Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့(၁၇)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့်အခြေခံစားသောက်ကုန်များရောင်းချပေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊နံနက်(၈:၀၀) နာရီအချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင်  အခြေခံစားသောက်ကုန်များကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

     အဆိုပါ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ဝက်သား(၂၀)သား တစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက်သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများဝယ်ယူမှု  များခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ မြို့မဈေးကြီးအတွင်း ကုန်အမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေး

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၀-၈-၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချလျှက်ရှိသောကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်မရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊စားသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံမြို့(၁၈)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့်အခြေခံစားသောက်ကုန်များရောင်းချပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊နံနက်(၈:၀၀) နာရီ အချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

   အဆိုပါ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ဝက်သား(၂၀)သား တစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက်သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများ ဝယ်ယူမှုများခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့ ဇွဲထက်မာန် သုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဇွဲထက်မာန် သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစိစစ်ရာတွင် ဇွဲထက်မာန် မုန့်လုပ်ငန်းမှ  သုံးထောင့်မုန့်များ ထုတ်လုပ် လျက်ရှိပြီး ပါဝင်ပစ္စည်းအနေဖြင့် (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်) ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၁၅၀) ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ် မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့် မုန့် (၆) ခုပါရှိပြီး တစ်ဘူးလျှင် (၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် အော်ဒါများကိုသာ ဖြန့်ဖြူးရောင်းချပေးပြီး မိသားစုဝင်(၃)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျက်ရှိပါသည်။

    ထို့နောက် ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

(Doca ဧရာဝတီ)

 

ပွင့်သစ်စ ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စိစစ်ခြင်း

      ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ( ၂၁ ) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၁၀) ရက်ကွက် ၊ ဦးလှသိန်းလမ်းရှိ  ဦးမြင့်သိန်း ပိုင် ပွင့်သစ်စ ခေါက်ဆွဲဖို လုပ်ငန်း သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ပွင့်သစ်စ ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန် ဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကြမ်းအိတ် (၉၀) အိတ်ခွဲ အသုံးပြုရပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ (၅၀၀၀) ပိဿာ ထုတ်လုပ်လျက်ရှိပါသည်။ မုန့်ဖတ် လက်လီ/ လက်ကား ဈေးတစ်ပိဿာလျှင် (၂၀၀၀)မှ(၁၈၀၀) ကျပ်ပေးရပြီး လုပ်သားဦးရေ (၄၈) ဦးရှိပြီး လုပ်သားတစ်ဦးလျှင် နေ့စားခ (၁၅၀၀၀ - ၁၈၀၀၀) ကျပ်ပေးရပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းအပြင် ဖျာပုံ၊ကျိုက်လတ်၊ မော်ကျွန်း၊ကျိုက်ပိမြို့နယ်များသို့  ရောင်းချပေးလျက် ရှိပါသည်။

   မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ကုန်စည်အား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ပြည့်မီစွာ မှန်ကန်စွာ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးစေရေး၊ ဓာတုဆိုးဆေးဝါးများ သုံးစွဲခြင်းမပြုစေရေးတို့ ဆွေးနွေးမှု အပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

အသိပညာပေး Talk Show အစီအစဉ်ကျင်းပပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ထိုအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ တို့တွင် ဖော်ပြထားရှိပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏တံဆိပ်အမှတ်အသား၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ဘေးထွက်ဆိုးကျိုးကြိုတင်သတိပေးမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ တွဲလျက်ဖော်ပြရမည်ဖြစ်ပါ သည်။

          ထို့နောက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် မဖြစ်မနေ ထည့်သွင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအရ သတင်း ရရှိပါသည်။

(Doca ဧရာဝတီ)

 

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်း

       ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၉) ရပ်ကွက် ဓမ္မာရုံ၌ လုပ်ငန်းရှင် (၂၂) ဦးအား  Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါ  အသိပညာပေးရာတွင် အလှကုန်၊ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက် များကို Online စနစ်ဖြင့် ရောင်းချမည်ဆိုပါက ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာတွင် ဖြည့်သွင်း၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထား သူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ် ကြောင်း၊ ရောင်းချခြင်းလုပ်ငန်းဆောင်ရွကမည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင် လက်မှတ်ရှိပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး ကုန်စည်(သို့) ဝန်ဆောင်မှုကို ရောင်းချရာတွင် သဘောတူညီချက်၊တန်ဖိုးနှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့် ရှိခြင်း စသည့် Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဘိုကလေးမြို့နယ် အေးသာယာ ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် အေးသာယာ ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာရှိ တောင်သူများနှင့် Myro ကိစ္စရပ်နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

    သိုလှောင်ရုံများတွင် ဆံ့ဝင်အင်အားထက် ပိုမိုသိုလှောင်ပါက အရေးယူမည်ဟူသော ကောလဟာလ သတင်းနှင့် ပက်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စပါးတင်း (၂၅၀၀) ၊ ဆန်အိတ် (၅၀၀) နှင့် အထက်ဆံ့ဝင်သည့် သိုလှောင်ရုံများအား တရားဝင်မှတ်ပုံတင်၍ သိုလှောင်နိုင်ကြောင်း၊ မှတ်ပုံတင်ပြီး သိုလှောင်ရုံများအနေဖြင့် သက်တမ်းကုန်ဆုံးပါက ထပ်မံ သက်တမ်းတိုး၍ သိုလှောင်နိုင်ကြောင်း၊ Myro တွင်ရှိသော ဆန်စပါးလက်ကျန်စာရင်းများအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စာရင်းပြုစုပေးပို့ တင်ပြရကြောင်း၊ ဆန်စပါးသိုလှောင်ရုံ အရေအတွက်နှင့် သိုလှောင်မှုအင်အား သိရှိမှသာ ပြည်တွင်းဆန်ဖူလုံမှုနှင့် ပြည်ပတင်ပို့နိုင်မှု အခြေအနေများ ကို သိရှိနိုင်ရန်အတွက် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဆံ့ဝင်အင်အားထက် ပိုမို သိုလှောင်ပါက အရေးယူမည်ဟူသော မဟုတ်မမှန် သတင်းလွှင့်နေမှုများမှာ မှန်ကန်မှုမရှိပါကြောင်း ရှင်းလင်းတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

“သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

    ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့၊ နံနက် (၁၂:၃၀) နာရီအချိန်တွင် (၁) ရပ်ကွက်၊ ဒုတိယလမ်းရှိ “သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          မုန့်ထုတ်လုပ်ရန်အတွက်  ပါဝင်ပစ္စည်းများမှာ ဂျုံ၊သကြား၊ဆီ၊ ရေသန့်၊ ကြက်ဥ၊နို့၊ ထောပတ်၊ ဆားတို့ဖြစ်ကြပါသည်။ထုတ်လုပ်မှု အနေဖြင့် သုံးထောင့်မုန့် ဘူး တစ်နေ့လျှင် (၁၅၀) ဘူးခန့် ထုတ်လုပ်နိုင်ပြီး တစ်ဘူးလျှင် (၈) ခုပါဝင်ပါသည်။ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်ဘူးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၆) ဦးဖြင့် မအူပင်၊ ဝါးခယ်မ၊ ဖျာပုံ မြို့နယ်များသို့ တင်ပို့ရောင်းချ လုပ်ကိုင်လျက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်စည်အမှတ် တံဆိပ်နှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား များ ဖော်ပြထား ရှိကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် တာဝန်ခံသည်(၂၁.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၆:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်များကို သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားပြီး ပြည့်စုံစွာထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် (သို့မဟုတ်) ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားကို ခေါ်ဆိုတာဖြစ်ပါကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကျိုတင်သတိပေးချက် စသည့်အချက်များဖြစ်ပါကြောင်း၊ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သောကုန်စည်များကို သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိ၊ ဘေးအန္တရာယ်ရှိ/ မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိ ပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍ တွင် ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်အတွင်း ရေရှည်တည်တံ့နိုင်စေရေးအတွက် စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သောဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၄၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ