Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(၉၁၂)ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မအူပင်မြို့နယ်၊ တလုပ်လပ်အနောက် ရှိ ဦးတင်မြင့်အောင် (၉၁၂) ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက်ကွင်း ဆင်းလေ့လာ စီစစ်ခြင်းကို (၁၉.၁၁.၂၀၂၅) ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် (၉၁၂) ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင် ရွက်နိုင်ရန် နည်းလမ်းကောင်းများကိုဆွေးနွေးပြီး ဆန်စက်တွင် စပါးတင်းရေ(၂၅၀၀၀)၊ ဆန် (၁၅၀၀) အိတ်သိုလှောင်ထားရှိကြောင်း၊ တစ်နေ့လျှင် စပါးကြိတ်ခွဲမှု တင်း (၁၀၀၀)နီးပါး ကြိတ်ခွဲကြောင်း၊ စပါးဆန် သိုလှောင် ထားရှိကြောင်းနှင့်လုပ်ငန်းရှင်တို့၏ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် အမှတ်()ရပ်ကွက် ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘုရားလမ်းရှိ  မုန့်ဆိုင်များတွင်  Thai  Fruits  သံပုရာပေါင်းဗူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းသိရှိရပြီး ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှု ပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖားကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

     (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂:၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖား ကျောင်းတွင်ရှိသော  ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းမုန့်ဈေးတန်း ကြီးကြပ်ရေးကော်မတီဆရာမများနှင့် အတူ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချထားသော မုန့်များတွင် သတ်မှတ်ထား သော ကုန်အညွှန်းအမှတ်အသားများပါရှိသော မုန့်များရောင်းချစေရန်နှင့် ကျောင်းသားကျောင်းသူများ အား အန္တရာယ်ကင်းစေသော မြန်မာ့ရိုးရာမုန့်များကို ဦးစားပေးရောင်းချရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖားကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    (၁၉.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀;၀၀) အချိန်တွင် ရေကြည်မြို့နယ်၊ အ.လ.က ကျုံဖား ကျောင်းတွင်ရှိသော  ကျောင်းသား၊ ကျောင်းသူ (၁၈၆) ဦးတို့အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာ ပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်သည် စားသုံးသူ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ကြောင်း သိရှိ ရပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန် ပေါင်မုန့်၊ ကိတ်မုန့်များ ရောင်းချခြင်းရှိ/မရှိ ရေသန့်ဗူးများ အချိုရည်များအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စွာ ထားရှိမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ မြန်မာတိုင်းဆေးရောင်းချလျက်ရှိသော ချိုချိုမွှေးဆေးဆိုင်သို့   ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မြန်မာတိုင်းရင်းဆေးများ ရောင်းချသော ချိုချိုမွှေးဆေးဆိုင်သို့ သွားရောက်၍ ဆိုင်တွင်ရောင်းချသော မြန်မာဆေးများတွင် FDA ထောက်ခံချက်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ မြန်မာဆေးများသည် အများအားဖြင့် အမှုန့်များဖြစ်သောကြောင့် မှိုတက်ခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအာဟာရ ဖြည့်စွက်စာများအား  ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မြတ်မေတ္တာဆေးဆိုင်သို့ သွားရောက်၍ Dupro ကလေးအာဟာရဖြည့်စွက်စာ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ၊  ကလေးများအတွက် ဘေးထွက်ဆေးကျိုးရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆေးဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် Ma Nann အလှကုန်ပစ္စည်းအား မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး မှူးသည် ၁၇.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် တိုက်အမှတ် (၂၇)၊ ဥမ္မာဒန္ဒီအိမ်ရာ၊  ပုသိမ်မြို့ရှိ Ma Nann အလှကုန်ပစ္စည်းအား  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ရပ်ကွက်ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင်ထားသော ကုန်စည်၊ ဝန်ဆောင်မှု ကိုက်ညီမှုရှိ/ မရှိနှင့် အခြားအချက်အလက်များ ပြည့်စုံမှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

 (DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ငပုတော မြို့နယ် မြို့မဈေး မိဆုဆိုင်တွင်  ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေး မိဆုဆိုင်တွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ သုံးစွဲသူဘေးအန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာန မှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ကြရန်နှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသည့် Baby Mild ကလေးပစ္စည်းများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် မိဆုကုန်မျိုးစုံ ရောင်းချသောဆိုင်အား အသိပညာပေးဆွေးနွေး ခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ