Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ပလိပ်မြို့ပေါ်ရှိ ငွေပင်လယ် စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ပလိပ်မြို့ပေါ်ရှိ ငွေပင်လယ် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရ မည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီများအား Parking ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏ အသားတင် ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာ ဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချ သည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ပလိပ်မြို့ပေါ်ရှိ ကျော်ကျော်မင်း စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ပလိပ်မြို့ပေါ်ရှိ ကျော်ကျော်မင်း စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) အားလိုက်နာရ မည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီများအား Parking ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏ အသားတင် ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ ဆောင်ခကုန်ကျစရိတ်များပေါင်းပြီး ၂ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့ပေါ်ရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့ပေါ်ရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) အားလိုက်နာရမည် ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့်ဟင်းသီးဟင်းရွက်ဆီများအား Parking ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုဖော်ပြရ မည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့်အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ၊ အဲ့ဗျကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ တက်ရောက် လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ၊ ကျေးရွားသားများအား စားသုံးသူအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး စတားပဲကြော် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စတားပဲကြော် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စတားပဲကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး GOLEN GODZILLA အချိုရည်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ GOLEN GODZILLA အချိုရည်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် GOLEN GODZILLA အချိုရည်လုပ်ငန်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါအချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့်၄င်းအချက် အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့်ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင် သတိပေးချက် တို့အား မြန်မာဘာသာ ဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေဝဝပေါင်မုန့် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရွှေဝဝပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှု ရှိစေရေး၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေဝဝ ပေါင်မုန့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ၊ ထားသို သိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၁၁)ရက်နေ့တွင် မြစ်သားမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သီတာအောင် (ဦးစီးအရာရှိ)က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊မြစ်သားမြို့နယ် တာဝန်ခံ ‌ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၌ စားသုံးသူအခွင့် အရေး (၈)ချက်ရှိပါကြောင်း၊ ၄င်းအချက်များအနက် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ အား သတင်းအချက်အလက်များပြည့်စုံမှန်စွာသိရှိခွင့်နှင့်စားသုံးပြီးပါက ပြေစာ(သို့) အထောက် အထား များအားရမှာဖြစ်ကြောင်း၊ အစားအသောက်ကိုင်တွယ်ရောင်းချသူများ သတိပြုလိုက်နာရန် အချက် များမှသန့်ရှင်းလတ်ဆက်သော အစားအစာများကို ရောင်းချစေရေး ၊ အစားအသောက် ကိုင်တွယ် ပြင်ဆင်သူသည် မိမိ၏တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်နှင့် ရက်လွန် အစား အသောက်များအား ရောင်းချခြင်းမပြုလုပ်ရန်၊ အစားအသောက်များကိုင်တွယ်ရာတွင် တစ်ခါသုံး လက်အိတ်ကိုအသုံးပြုရန်နှင့် ၊ အစားအသောက်ကိုင်တွယ်ရောင်းချသူများအနေဖြင့် ကျန်းမာရေး ဆေးစစ်ချက်များခံယူရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

    မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာ ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၁၁) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့၊ တောက်ပရစ်ဘုရားကွင်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော  မဲသား တစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဝတ်သား တစ်ပိဿာလျှင်(၂၆၀၀၀/-)ကျပ်နှုန်းဖြင့်(၂၀)ပိဿာ၊ငါးမြင်းတစ်ပိဿာလျှင်(၈၀၀၀/-)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဆန် (၁) ပြည် လျှင် (၃၅၀၀/-)ကျပ်နှုန်းဖြင့် ၂၄ပြည်အိတ်(၂)အိတ်၊ခရမ်းချဉ်သီး(၁)ပိဿာလျှင်(၂၈၀၀/-)ကျပ် နှုန်းဖြင့် ပိဿာ(၂၀ )၊ ဆီ(၁)ပိဿာ လျှင်(၇၂၀၀/-)ကျပ်ဖြင့် (၁၁၀)ပိဿာ၊ ကြက်ဥ(၁၀)လုံးလျှင်(၄၀၀/-) ကျပ်ဖြင့် အလုံး(၂၀၀)ရောင်းချ ပေးခဲ့ပြီး ပြည်သူ့သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အပတ်စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ