Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို (၂၁.၈.၂၀၂၅) ရက်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် အသက်အရွယ် အပိုင်းအခြား အသက်အရွယ်မပြည့်မီ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

     ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် EVER GREEN သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၂..၂၀၂ ရက်နေ့တွင် EVER GREEN သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချပေး

     ၂၂.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီနှင့် ကြက်သွန်နီများ ရောင်းချရာတွင် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

          ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီ တစ်ပိဿာ (ဗူးခွံပါ) (၇၈၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာစီဖြင့် စားအုန်းဆီ (၈၈၀) ပိဿာ၊ ကြက်သွန်နီ (၈၀၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

     ၂၁.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်း နှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူ တို့ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊အာလူး၊ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း တို့ကိုဆောင်ရွက်ရာ၌ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

     အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သြဂုတ်လ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် MSMEလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၁..၂၀၂ ရက်နေ့တွင် MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်မုန့်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ

     ၂၁.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်မုန့်လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အသင်း၏ဖွဲ့စည်းထားရှိမှုအခြေအနေ၊ အသင်းအနေဖြင့် သက်ဝင်လှုပ်ရှားမှု ရှိ/မရှိ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသင်းအနေဖြင့် ပါဝင်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌနှင့် တွေ့ဆုံ

      ၂၁.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အသင်းဖွဲ့စည်းထားရှိမှု၊ အသင်းအနေဖြင့် သက်ဝင် လှုပ်ရှားမှု ရှိ/မရှိ၊ ဝဥစက်ရုံများ လည်ပတ်မှုအခြေအနေ၊ ပြည်ပတင်ပို့မှုအခြေအနေ၊ GACC လက်မှတ်ရရှိမှု ရှိ/မရှိ၊ ဒေသဖွံ့ဖြိုးမှု တွင်ပါဝင်ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

(HIACE) သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၈၁)၊ စက်မှုဇုန်(၂)လမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ (HIACE) သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် (HIACE)သောက်ရေသန့်မှာ ကုန်အညွှန်းအမှတ်အသားများပြည့် စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး၊ ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့်အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ် မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါင်းတံဆိပ် ဆန်ကြာဇံ စက်ရုံသို့ သွားရောက် စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အမှတ်(၃၅)၊ မာလာနွယ်လမ်း၊ မေတ္တာညွှန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ဒေါင်းတံဆိပ်ဆန်ကြာဇံစက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆောင်ရွက်တွင် ဦးမြသန်းနိုင်နှင့် ဝန်ထမ်းများက စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန် သင့်/ မသင့်စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာထောက်ခံချက်များရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့်အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ထောက် ခံချက်သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈)၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့ပေါ်ရှိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၂၂..၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရခြင်းသည် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍ အားလုံး အတွက် အရေးကြီးဆုံးအစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီ သော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ ၏နေ့စဉ် လူမူဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်နှင့် ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံ မှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ မိတ်ဖက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့သည် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက် လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြိမ်ကြိမ် ဆက်သွယ် ပြောဆိုသော်လည်း စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် တိုင်ကြားမှုများအား အများ ဆုံးလက်ခံရရှိသည့်အတွက် သုံးစွဲသူများအား လုံလောက်သည့် သတင်းအချက်အလက်များကိုအသိပေးဖော်ပြစေရန် လိုအပ်ကြောင်း၊ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ခြင်းတို့ကိုတွေ့ရှိရခြင်းကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး  အခွင့်အရေးကို ပြည့်ဝစွာရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ