Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လျှောက်ထားခြင်းအား အသိပညာပေးဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ၁၄ ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာနခရိုင်ဦးစီးမှူးရုံး၌အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထား ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ သတင်းအချက်လက်နည်းပညာနှင့် အရည်အသွေးစီ မံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရ မည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာ( လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ(နေထိုင်ကြောင်းဖြစ် ရန်)၊ ရဲစခန်း ထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၌ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ရောနှောဆီအပါအဝင် စားသုံးဆီ အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်စည်အုပ်စု()ခုတွင်ပါရှိရမည့်အချက်အလက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(/၂၀၂၁)နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်အမှတ်(/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေး နွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖျာပုံမြို့နယ်အတွင်းရှိ “ဝ”တစ်လုံး ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန် အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကို အခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ဝ”တစ်လုံး ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

     ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ဘိလပ်မြေထုတ်လုပ်နေသည့် စက်ရုံများနှင့်ဘိလပ်မြေရောင်းချနေသည့် ဆိုင်များအား (၁၃.၁၀.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်း ဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီး မြှင့်မှုရှိ/မရှိ ကွင်းဆင်းစုံစမ်းရာတွင် မြေပြင် တွင် ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း  သိရှိရပါသည်။

      ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ဆင်နီ (SCG)  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈၅၀ ကျပ်ရှိပြီး ယခုလတွင် ဘိလပ်မြေအမှတ် တံဆိပ် ဆင်နီ (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၁၂၅ ကျပ် ဖြစ်ပေါ် လျက်ရှိပြီး၊ ယခင်လ ဘိလပ်မြေ အမှတ်တံဆိပ် ကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၃၈၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၇၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက စျေးနှုန်း ကျဆင်းလျက်ရှိကြောင်းသိ ရှိရပါသည်။

DOCA (တနင်္သာရီ)

ပခုက္ကူမြို့၊ အမှတ်(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစား ပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းမုန့် ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အညီပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချ နေသည့် လုပ်ငန်းရှင်များအား  သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေး လုပ်ငန်း ရှင်များ၏ တာဝန်၊ ပြစ်မှုပြစ်ဒဏ် များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)       

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း ဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည် ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စာဖတ်သူ ပြည်သူများအား ကုန်အညွှန်းအမှတ် အ သားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးရာတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စာဖတ်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာ ရမည့်အချက်များအပြင် ကုန်အညွှန်းအမှတ်အသားအဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံ စွာပါရှိစေရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ကော့သောင်းမြို့နယ် ဆန်လှေ‌ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်(၄၅၁)တန်၊ (၉၀၀၀)အိတ် အား  MV ‌Arthar Wati သင်္ဘောဖြင့်(၁၃.၁၀.၂၀၂၅)ရက်နေ့တွင် ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်း သိရှိရပါသည်။

      အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင် သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ် သောဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော အောက်တိုဘာလ ဦးဆုံးပတ် စားအုန်းဆီ (၅၆)ပေပါအား ယာဉ်အမှတ် 7S/2124 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်း မြို့သို့ (၁၀.၁၀.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဖျာပုံမြို့နယ်အတွင်းရှိ “သီတာညွန့်” ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန်အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကိုအခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “သီတာညွန့်”ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအားသွားရောက်စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီ လက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များ နှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်း ချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသို လှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ