Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်စေဖို့  အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကြစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ CICC ခန်းမ၌ (၂၂.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ရုံးချုပ်နေပြည်တော် ရုံးအမှတ်(၅၂)တွင် ကျင်းပပြုလုပ်သော စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ(၁/၂၀၂၅)တွင် တက်ရောက်ခဲ့သော  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဝန်ထမ်း(၂)ဦးမှ ဆင့်ပွားဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများကို အခြေခံသည့် စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအပေါ် တိုင်ကြားချက် လက်ခံခြင်း၊ ဖြေရှင်းဆောင်ရွက် ခြင်းများ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မှုနည်းလမ်းများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အာဆီယံနိုင်ငံများတွင် ဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများ၊ အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကနဦးပူးပေါင်း ဆောင်ရွက်မှု၊  မလုံခြုံသော စားသုံးသူထုတ်ကုန်အတွက် အမြန်သတိပေးစနစ်၏ အစီအစဉ်များ၊ လျင်မြန်စွာသတိပေး လှုံ့ဆော်မှုစနစ်နှင့် သတင်းအချက်အလက်ဖလှယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များ စသည့်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ (၂၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့် ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို  မြှင့်မားစေရန် ရည်ရွယ်၍ (၈/၂၀၂၅)ကြိမ် မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုအသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စီမံရေးရာဌာနခွဲမှ ဝန်ထမ်း(၂)ဦးက စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၆)မှ အခန်း(၁၄)ထိ ရှင်းလင်းဆွေးနွေးခဲ့ရာ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန် များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်နှင့် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးစသည့်အချက်အလက် များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ ခရိုင်ဦးစီးမှူးတက်ရောက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ (၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကျင်းပသောကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှုအခမ်းအနားသို့ ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

       အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ရာ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာနိုင် ကြောင်း၊ စာဖတ်မှသာ အသိဉာဏ်ဗဟုသုတများ၍ စဉ်းစာတွေးခေါ်နိုင်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင်လည်း စာဖတ်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း၊ စာဖတ်သည့် အလေ့အထရှိမှသာ သင်ကြားရေးတွင်လည်း အထောက်အကူပြုနိုင်ကြောင်း၊ ယခုအခါ ကလေးများ သာမက လူကြီးများပါ စာအုပ်ဖတ်ခြင်း အလေ့အထများ ပျောက်ကွယ် လုနီးပါးဖြစ်နေပြီး လူတိုင်း ကိုယ်စီ လက်ကိုင်ဖုန်းများကိုသာ ကြည့်နေကြကြောင်း၊ ဒါကြောင့် စာဖတ် ခြင်းသာမက သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုချင်းပါ ရင်းနှီးနွေးထွေးမှုများ ပျောက်ကွယ်နေကြောင်း၊ ခေတ်မီတိုးတက်နေသော IT ခေတ်မှာ တိုးတက်လာသောခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်နေသော်လည်းစာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊စာပေများကိုလည်း လေ့လာ ဖတ်ရှုစေချင်ကြောင်း ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  

     ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူ () ဦးနှင့်အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း” “Never Stop Learning Talk Show” ကျင်းပခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

အေးခဲအစားအစာအမှတ်တံဆိပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မေခနှင့် IVORY(မုန့်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်ရှိ အေးခဲအစားအစာ အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုမှမန္တလေးသို့ ပုံမှန်သွားလာရသည့် ကားလမ်းမှာပိတ်ထားပြီး ပတ်လမ်းမှလာရသောကြောင့် လမ်းခရီးကြာချိန်မှာ ပုံမှန်(၀၇:၀၀)နာရီကျော် ကြာမြင့်သည့်အတွက် အေးခဲအစားအစာများအား အအေးခန်းကားများဖြင့် သယ်ဆောင်လာသော်လည်း လမ်းခရီးကြာချိန်(၀၄:၀၀)နာရီကျော်ပါက အေးခဲအစားအစာများ အရည်ပျော်သွားပြီး  အရည်အသွေးပျက်စီးနိုင်သောကြောင့် ဆိုင်များမှမှာယူရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အေးခဲအစားအစာများ ရောင်းချမှုမရှိသော်လည်း ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ အေးခဲအစားအစာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေ သောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ ကန်သာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် အသိပညာပေးဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ် စတစ်မသုံးစွဲရေးနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၂၅.၈. ၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ကန်သာစျေးအတွင်း စျေးဝယ်သူပြည်သူများနှင့် စျေးရောင်းချသူဆိုင်ရှင်များအား စျေးတာဝန်ခံရုံး၌ ဖိတ်ကြား၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများ၏ အခွင့် အရေးများနှင့်တာဝန်များ၊ ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန် အညွှန်းအမှတ် အသားဆိုင်ရာ သတ်မှတ်ချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားပုံနည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ကင်ပွန်းတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကင်ပွန်း တောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်း သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ်အသားဆိုင်ရာသိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ် တိုင်းရင်းဆေးမှူးဒေါ်ခင်မေဦးက သန့်(၄)သန့်အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆေးက လူငယ်နှင့်ခေါင်းဆောင်အကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသောပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် တောင်တွင်းကြီးမြို့ပေါ်ရှိ KUU'S Choices အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊  အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ အွန်လိုင်းဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၇..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် Online စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချ ရာတွင် အွန်လိုင်းမှတ်ပုံတင်ရန်နှင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိမှသာ ရောင်းချရန်၊ အွန်လိုင်း မှတ်ပုံတင်၏ တာဝန်များအားလိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိသည့် လုပ်ငန်းရှင် များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှလည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် အချို့လုပ်ငန်းများတွင် အကောင့်အတုများဖြင့်ရောင်းချနေသောကြောင့် စားသုံးသူများနစ်နာရှုံးမှုဖြစ်ပေါ်၍ တိုင်းကြားရာ၌ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လိပ်စာမှန်ကန်မှုမရှိသဖြင့် စစ်ဆေးဆောင်ရွက်၍မရကြောင်း ကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ် ငန်းများတွင် အွန်လိုင်းမှတ်ပုံတင်ရရှိထားသော အလှကုန်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်၊ လက်ဝတ်ရတနာပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်၊ အခြားဝန်ဆောင်မှုများပေးသည့် လုပ်ငန်းရှင်၊ ဆေးဝါးကုသရေးသုံးပစ္စည်းများနှင့် ဖြည့်စွက်စာများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်၊ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်လုပ်ငန်းရှင်တို့အား  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ရောင်းချသည့် ကုန်စည် (သို့)ဝန်ဆောင်မှုတို့တွင် အာမခံချက်များရရှိမည်ဖြစ်ကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

     အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဖြစ်သော စားသုံးသူရေးရာဌာနခွဲမှ အကြီးတန်းစာရေး ဦးဝေယံဖြိုးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ E-Government တွင် သင်ကြားပို့ချခဲ့သော Advanced Microsoft Cources (Computer) အား ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် Mail Merge, Pivot Tables, Data Validation, VLOOKUP, Google Form ပြုလုပ် နည်းများနှင့် စပ်လျဉ်း၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း၊ သင်ကြားပို့ချခဲ့သည့် အကြောင်း အရာများအား သင်တန်းသား/ သင်တန်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ