျေးနှုူန်းများနှင့် အထွေထွေကိစ္စ ရပ်များအား တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးထံ သွား‌ရောက်ဆွေ့ဆုံ၍ တင်ပြလမ်းညွှန်မှု ခံယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဆန်းသစ်ကျော် ဆန်စက်ရှိ အလုပ်သမားများအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သမက်ပြေကျေးရွာရှိ ဒေါ်အေးမူ ပိုင်ဆိုင်သော ဆန်းသစ်ကျော် ဆန်စက်ရှိအလုပ်သမားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲသို့ ဆန်စက်အလုပ်သမား (၁၇)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်း၊ ဓာတုဆေးဝါးများအကြောင်း၊ မြန်မာစာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကိစ္စရပ်များနှင့် ပက်သက်၍ သိရှိလိုသည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ