Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      FDA နှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှတာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၅)ရက်နေ့တွင် အရှေ့ပိုင်းရပ်ကွက်ရှိ ဖြိုးဖြိုးဆေးဆိုင်ကိုလည်းကောင်း ၊ စွမ်းထက်ဆေးဆိုင်ကို လည်းကောင်း၊ မြို့မဈေးအတွင်းရှိ ကိုဖြိုးဝင်းအလှကုန်ဆိုင်၊ ဘုရင်နောင်လမ်းရှိ KSY  အလှကုန်ဆိုင်၊ အောင်မြင်သူ အလှကုန်ဆိုင် (၅)ဆိုင်တို့ကို လည်းကောင်း သက်ဆိုင်ရာမြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန ဦးဆောင်မှုဖြင့်  တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှောင်တခင် ကွင်းဆင်းစစ် ဆေးမှု များ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင်လည်း တရားမ၀င်ဆေးဝါး၊စံမညီဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး၊ဆေးဝါးအတုများ နှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အလှကုန်ဆိုင်များတွင် ရောင်းချနေသော ပစ္စည်းများတွင် တားမြစ်ဓာတု ပစ္စည်းပါဝင်သော အလှကုန်များ ရောင်းချမှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ကြော်ငြာထားသော အလှကုန်ပစ္စည်းများ၊ ရောင်းချမှု မရှိစေရေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။

      စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား အကြောင်းအရာများကို ရှင်းလင်း ပြောကြားခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ခရိုင်တာဝန်ခံက စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ စားသုံးရန်နှင့်သုံးစွဲရန် မသင့်ကြောင်းကြော်ငြာထားသော အစားအသောက်၊ အလှကုန်နှင့် ဆေးဝါးများကို ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင်  စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် သည် (၂၁.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၅:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီ လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင် များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်း တာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်၊ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင်   MSME  လုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် သည် (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် MSME လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  MSME လုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး လုပ်ငန်းရှင်များအား စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိမှုနှင့်ပတ်သက်ပြီး လုပ်ငန်းများတွင် အမှန်တကယ်ထုတ်လုပ် သုံးစွဲရမည်ဖြစ်ပြီး  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးဆီများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက် ခြင်းမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ဆွေးနွေးပွဲသို့ စက်မှုလုပ်မှု လုပ်ငန်းရှင် (၅၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk   Show   ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၅:၃၀)နာရီအချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက် များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်  (၂၁-၁၁-၂၀၂၅)ရက်နေ့  နံနက်(၀၈:၀၀)နာရီတွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 4k-1865) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၂၉)ပေပါ ရောက်ရှိ လာခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွား ရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး  

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်  (၂၁-၁၁-၂၀၂၅)ရက်နေ့  နံနက်(၁၀:၀၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် Hl-8617) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၈)ပေပါ ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။

 အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွား ရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့် လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (၂၁-၁၁-၂၀၂၅)ရက်နေ့ မနက်(၁၁:၄၅)နာရီတွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 2M-91155) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၁)ပေပါ ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။

            အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွား ရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့် လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

စိုက်ပျိုးရေးသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များသည် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း‌ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က မအူပင်မြို့နယ် စိုက်ပျိုးရေးအရောင်းဆိုင် တာရာလင်း၊ သွန်းသွန်း၊ တံခွန်သစ်၊ လင်းရောင်ခြည်၊ ငွေတိုးပွား ဆိုင်များအား ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်ခရိုင်မှ စစ်ဆေးရေားအရာရှိ ဦးအောင်ဇော်ဦး ဦးစီးအရာရှိနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေး တာဝန်ခံ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် အဖွဲ့က စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် သီးနှံအလိုက် မျိုးစေ့အရည် အသွေး မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ထားရှိသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကိုသာရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော ပိုးသတ်ဆေး များ ဖြန့်ဖြူးရောင်းချရေး၊ စိုက်ပျိုးရေးသုံး ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားပြည်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်ကိုသာ ရောင်းချစေရေး၊ သွင်းအားစု ဈေးကွက်ဈေးနှုန်းအခြေအနေများ၊ ဆောင်းရာသီ သီးနှဲစိုက်ပျိုးရေးအတွက် ဝေးနှုန်းမကြီးမြင့်စေရေး တို့ကို စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ် အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဥပဒေမှ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသိကောင်းစရာများ ကုန်စည်များ အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၀)၊ (၁/၂၀၂၁)တို့ကို အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျေးရွာနေ အုပ်ချုပ်ရေးမှူးများအား စားအုန်းဆီထုတ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာနေပြည်သူများကို ဆီရောင်းချရာတွင်  သတ်မှတ်ချက်နှင့် အညီဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်း

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးသည် (၂၀.၁၁.၂၀၂၅)ရက်နေ့ မွန်လွဲပိုင်း  (၄)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကျုံတနော်ကျေးရွာ၊ သပြုကျေးရွာ၊ အလမျိုးကျေးရွာ၊ ကွင်းမင်းကျေးရွာ ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား စားအုန်းဆီ လက်ကား၊လက်လီ ရောင်းချမှုနှင့် စပ်လျဉ်း၍  စားသုံးသူပြည်သူများသို့ အိမ်ထောင်စု အလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှု အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်း ကို ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဓနုဖြူဆီကိုယ်စားလှယ် နှင့်အတူ ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွှမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချ  ရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာ ထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်း နှင့် အညီ ဆောင် ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်း တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဟင်္သာကျွန်း အ-ထ-က ကျောင်းခွဲတွင် ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်း ၂ဦး တို့သည် ကျောင်းကျန်းမာရေးနှင့်အတူ (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ၊ ရွှေဟင်္သာကျွန်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးခဲ့ကြရာတွင် မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများရောင်းချနေသော မုန့်ဈေးတန်း မုန့်ဆိုင် ၆ဆိုင်မှ မုန့်အမျိုးမျိုးအား  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချမှုရှိ/ မရှိ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ပစ္စည်းများ ရောင်းချစေရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ကျောင်းမုန့်ဈေးတန်းတွင် ဒေသတွင် ထုတ်လုပ်သော မုန့်များရောင်းချမှု  တွေ့ရှိသောကြောင့် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေအနေနဲ့ အစားအသောက်များ မှာယူသုံးစွဲရန် ခွင့်မပြုတဲ့ ဆိုးဆေး တွေကို လုံးဝအသုံးမပြုရန်နှင့် ထုတ်လုပ်သည့် လုပ်ငန်းလိပ်စားနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဖော်ပြပြီးမှသာ ရောင်းချရန်ကို  မုန့်ဈေးတန်းဆိုင်ရှင်များကို အသိပညာပေ းပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ