Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၊ (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာ့ဆက်သွယ်‌ ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှု ကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်‌ရေးဝန်ဆောင်မှု(အင်တာနက် ဝန်ဆောင်မှု)နှင့် ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ MBT FTTH တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဆက်သွယ်‌ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့် ပတ် သက်၍ စစ်ဆေးဆောင်ရွက်ရမည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ MBT FTTH အင်တာနက်ဝန်ဆောင်မှု နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေများကိုလည်း မေးမြန်း ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ ရာဘာသစ်အချောထည် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ Dawei Holding Co.,Ltd ရာဘာသစ်အချောထည်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ရာဘာသစ်အချောထည် လုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (13/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့်တက်ရောက်

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (13/2025-2026)အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Online Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်းနှင့် MC အဖွဲ့ဝင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ် (၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်လတ်မြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသောဘိလပ်မြေ ဈေးနှုန်းဈေးကွက် အခြေအနေကိုမေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း  နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော်နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့်အကျိုးစီးပွားရေးကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမ (၃)ဦး၊ ကျောင်းသား/ ကျောင်းသူ (၈၅) ဦး၊ စုစုပေါင်း(၈၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဌာန၏ သမိုင်း ကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း သည့်အကြောင်း အရာများ၊ အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် ကုစားပေးခြင်းများ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ MyRoတင်ထားသည့် ဆန်/ စပါး လက်ကျန်အခြေခံစာရင်းများ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် MyRo တင်ထားသည့် ဆန်/ စပါး လက်ကျန်စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကိုအခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှုအခြေအနေများနှင့်  ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ် မြေပြင်သိုလှောင်မှုအခြေအနေမှန်စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်များအား တွေဆုံဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာနခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်စပ်လျဥ်း၍ အွန်လိုင်း စနစ်ဖြင့်ရောင်းချနေသာ လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား မှတ်ပုံတင်လျောက်ထားခြင်း ဆောင်ရွက် ရန် နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန်ကြော်ငြာစာများ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များစသည်တို့ကို အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA (တနင်္သာရီ)

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိ သောကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင် များသို့ သွား ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ စစ်ဆေးရာ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ် အသား နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ခရိုင်ဦးစီး မှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့ သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ‌ဆေးနှင့်ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား တရားဝင်တင်သွင်းထားသော ဆေးဝါး များကိုသာ ဆက်လက်ရောင်းချသွားရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ