Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဟင်္သာကျွန်း အ-ထ-က ကျောင်းခွဲတွင် လူငယ်အသိပညာပေး ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျောင်းသားလူငယ်နှင့် အများပြည်သူများ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် စားသုံးသူအခွင့်အရေး နစ်နာမှုအတွက် ဖြေရှင်ဆောင်ရွက်ပေးသည့် တိုင်ကြားနိုင်သည့် နေရာများအကြောင်း ကိုသိရှိနိုင်ရန်အတွက် ညောင်တုန်းမြို့နယ် ရွှေဟင်္သာကျွန်း အ-ထ-က ခွဲ ကျောင်းတွင် ၂၁-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျောင်းသား ကျောင်းသူ ၃၅၀ဦးအား မိတ်ဖက်ဌာန များနှင့်အတူ အသိပညာပေးခဲ့ကြောင်း သိရသည်။

            အသိပညာပေးဟောပြောရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ကျောင်းသား/ ကျောင်းသူ  စားသုံးသူအခွင့် အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်သလို စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း၊ စားသုံးသူအနေဖြင့်ရော၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုပါက သက်ဆိုင်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သိလိုပါက ဆက်သွယ် မေးမြန်းနိုင်ကြောင်း စားသုံးသူအရေး ကိစ္စနှင့်ပတ်သက် ၍ မည်သည့်နေရာမှ သွားစရာမလိုပဲ မိမိနေအိမ်မှတဆင့် အလွယ်တကူ ခေါ်ဆိုနိုင်သော Call Center 1535 သို့နိုင်ကြောင်း ပြည်သူများ လုပ်ဆောင်တက်စေရန် လက်တွေ့ကူညီ ဆောင်ရွက်ခဲ့ ကြောင်း၊  မည်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို သိရှိနိုင်ရန်အတွက်   ဌာနမှ တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ဖြေရှင်းပြီးခဲ့သော ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်ကြား လို့ရသော နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

MSMEဖွံ့ဖြိုးတိုးတက်ရေး ရွှေကုလားကျွန်းဆီစက် ကွင်းဆင်းဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ဆောင်းသီးထွက်သီးနှံ စိုက်ဧက ၁၃၀၀၀ကျော် နှစ်စဉ်စိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံ ကြိတ်ခွဲရေး စက်မှုလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့်  MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့်အတွက် ဆီကြိတ်ခွဲစက် မှု လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနနှင့်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) အချိန်က ကွင်းဆင်းစစ် ဆေးဆောင် ရွက်ခဲ့ကြသည်။

      ဒေသတွင်း ဆီစားသုံးမှုဖူလုံနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်ပေါ် ကျေးရွာရှိ ရွှေကုလားကျွန်း ဆီစက်ပိုင်ရှင် ဦးကြည်ဝင်းနှင့် တွေ့ဆုံ၍ ဆီကြိတ်ခွဲလည်ပတ်မှု လုပ်ငန်း အခြေအနေများကို မေးမြန်းပြီး ဆီစက် လုပ်ငန်းများ ကြိတ်ခွဲလည်ပတ်မှု အခြေအနေနှင့် ကုန်ကြမ်းရရှိမှု အခြေအနေများကို မေးမြန်းပြီး ဒေသထွက် ဆောင်းသီးနှံ ဆီထွက်သီးနှံများ ထွက်ရှိလာမှုကို တစ်ပိုင်တစ်နိုင်ကြိတ်ခွဲခြင်းလုပ်ငန်းမှ စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို ဆွေးနွေးပြီး၊ လုပ်ငနး်ရှင်မှ ဒေသဆီထွက်သီးနှံ ထွက်ရှိမှု များပြားလာပါက ဒေသတွင်းစားသုံးရန် ဖူလုံမှုရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းဝယ်ယူရရှိမှု သက်သာစေနိုင်ကြောင်း၊ ယခုအနေဖြင့် ဒေသထွက် သီးနှံ နည်းပါး၍ အခြားဒေသထွက် ကုန်ကြမ်းများ ဝယ်ယူ ကြိတ်ခွဲလည် ပတ်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန် သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီကို မိမိအမှတ်တံဆိပ်ဖြင့် ရောင်းချ လိုပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏   ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရိုးကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရိုးကြီးကျေးရွာ အခြေခံညာ (အ.မ.က) ကျောင်း၌ ကျောင်းသာ၊ ကျောင်းသူ ၁၅၀ဦးအား အသိပညာပေးဟောပြောပွဲကို ၂၁-၁၁-၂၀၂၅ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် ‌အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်‌နွယ်နီမြင့်က သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်များ ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

    ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် အသိပညာပေး နယ်လှည့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့ပေါ်ရပ်ကွက်နှင့် ဈေးများအတွင်း အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် အမျိုးအမီး၊ အမျိုးသား သုံးအလှကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ၊ တားမြစ်အလှကုန်များ ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    တားမြစ်အလှကုန်များ ဓနုဖြုမြို့နယ် ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရန် စစ်ဆေး ဆောင်ရွက်ရာတါင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှတာဝန်ရှိ သူများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ် စားသုံးသူရေး ရာဦးစီး ဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၀၊ ၁၁၊ ၂၀၂၀) ရက်နေ့တွင် မြို့ပေါ်ရှိ စတိုးဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်း၍ သုံးစွဲရန်မသင့်ဟုထုတ်​ပြန်ထားသော အလှကုန်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးတွေ့ရှိခဲ့ရပြီး လုပ်ငန်း ရှင်များကို အလှကုန်နှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်မှု မရှိသော ကုန်စည်သုံးစွဲမိပါက ဘေးအန္တရာယ် ရှိသောဆိုးကျိုးအကြောင်းကို ရှင်းလင်းခြင်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်တာဝန်အကြောင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ဌာန၏ အမိန့်၊ ညွှန်ကြားချက်ကို ဆိုင်ရှင်များသိရှိနိုင်ရန် မှာကြားဆွေး နွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     (၂၀.၁၁.၂၀၂၀)ရက်နေ့ ‌နေ့လယ် (၁၄:၀၀)နာရီအချိန် တွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊  ရွှေတြိဂံဆေးဆိုင်၊ ဦးတင်အေးဆေးဆိုင်၊ ဦးခင်ငွေဆေးဆိုင်၊ ဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေ ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ဖော်ပြရမည့် ကုန်အညွှန်အမှတ် အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိမရှိ  ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     စစ်ဆေးရာတွင် ဦးခိုင်လွမ်းမိုး၊ စားသုံးသူရေးရာဦးစီးဌာနက အများပြည်သူများအား လုံခြုံစိတ်ချ ရသော ဆေးဝါးများရရှိနိုင်ရန် ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီသော တရားဝင်ဆေးများကို ရောင်းချရန်၊  သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချခြင်းမပြုရန်၊  မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှု နှင့်ကောင်းမွန်သော ဆေးဝါး ရောင်းချမှုကျင့်စဉ်(GPP)နှင့်အညီ ရောင်းချစေရန် ဆေးမှာယူရရှိမှု အခြေအနေများ၊ ဆေးများ ပြတ်လပ်မှု ရှိမရှိနှင့် ဆေးဈေးကွက် ဈေးနှုန်းအခြေအနေများကို ကြီးကြပ်စစ်ဆေး ခြင်းများဆောင် ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကလေးတစ်ကိုယ်ရည်သုံးပစ္စည်း အမျိုးမျိုး စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍  မြို့မဈေးအတွင်းရှိ ဦးတင်‌အေးဆိုင်၊ ဒေါ်တင်တင်အေး ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက် ပါရှိမှု ရှိ၊ မရှိ၊ အရည် အသွေး ပြည့်ဝမှု ရှိ၊ မရှိ၊ ကုန်အညွှန်အမှတ်အစားဖော်ပြချက် ကိုက်ညီမှု ရှိမရှိ အရည်အသွေး စံသတ်မှတ်ချက်များ ပြည်မှီမှု ရှိမရှိကို ကို ကွင်းဆင်းစစ်ဆေး၍ ရောင်းချသောလုပ်ငန်းရှင်များကို လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

    စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ နေ့စဉ်ဝယ်ယူ စားသောက်သုံးစွဲနေသည့် ကုန်စည်များကို ဦးစားပေးကုန်စည် ၁၀မျိုးသတ်မှတ်၍ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိစေရေးအတွက် အပတ်စဉ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းအဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

      (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဉီးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်  စစ်ဆေးရေးတာဝန်ရှိသူများသည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသည့် ရတနာစမ်းချောင်းလမ်း၊ ၁၃ရပ်ကွက်၊ ဓနုဖြူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် မအေးမိုး၊ Moe Collection လုပ်ငန်းမှ  အွန်လိုင်းမှတ်ပုံတင် စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စစ်ဆေးရေးအရာရှိမှ မြေပြင်စစ်ဆေးရန် သတ်မှတ်ချက်များအတိုင်း အမှန်တကယ်ရောင်းချမှုနှင့် လုပ်ငန်းအခြေအနေများကို စစ်ဆေးခဲ့ပြီး၊ စစ်ဆေးချက်နှင့် ကိုက်ညီကြောင်း တွေ့ရှိရပြီး၊ စစ်ဆေးမှု အခြေအနေများကို ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ပြုပြင်ထုတ်ပိုးထားသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသည့်ပြန်လည်ပြုပြင်ထုတ်ပိုးထားသော  အသင့်စားသောက်ကုန်စည်အမျိုး မျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာဖော်ပြခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ  ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချလျက်ရှိကြောင်း၊ ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၉.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိ ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့နယ် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်(တ)ရပ်ကွက်ရှိ ခွဲတမ်းရလက်လီကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်း ချပေးနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့် အကြိမ်ရေနှင့်ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ