Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၁၀.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၄B)၊ ပုဇွန်တောင်ဈေးလမ်း၊ ပုဇွန်တောင်မြို့နယ်၊  “ဝမ်းဝမ်းမုန့်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး” အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ  ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့်ပတ်သက်၍ အသိ ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း(၃/၂၀၂၅)အား ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၆.၁၀.၂၀၂၅ ရက်နေ့မှ ၁၇.၁၀.၂၀၂၅ ရက်နေ့အထိ) စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း (၃/၂၀၂၅)အား သင်တန်း(၂)ရက်တာဖြင့် အွန်လိုင်းနှင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း သင်တန်းကျ င်းပခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။  

    အဆိုပါသင်တန်းတွင် စားသုံး/ ထုတ်လုံကြီးကြပ်သူ အရာရှိ ဒေါ်စုစုထွန်းမှ Online Sales ရောင်း ချခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များအကြောင်းအား လည်းကောင်း၊ ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူရေးရာဌာနခွဲ၏ လုပ်ငန်းစဉ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၃/ ၄/ ၅/ ၆)နှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းအားလည်းကောင်း၊ ဒေါ်အေးအေးခိုင်မှ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းအားလည်းကောင်း သင်ကြားပို့ချခဲ့ပြီး ပို့ချခဲ့သည့်အကြောင်းအရာများအပေါ် မေးခွန်းများ မေးမြန်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း၊ သင်တန်းသို့ Zoom ဖြင့် သင်တန်းသားဦးရေ(၁၈)ဦး၊ လူကိုယ်တိုင်တက်ရောက်သည့် သင်တန်းသားဦးရေ (၁၈)ဦး စုစုပေါင်း(၃၆)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ဈေးကွက်အတွင်းရှိ ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

   (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(ဒေါ်မိုးမိုးကြည်)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ် City Mart တွင် ရောင်းချလျက်ရှိသော အဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဟာရဖြည့်စွက်စာများဖြစ် သော  Dupuro ၊ Gualic ၊  Physiolac ၊ DG1 goat milk ၊ Dugro  စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး စားသုံးသူ ပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပွင့်ဖြူမြို့နယ်၊ ဆန်စပါး ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကြားပွဲစားများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း

   မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်း ဒေသ ကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မင်းဘူးခရိုင်တာဝန်ခံ၊ ပွင့်ဖြူ၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူ များနှင့်အတူ (၂၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချူပ်ရေးမှူး အစည်းအဝေးခန်းမ၌ ဆန်စပါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ကြသည့် ဆန်စပါး ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကြားပွဲစားများ၊ တောင်သူများနှင့်တွေ့ဆုံ၍  MYRO  တွင် မှတ်ပုံတင်ရေး၊ မှတ်ပုံတင်ထားသည့် ဆန်စက်နှင့် ဆန်ကုန်သည်များအနေဖြင့် လစဉ် ကုန်ရ ကုန်ထုတ် လက်ကျန်များ ရေးသွင်းရေး မကြာမီ မိုးစပါးပေါ်တော့မည်ဖြစ်ရာ ထုတ်ပေးထားသည့် စပါးဝယ်ယူခွင့် စိစစ်ရေး (ကြားပွဲစား) ကဒ်များအား သက်တမ်းတိုးဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

          ထိုသို့ အသိပညာပေးဆွေးနွေးခဲ့ရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စပါး တင်း(၂၅၀၀) နှင့် အထက်၊ ဆန်အိတ်(၅၀၀)နှင့်အထက် သိုလှောင်ထားသည့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင် များအနေဖြင့် MYRO တွင် မဖြစ်မနေ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားယုံနှင့် မရဘဲ လစဉ် ကုန်ရ ကုန်ထုတ် လက်ကျန်များကိုလည်း စာရင်းရေးသွင်းရမည်ဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်မှ တိုင်းဒေသကြီးအတွင်းနှင့် တိုင်းပြင်ပသို့ စပါးဆန်များ သယ်ယူခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဆန်ကုန်သည်များအသင်း ဥက္ကဌ တို့ထံတွင် ထုတ်ပေးထားသည့် မျှောစာဖြင့်သာ သယ်ယူရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်းအတွင်းသို့ ဆန်ဝင်ရောက်မှုနှင့် မကွေးတိုင်း ဒေသ ကြီးမှ ထွက်ရှိသည့် ဧရာပဒေသာဆန် စီးထွက်မှုစာရင်းများကို လစဉ် တင်ပြရသည့်အတွက် စီးဝင်မှု စာရင်းများကို ရေကြောင်းနှင့် ဗွက်ကြီးတံတားတို့မှ ရရှိသည့်စာရင်းများနှင့် စိစစ်တင်ပြ ရသလို စီးထွက်မှုစာရင်းများကိုလည်း ထုတ်ပေးထားသည့် မျှောစာများမှ စာရင်းများဖြင့် စိစစ် တင်ပြရ သည့်အတွက် တိုင်းတွင်း/တိုင်းပြင်ပ သယ်ဆောင်မှုများနှင့်ပတ်သက်၍ မျှောစာဖြင့်သာ အသုံးပြုရမည် ဖြစ်ကြောင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် စပါးများဝယ်ယူရာတွင် စပါး ပွဲစား၊ ကြားပွဲစား များအတွက် ကြားပွဲစားစိစစ်ရေးကဒ်များကို ထုတ်ပေးထားပြီးဖြစ်ရာ သက်တမ်းကုန်ဆုံးသည့် ကြားပွဲ စားများအနေဖြင့် သက်တမ်းတိုးဆောင်ရွက်သွားရန် စပါးများဝယ်ယူရာတွင် လည်း စက်ကြိတ်နိုင် သည့်အဆင့် သိုလှောင်နိုင်သည့်အဆင့်ကို ၁၃ ပိဿာနှုန်းဖြင့် ဝယ်ယူသွားရန် သတ်မှတ်ခဲ့ကြောင်း၊ သတ်မှတ်အစိုဓာတ်ထက်ကျော်လွန်သည့် စပါးများ ဝယ်ယူရာတွင် ၁၃ ပိဿာမှ ၁၅ ပိဿာကြား တောင်သူ၊ ကြားပွဲစား၊ စက်ပိုင်တို့ ညှိနှိုင်းဝယ်ယူသွားရန် အစိုဓာတ်ကျော်လွန်သည့် စပါးများအတွက် အလေးချိန်သတ်မှတ်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပြီးဖြစ်သည့် မြို့နယ်၊ ဆန်စပါး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ အစည်းအဝေးတွင် အမှာစာဖြင့် တင်ပြညှိနှိုင်း၍ ဆုံးဖြတ်ချက်ကို တိုင်း ဆန်စပါး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရန်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများ၊ ကြားပွဲစား များ၊ ဆန်စက်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများအပေါ် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို (၁၃: ၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ တောင်သူများ သီးနှံရောင်းဝယ်ဖောက်ကားချိန်တွင် ကုန်သည်ပွဲစားများ၏ အလေးချိန်ဖြတ်တောက်မှု သင့်တင့်မျှတစွာဖြစ်စေရေး ညှိနှိုင်းပေါင်းစပ် အစည်းအဝေးကျင်းပ

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့တွင် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဝါးကြီးအိုင့်ကျေးရွာသို့ သွားရောက် ခဲ့သည့် ခရီးသွားမှတ်တမ်း(၃/၂၀၂၅)ညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ တောင်သူများ သီးနှံရောင်းဝယ် ဖောက်ကားချိန်တွင် ကုန်သည်ပွဲစားများ၏ အလေးချိန်ဖြတ်တောက်မှု သင့်တင့်မျှတစွာ ဖြစ်စေရေး ညှိနှိုင်းပေါင်းစပ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

          အစည်းအဝေးတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲမျိုးလွင်က မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန် သီးနှံများကို အဓိက တင်ပို့ရောင်းချ နေသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် လယ်ယာထွက်ကုန် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ တောင်သူများ၊ ကုန်သည်များအနေနှင့် စုပေါင်းရောင်းဝယ်မှုများ ပြုလုပ်ရာမှ ခေတ်ကာလများ ပြောင်းလဲလာသည့်အခါ ကုန်စည်ဒိုင်များ အဆင့်သို့ရောက်ရှိလာကြောင်း၊ ကုန်စည်ဒိုင်များတွင် စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ပွဲစားကုန်သည်၊ ထုတ်လုပ်သူ၊ တင်ပို့/ တင်သွင်းဖြန့်ချီသူအစရှိသဖြင့် သီးနှံကုန်စည် အလိုက် တန်ဖိုး ကွင်းဆက်တစ်လျှောက်လုံးမှာ ပါဝင်သူများနှင့် ဖွဲ့စည်းထားတာကို တွေ့ရှိရပါကြောင်း၊ ကုန်စည်ဒိုင်များသည် ဈေးကွက်အတွင်း သီးနှံကုန်စည်များ၏ ဈေးနှုန်းသတ်မှတ်ရာတွင် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်သောကြောင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံအလိုက် ကုန်စည်ဒိုင်များ ဖွဲ့စည်းနိုင်ရေးတို့သည် နိုင်ငံ့စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အရေးပါလှ ကြောင်း၊  မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် လယ်ယာထွက်ကုန်သီးနှံများ၏ အရောင်းအဝယ်လုပ်ငန်းများ စနစ်တကျရှိရေးနှင့် တောင်သူများ ဈေးနှုန်းအမှန်ရရှိစေရေး၊ အချိန် အတွယ် မှန်ကန်စေရေး၊ ကုန်စည်အရည်အသွေး မှန်ကန် စေရေးနှင့် ဈေးကွက်မှန်ကန်စေရေး စသည့် မှန်(၄)မှန် ဖြစ်ပေါ်စေရေးအတွက် ဈေးကွက်ရှိသည့် မြို့ကြီးများတွင် သီးနှံကုန်စည်ဒိုင်များ ဖွဲ့စည်း ထူထောင်သွားကြရန် မူဝါဒများ အကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကုန်စည်များ၏ တန်ဖိုးကွင်းဆက်တစ်လျှောက်(Supply Chain Value Chain) မှန်ကန်မျှတစွာ ဆောင်ရွက်ပြီး အခြေခံကုန်စည်များ အရောင်းအဝယ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်ဒိုင်များတွင် ICT အခြေခံသည့် ဈေးနှုန်း၊ ရောင်းဝယ်မှုသတင်းများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကုန်စည်ဒိုင် အချင်းချင်း (Network) ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရောင်းဝယ်သည့် လုပ်ငန်းစဉ် (Mechanism)များ မှန်ကန်စေရေး၊ ကုန်စည်ဒိုင်များ၏ သတင်းအချက်အလက်ကွန်ရက် တည်ဆောက် နိုင်ရေးစသည့် နိုင်ငံတော် မူဝါ ဒလုပ်ငန်းတာဝန်များကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားရှိပြီးသည့် ကုန်စည်ဒိုင်များကို ကုန်စည်ဒိုင် အင်္ဂါရပ်များဖြစ်သည့် ကုန်စည်ဒိုင်ဖွဲ့စည်းပုံ၊ ကုန်စည်ဒိုင်စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်း၊ ကုန်ပစ္စည်းအရည် အသွေး၊ အလေးတင်းတောင်း အခြင်အတွယ်၊ အရောင်းအဝယ်ပြုလုပ်ချိန်နှင့် အရောင်းအဝယ် နည်းစနစ်များ၊ အရောင်းအဝယ်သတင်းထုတ်ပြန်ခြင်းစသည့် ကုန်စည်ဒိုင် အင်္ဂါရပ်များနှင့် ပြည့်စုံစေရေး အတွက်လည်း လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ပေးနေသလို ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချသည့် တောင်သူများ၏ သီးနှံများအပေါ်တွင်လည်း သီးနှံအရည်အသွေးပေါ် မူတည်၍ အလေးချိန်ဖြတ်တောက်ရာတွင်လည်း သင့်တင့်မျှတစွာရှိရန်နှင့် ပွင့်လင်းမြင်သာဖို့လည်း လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်မှုမရှိလျှင် နစ်နာသူစားသုံးသူက တိုင်ကြားလာမည် ဆိုပါက စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ပုဒ်မ (၅၂)အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်များကို ချမှတ်နိုင်ပါကြောင်း၊ ထို့ကြောင့် သီးနှံ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်း/ အလေးချိန် ဖြတ်တောက်မည်ဆိုပါက တင့်သင့်မျှတစွာ အားလုံး တစ်ပြေးညီဖြစ်စေရန် မိမိအကျိုး စီးပွားတစ်ခုတည်းကိုသာ မကြည့်ဘဲ နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်စေရန် ကုန်သည်များ အသင်း ဘက်မှလည်း တစ်ပြေးညီသတ်မှတ်ပေးပြီး ပူးပေါင်း ဆောင်ရွက်ပေးကြပါဟု ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုန်သည်၊ စက်ပိုင်၊ ပွဲစားများ၊ တိုင်းတောင်သူ ဖွံဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို နံနက်(၁၁:၃၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ ၀၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၈) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044 ၊ Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ (၂၈)ပေပါတို့ကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777/Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ (၁၉၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ် ၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများ အား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နေ့လယ်  (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ စားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေ ထွေဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပြီး မြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသည့် ဥပဒေ၊ မူဝါဒလုပ်ငန်းအဖွဲ့ သတင်းမီဒီယာအဖွဲ့၊ Online Shopping အဖွဲ့များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးမှ တက်ရောက်

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော ဥပဒေ၊ မူဝါဒလုပ်ငန်းအဖွဲ့ သတင်း မီဒီယာအဖွဲ့၊ Online Shopping အဖွဲ့များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့်တက်ရောက်ခဲ့ပါသည်။

      အဆိုပါညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး များနှင့်ဌာနခွဲတာဝန်ခံများမှရှင်းလင်းဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ကာ ညွှန်ကြားရေးမှူးချုပ် မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ ၁၅း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ လာရောက် မေးမြန်းသော လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆန် စီးဝင်/စီးထွက် ကိစ္စရပ်များ၊ MyRO သိုလှောင်ရုံလုပ်ငန်းစဥ်တွင် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများ update ပြုလုပ်နိုင်ရေး၊ ဆန်စျေးနှုန်း/စျေးကွက် သင့်တင့်မျှတစွာဖြင့် ရောင်းချနိုင်ရေး များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘူးသွပ်ဆီများ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးအရာရှိ ဒေါ်မိုး မိုးကြည်နှင့် ဝန်ထမ်းများသည် ၁၅.၁၀.၂၀၂၅ ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊  City Mart တွင် ဘူးသွပ်ဆီများအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက City Mart ရှိ  ရောင်းချနေ သော ဘူးသွပ်ဆီ အမှတ်တံဆိပ်များမှာ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(မြေပဲဆီ)၊ ငွေသဇင် မင်း(မြေပဲ ဆီ)၊ ရွှေ(ပဲဆီသန့်)၊ Meizan (မြေပဲဆီ) စံချိန်(မြေပဲဆီသန့်)၊ အမေထွား(မြေပဲဆီ)၊ ဧရာဝတီ (မြေပဲဆီသန့်)များမှာ ဥပဒေပါအခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်းစစ်ဆေး တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်မပြည့်စုံသော ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချ ခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ