Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)ကျပ် အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

       ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဒေါ်ချိုချို ပိုင် “ငွေရတနာအောင်” ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် များကို ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 (၄)ရပ်ကွက်(အ.မ.က-လွန်) အလယ်ပိုင်းကျောင်းရှိ ကျောင်းသူ/သားများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် ()ရပ်ကွက်၊ (..က- လွန်) အလယ်ပိုင်းကျောင်းရှိ ကျောင်းသူ/သားများအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်/ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုလိုက်နာရမည့် အချက်များနှင့် စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ကုန်အညွန်း အမှတ်အသား ဖော်ပြခြင်း ဆိုင်ရာများ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများ ရှိပါက လူကိုယ်တိုင် တိုင်ကြားနိုင်ကြောင်းနှင့် Call Center (1535) မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ (၆)ရပ်ကွက်ရှိ၊ ဒေါ်အေးမြိုင်ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် (၆)ရပ်ကွက်ရှိ ဒေါ်အေးမြိုင်ဆန်စက်သို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့တွင် ထုတ်ကုန် လုံခြုံစိတ်ချရမှု့ ရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် online မှတ်ပုံတင်ထားရှိမှု၊ ဆန်စက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆန်စပါးအရည်အသွေး ပြည့်မီစေရေး၊ စက်ကိရိယာနှင့် ပတ်သက်၍ နည်းစနစ်သစ်များ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ် ကြိတ်ခွဲမှု ရှိ/မရှိ၊ ဆန်၊စပါးဈေးနှုန်း/ဈေးကွက်  တည်ငြိမ်စေရေး၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မီစေရေး၊ ထုပ်ပိုးမှု အခြေအနေများ၊ ဆန်/စပါးသက်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစိစစ်ခဲ့ပြီး ဆန်စက်ရှိသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။

          ၂၁.၈.၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စတား ပေါင်မုန့်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်မှ ၎င်းထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိစေရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားမှုတွင် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ကုန်စည်နှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော ကုန်စည်များကို သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိ၊ ဘေးအန္တရာယ် ရှိ/မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက် ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက်လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာ၍ စားသုံးသူများဘေးအန္တရာယ်သည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း ဆွေးနွေးအသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

MyRO တွင်မှတ်ပုံတင်ထားသည့် တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်လျှောက်ထား

          မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိရာ(၂၂.၈.၂၀၂၅)ရက်နေ့တွင် အမှတ်(၈)ရပ်ကွက်ရှိ ဆန်သိုလှောင် ပိုင်ရှင်ဦးဝင်းမောင်သည် ၎င်း၏သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက် တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးက သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့ (အ.လ.က -၂ ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ဒေါ်အေးသီတာဇော်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် (အ.လ.က-၂)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၄၃၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်း၊ ကျောင်းသူ/သားများသည်  ဘေးအန္တရာယ် ကင်းရှင်းစေရေး၊  ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် စိတ်ကျေနပ်မှု ရရှိစေရေးအတွက်  ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ ကြည့်၍ ဝယ်ယူရမည် ဖြစ်ကြောင်း၊  ဝယ်ယူသည့် ကုန်စည်/ဝန်ဆောင်မှု့ အတွက်  လက်ခံပြေစာ ယူဆောင်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့် စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊၁၅၃၅သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့ ကမ်းနားလမ်းရှိ၊ မိဘမေတ္တာ ဆန်စက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ (၁၉)ရက်နေ့တွင် ဒေးဒရဲမြို့  ကမ်းနားလမ်းရှိ၊ မိဘမေတ္တာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်/စပါး အရည်အသွေးနှင့် ဈေးနှုန်း၊ဈေးကွက်အခြေအနေ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုနှင့် ခေတ်မီစက်ကိရိယာများ တပ်ဆင်မှု အခြေအနေ၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကိုလည်းကောင်း၊ မေးမြန်းဆွေးနွေးခြင်း၊ ဆန်စက်လုပ်သားများ လုပ်ခလစာပေးအပ်မှုနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်မှုရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ လုပ်ငန်း လည်ပတ်လျက် ်ရှိကြောင်း တို့ကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ “ရွှေမင်း” ပူတင်းပေါင်မုန့်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စိစစ်

      စားသုံးသူရေးရာဦးစီးဌာနမှ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် (၉) ရပ်ကွက်ရှိ “ရွှေမင်း” ပူတင်းပေါင်မုန့်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

     “ရွှေမင်း” မုန့်မျိုးစုံ လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ် (၆၅၀) ထုတ်လုပ်နိုင်ပြီး ပါဝင်ပစ္စ္စးများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်၊ ဆား တို့ဖြစ်ပါ သည်။ မုန့်တစ်ထုပ်လျှင် (၁၃၀၀) ကျပ်နှုန်းဖြင့် လက်ကားရောင်းချပေးလျက်ရှိပါသည်။လုပ်သားဦးရေး(၄) ဦးခန့်ရှိပြီး လုပ်ခ နှုန်းထား အနေဖြင့် နေ့တွက်စရိတ် (၈၀၀၀) ကျပ်နှုန်း ပေးရပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ကဒုံဧရာ၊ မြင်းကကုန်း ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ထုပ်ပိုးမှုနည်းစနစ်များနှင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်မှု အခြေအနေများကိုပါ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ