Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအား စနစ်တကျကြပ်မတ်ဆောင်ရွက် အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဇော်မင်းက မအူပင်ခရိုင်ရုံးဝန်ထမ်းများအား အထက်ဌာန’ လမ်းညွှန်ချက်များကို တိကျလိုက်နာဆောင်ရွက်တက်စေရန်နှင့် မိမိပတ်ဝန်းကျင်နှင့် ရုံးများ မိမိတို့နေအိမ်များတွင်လည်း ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လိုက်နညဆောင်ရွက်တက်စေရန် ဝန်ထမ်းများ စုပေါင်း၍ အမှိုက် စနစ်တကျစွန်ပစ်နိုင်ရေးကို စီမံဆောင်ရွက်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။

     လုပ်ငန်းဆောင်ရွက်ရာတွင် မအူပင်ခရိုင်းရုံးအတွင် ရုံးအသုံးအဆောင် ပစ္စည်းများကိုင်တွယ် သုံးစွဲသည်အခါတွင်လည်းကောင်း၊ မိမိတို့အသုံးပြုသော အမှိုက်များကို အမျိုးအစားအလိုက်ခွဲ၍ စနစ်တကျစွန်ပစ်တက်ရန် အမှိုက်အစို၊ အခြောက်ခွဲခြားစွန်ပစ်ရန်၊ ပုလင်းခွံများကို ခွဲခြား၍ အမှိုက်ကျဉ်းပြုလုပ်ကာ စွန့်ပစ်ရန်၊ သတ်မှတ်စည်ပင်အမှိုက်စွန်ပစ်နေရာတွင် အမှိုက်ပစ်ခြင်းကို နေ့စဉ် သတ်မှတ်၍ အလှည့်ကျစွန်ပစ်ရန်၊ အမှိုက်ပုံး၊ အမှိုက်ခြင်းများ ရုံးသတ်မှတ်နေရာထားရှိထားရန်၊ အမှိုက်အပစ်ရ နေရာစာတမ်းချိတ်ဆွဲထားရန် တို့ကို လူတစ်ဦးခြင်းမှ ၊ အိမ်ထောင်စု တစ်ခုစာနှင့် ရုံးဝန်တစ်ခုစာ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်တက်မှသာ မြို့နယ်များ သန့်ရှင်းသာယာလှပမည်ဖြစ်ကြောင်း မအူပင်ခရိုင်ရုံးဝန်ထမ်းများကဘည်း စနစ်တကျအမှိုက်ပစ်စနစ် မှန်ကန်ရေး လုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် ဒေသတွင်းရောင်းချနေသော စက်သုံးဆီများ အလေးချိန်ပြည့်ဝမှု ရှိစေရေးနှင့် သတ်မှတ်စက်သုံးဆီအလိုက် စံနှုန်းကိုက်ညီမှု ရှိစေရန် စက်သုံးဆီရောနှောမှု မရှိစေရေးကို စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်းကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ၆-၅-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်စစ်ဆေးခဲ့ကြပြီး ညောင်တုန်မြို့နယ် ရန်ကုန် -ပုသိမ် ကားလမ်းဘေးတွင် ဖွင့်လှစ်ရောင်းချနေသော Ok၊ MAX၊ အောင်ထက်လင်း၊  ATM ၊ UTT၊ တော်ဝင်သူ၊ ရွှေတံတား၊ ပေါက်ပေါက်ပွင့်၊ ကျော်စံ စသော စက်သုံဆီအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခဲ့ရာ မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအားသွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့် လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်း ထက်မြှင့်တင် ရောင်းချခြင်းမပြုရန်၊ မီးဘေးလုံခြုံရေးအထူးသတိပြုလိုက်နာဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

    ထို့နောက် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအလိုက် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီဘေးကြိုတင်ကာကွယ်ရေးပစ္စည်များ စနစ်တကျစီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားခဲ့သည်။ မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များက ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ ဘိလပ်မြေ အရောင်းဆိုင်များအား ပစ္စည်းလက်ကျန်နှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ ကွင်းဆင်းစစ်ဆေး

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဘိလပ်မြေစျေးမြှင့်ပြီးရောင်းချသည့်  အရောင်းဆိုင်များရှိပါက ထိရောက်စွာ  အရေးယူရန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ (၆-၅-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီက အပါတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲံ၊ ဆောက်လုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် စျေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ တရားဝင်ဖြန့်ဖြူးရောင်းချထားသော အိမ်ဆောက်ပစ္စည်းများ ဟုတ်/မဟုတ်၊ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ကုန်ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြနိုင်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မအူပင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် စစ်ဆေးရေးအဖွဲ့တို့က ဘိလပ်မြေ အရောင်းဆိုင် (၈)ဆိုင်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့ပေါ်ရှိ စက်သုံးဆီများရောင်းချနေသော ဆီဆိုင်(၇)ဆိုင်အား  ၅-၄-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက ဓနုဖြူမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထို့သို့ စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  သက်ဆိုင်ရာတာဝန်ရှိသူများက ဓနုဖြူမြို့ မြို့ပြင်တွင်ရောင်းချနေသာ ရှိ စက်သုံးဆီဆိုင်များတို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင်ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသောက်ကုန်လုပ်ငန်းများ၏ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    မအူပင်ခရိုင် ၊ မအူပင်မြို့နယ်တွင် စားသောက်ကုန်ရောင်းချသော လုပ်ငန်းများ၏  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ မအူပင်မြို့နယ်အတွင်း စားသောက်ဆိုင်လုပ်ငန်း(၁၂)ဆိုင်သို့ (၅-၄-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသောက်ဆိုင် လုပ်ငန်းနှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုလုပ်ငန်းများကို စစ်ဆေးခဲ့သောဆိုင်များမှာ ရွှေကောင်းကြွယ်၊ အကောင်းစား၊ Top၊ BKK 1-2-3၊ ရွက်မွန်၊ ရွှေကံကော်၊ အမေ့အိမ်၊ ခေတ်မှီ၊ ချမ်းမြေ့ စာသောစားသောက်ဆိုင်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး   ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များအကြောင်းကို ရှင်းလင်း ဆွေးနွေးပြီး စားသောက်ဆိုင် ရောင်းချနေသာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိကို စစ်ဆေးရေးအရာရှိက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးတွေ့ရှိချက် အချက်အလက်များကို အများပြည်သူများ သိရှိနိုင်ရန် အသိပေးကြေငြာခွင့်ရှိသဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းနှင့် သန့်ရှင်းသော စားသောက်ဖွယ်ရာများကို အများပြည်သူ စိတ်ကျေနပ်မှုရှိစွာ ရောင်းချနိုင်ရေး အထူးဂရုပြုရောင်းချရန်၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးချက်များကို လစဉ် ဂရုပြုစစ်ဆေး ဆောင်ရွက်ပေးရန်တို့ကို အသိပေးပြောကြားခဲ့ပြီး ဝန်ဆောင်မှု မကောင်းမွန်ပဲ စားသုံးသူစိတ်ကြေနပ်မှု မရှိစေပဲ ရောင်းချခြင်းမျိုးတိုင်ကြားခံရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာမှု မရှိပါက ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဆိုင်များအား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာကျပ် ၆,၆၂၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာဈေးနှုန်းများဆက်တိုက်ကျဆင်းလျက်ရှိ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည် ၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင် ရွက်လျက်ရှိသည်။

    ပြည်ပမှစားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်း ဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊မေလ ၁၂ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆,၆၂၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသိပေးထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။

    ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

    စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။    စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာ နိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီ တစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာလက်ကားရည်ညွှန်းဈေးနှုန်းမှာ လည်း အဆိုပါ ၄ လတာကာလအတွင်း ၆၆၀ကျပ် ကျဆင်းလာကြောင်း သိရှိရပါသည်။

သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်း အစီအစဉ်

သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချခြင်း အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် တပေါင်းကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းပါးအပ်ပါသည်။

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင် ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဧပြီလ (၂၈)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်မျာအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဆေးဆိုင်များအား စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ အခြေနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA (မန္တလေး)

မိတ္ထီလာမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်  မိတ္ထီလာမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ အား ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် အိမ်ရိုက်သံ ၁လက္မအသေး တစ်ပိဿာလျှင် (၉၃၀၀)ကျပ်၊ အိမ်ရိုက်သံ ၂လက္မမှ ၄လက္မ တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ သံချောင်း(သုံးမူး) တစ်ပိဿာလျှင်(၁၄၆၀၀)ကျပ်၊ သွပ်ရိုက်သံ ၂လက္မ၊ ၂ ½ တစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ သံချောင်း ½’ နီးပါး တစ်တန်လျှင်( ၁၄၆၀၀၀၀) ကျပ်၊ သံချောင်းလုံး ½ (4JY) တစ်တန်လျှင် (၁၈၂၀၀၀၀)ကျပ်၊ Hollow သံချောင်း thick 1.2 mm တစ်ချောင်းလျှင် (၂၈၃၀၀)ကျပ်၊ U Bean (လတ်) ၁လက္မလျှင် (၈၀၀၀၀)ကျပ်၊ I Bean (လတ်) 5-2 ½ ၁လက္မ လျှင် (၁၄၅၀၀၀)ကျပ်၊ သွပ်ပြား(လိုင်းပါ) အပါး (ဆင်တံဆိပ်) တစ်ပေလျှင် (၁၂၈၀)ကျပ်၊   သွပ်ပြား(လိုင်းပါ) အလတ် (ကြယ်စိမ်းတံဆိပ်) တစ်ပေ လျှင် (၁၆၀၀)ကျပ်၊ သွပ်ပြား (လိုင်းပါ)အထူ (ကြယ်စိမ်း တံဆိပ် ) တစ်ပေလျှင် (၁၆၈၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.3mm တစ်ပေလျှင် (၁၆၀၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.32mm တစ်ပေလျှင် (၂၃၀၀/၂၅၀၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.36mm တစ်ပေလျှင် (၂၉၅၀)ကျပ်၊ သွပ်ပြား(4- Angle )thick- 0.42mm တစ်ပေလျှင် (၃၈၅၀)ကျပ်၊ ခေါင်အုပ်သွပ် thick- 0.3mm   တစ်ပေလျှင် (၁၀၅၀/၁၁၀၀)ကျပ်၊  ခေါင်အုပ် သွပ် thick- 0.32mm   တစ်ပေလျှင်  (၁၂၀၀/ ၁၄၈၀) ကျပ်၊ ခေါင်အုပ်သွပ် thick- 0.36mm   တစ်ပေလျှင် (၁၃၅၀)ကျပ်၊ ခေါင်အုပ်သွပ် thick- 0.42mm   တစ်ပေလျှင် (၂၀၅၀)ကျပ်၊ ခေါင်အုပ်သွပ် ၃/၄’’ to ၂’’ တစ်ပိဿာလျှင် (၁၁၀၀၀/၁၁၅၀)ကျပ်၊ ခေါင်အုပ်သွပ် ၂’’ အထက် တစ်ပိဿာလျှင် (၁၁၀၀၀/၁၁၅၀၀)ကျပ်၊ အပါချီ (50) kg တစ်အိတ်လျှင် (၁၉၈၀၀/ ၂၁၀၀၀ ) ကျပ်၊ ကြံ့နှစ်ကောင်(50) kg  တစ်အိတ်လျှင်(၂၆၀၀၀/၂၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင် မတ်လ နှင့် ယခုဧပြီလ ကာလတူ နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်းနှင့် လုပ်ငန်းရှင်များအား ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင် ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

စျေးကွက်အတွင်းရေရှည်ရပ်တည်နိုင်ရေး ပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၀-၄-၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် တောမကျေးရွာ၊ ကားလမ်းဘေးရှိ သီရိမုန့်တီလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်ကြမ်းအဖြစ် ဆန်ကြမ်း (ငစိန်) ဆန်၊ ပေါ်ဆန်း (ဆန်အလတ်) တို့ကို အသုံးပြုရကြောင်း သိရှိရပြီး၊ ဆန်းကြမ်းတစ်အိတ်လျှင် (၅၅၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆလပ်)တစ်အိတ် လျှင် (၆၀၀၀၀) ကျပ်ဖြင့် ဝယ်ယူရပါသည်။ မုန့်တီဖက်ပြုလုပ်ရာတွင် ဆန်ကိုရေစိမ်၍ တခါစိမ်လျှင် သုံးအိတ်၊ သုံးရက်ကြာစိမ်ထားပြီး ကြိတ်ရ၍ ရရှိလာသည်များကို နှစ်ရက်ခန့်ထပ်ထားပြီးမှ စက်ထဲ ထည့်ပြီးရိုက်၍ ပြန်လည်ပြုတ်ရကြောင်း၊ ပြုတ်ပြီးလျှင် စက်ပြန်ရိုက်၍ အနှစ်ရလျှင် ရေနွေးထဲကိုလက် ဖြင့် ညှစ်ထည်၍ ပြန်ဆယ်ပြီးလျှင် ရေအေးထဲထည့်ကာ မုန့်တီရရှိပါကြောင်း သိရှိရ၍ ဆန် သုံးအိတ်ကြိတ်လျှင် အချိန် (၁၅၀) မှ (၂၀၀) ထိ ထွက်ရှိပြီး မုန့်ဖက် တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ တစ်လတွင် လေးကြိမ်စိမ်ရ၍ ရေသန့် (၃)ဘူးမှ (၁၀)ဘူးထိ အသုံးပြုရပြီး မိတ္ထီလာမြို့နယ်အတွင်းသာ ရောင်းချ သော မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။

          မြန်မာလူမျိုးများအနေနှင့် နေ့စဉ်နံနက်၊ အဆာပြေစာအဖြစ် မုန့်တီ၊ မုန့်ဟင်းခါးတို့ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိရာ မုန့်ဖက်ပြုလုပ်သောလုပ်ငန်းများအနက် မိတ္ထီလာမြို့နယ်ရှိ သီရိမုန့်ဖက်မှာလည်း အရောင်းသွက်သောလုပ်ငန်းဖြစ်ကြောင်းသိရသည်။

          လူတိုင်းနေ့စဉ်နှစ်ခြိုက်စွာ စားသုံးသောအစားအစာဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ဘေးအန္တရာယ်ကင်းသော၊ လုံခြုံစိတ်ချရသော အစားအစာအဖြစ် စျေးကွက်တွင်ရေရှည် ရပ်တည်နိုင်ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ