Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့နယ်ရှိ အထူးထိမ်းချုပ်ဆေးဝါးများလက်လီ‌ရောင်းချခွင့်လိုင်စင် လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံးအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့ (၁၀၀၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင် ကောင်းသွယ်ပုဂ္ဂလိက ဆေးရုံများနှင့်တွဲလျက်ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးခဲ့သော အဆိုပါဆေးရုံမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ၊ သာမန်ထိန်းချုပ်ဆေးဝါး လက်လီရောင်းချခွင့်လိုင်စင်(အသစ်)လျောက်ထားလာသည့် ဆေးရုံဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  နံနက် (၁၁း၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ စတိုးဆိုင်များ၊  Super Market များအတွင်း ရောင်းချလျှက်ရှိသော အရန်သင့်နှင့်အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။           

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြို့မစျေးများအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ဟင်းလျာ များချက်ပြုတ်ရာတွင် အရောင်၊ အနံ၊ အရသာအတွက် အသုံးပြုသော ပစ္စည်းများအား စစ်ဆေးခဲ့ပါ သည်။

    ထိုသို့စစ်ဆေးရာတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် ပါဝင်ပစ္စည်းများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိ မှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အလေးချိန်အချိန်တွယ်နှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

   မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  MyRO တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးမှ MyRO တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ MyRO  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို MyRO တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ မှ သာစည်မြို့နယ်ရှိ ငလျင်ဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ရရှိသည့် ဆန်ရိက္ခာ တစ်လစာ အား ၅-၇-၂၀၂၅ ရက်နေ့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ သာစည်မြို့နယ်ရှိ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများ အတွက် ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၆-၇-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ ဥက္ကဌများ တက်ရောက်ခဲ့ကြောင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုရှိ ပြည်သူ (၁၉၄၀)ဦး တို့အား ဆန်ရိက္ခာ တစ်လစာထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်

      ၁၀.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူ ပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့်တက်ရောက်ခဲ့သည်။

      ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်း ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးကြည်က ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူမည့် မေးခွန်းလွှာ ပုံစံများ (Questionnaire) Update ဖြင့်ရှင်းလင်းခြင်း ဆင့်ပွားသင်တန်းအကြောင်းသိကောင်း စရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၁၄.၇.၂၀၂၅ ရက်‌နေ့ နံနက် (၁၀:၀၀) နာရီအချိန်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ရွှေဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

    သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးက သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကို လက်တွေ့နယ်ပယ်၌ ပြန်လည် အသုံးချကာ မိမိတို့မိသားစုနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်အသုံးချပြီး ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြရေး အမှာစကား ပြောကြားပြီး ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။

     အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Scrub နှင့် ဆပ်ပြာခရင်မ် အမျိုးမျိုးတို့ကို ၇ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း အခြေခံသင်တန်းပြီးစီးပါက မွမ်းမံသင်တန်းကို ၇ ရက်ကြာ ထပ်မံသင်ကြားပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ထူးချွန်ပြီး လုပ်ငန်းထူထောင် လိုသူတို့အားရွေးချယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

    ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ဆန်စက် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့သည်။

   အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သာစည်မြို့နယ်တွင် ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြပွဲ ကျင်းပပြုလုပ်

    ၃-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့ အ.ထ.က(၁)တွင် သဘာဝဘေးအန္တရာယ် စိမံခန့်ခွဲမှု အဖွဲ့မှ ဦးဆောင်၍ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ် ကြက်ခြေနီနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ငလျင်ဇာတ်တိုက်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူသရုပ်ပြပွဲ အစမ်းလေ့ကျင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ၆-၇-၂၀၂၅ ရက်နေ့တွင် သရုပ်ပြပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။

    အဆိုပါအခမ်းအနားတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အ.ထ.က (၁) သာစည် မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၃၂၀ ဦး တက်ရောက်ခဲ့ကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်

    ၃-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူးမှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများအားလုံးပါဝင်သောအဖွဲ့သည် သာစည်မြို့နယ် ၊ မိတ္ထီလာ-တောင်ကြီး ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် ၁၈/၀ မှ ၁၈/၁ အတွင်း မြန်မာအမျိုးသမီးများနေ့ အား ဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

    အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အရိပ်ရနှစ်ရှည် ပျိုးပင်များကို အမျိုးသမီးရေးရာအဖွဲ့သို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးအရာရှိက မြို့နယ် မိခင်နှင့်ကလေး စောက်ရှောက်ရေးအသင်းတို့ထံသို့လည်းကောင်း ပေးအပ်ခဲ့ပြီး အရိပ်ရနှစ်ရှည်ပင်ဖြစ်သော တမာမင် ၃၀၀ အား စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ