Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးနှင့်ညီညွတ်ဖို့ အမှတ်(၁၄)၊ အခြေခံပညာအလယ်တန်း ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးစို့

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း များသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)၊ အခြေခံပညာအလယ်တန်းကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သိလိုသည်များ မေးမြန်းဖို့ Consumer Call Center (1535)သို့ ဖုန်းခေါ်ဆိုကြပါစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၅၀) အချိန်တွင်အမှတ်(၁၄)၊ အခြေခံပညာ အလယ်တန်း(တွဲ)ကျောင်း၌ Consumer Call Center (1535) စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံး သူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်း အချက် အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင် ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် အမှတ်(၁၄)၊ အခြေခံပညာအလယ် တန်း(တွဲ)ကျောင်းမှ မအေးမြင့်ခိုင် Grade-8 ကျောင်းသူမှ   Consumer Call Center (1535) လိုင်းခွဲ (၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးများအကြောင်းအား  ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၅) ဆင်းပွဲသို့ တက်ရောက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးသည် (၁၄.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း “အခြေခံစက်ချုပ်နည်းပညာသင်တန်း (၂/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါသင်တန်းကို အ‌သေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိ သားစုများ ဝင်ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံစက်ချုပ်သင်တန်းကို (၁၅.၉.၂၀၂၅ မှ ၁၄.၁၀.၂၀၂၅ ထိ) သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြေခံသင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူ (၂)ဦးကို ရွေးချယ်၍ စက်ချုပ်စက်နှင့် စပ်ဆက်ပစ္စည်းများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ဂစ်တာရောင်ဝယ်ရေးလုပ်ငန်း”အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၅.၁၀.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် အမှတ်(၁၀၃၇)၊ ပြည်ထောင်စုလမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍  “ဂစ်တာရောင်ဝယ်ရေးလုပ် ငန်း”အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရ မည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

 

 

ဆန်ဆိုင်များအား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၉-၁၀-၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ အမှတ်(၁/၂/၃/၄)ရပ်ကွက်ရှိ ဆန်ဆိုင်များ အား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆန်ဆိုင်များ၏ ဆန်ဝင်ရောက်မှု အခြေအနေများ၊ ဆန် လက်ကျန် အခြေအနေများအား စစ်ဆေးခဲ့ပြီး ဆန်အိတ် (၅၀၀)နှင့် စပါးတင်း(၂၅၀၀)အထက် သိုလှောင် ထားသည့် လုပ်ငန်းရှင် များအား မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည့် Myanmar Rice Online (MyRO)တွင် မဖြစ်မနေ မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး၊ ဆန်အိတ်(၁၀၀မှ၅၀၀) အတွင်းရောင်းချသည့် ဆန်ဆိုင်များအား မြို့နယ်ဆန်ကုန်သည်အသင်းသို့အသင်းဝင်ရေးနှင့် ဆန် စပါးများ မှတ်ပုံတင်လျှောက်ထားမှု မရှိသည့် လုပ်ငန်းရှင်များအား တွေ့ရှိရပါက စီမံခန့်ခွဲမှု ပြစ်ဒဏ် များချမှတ်ခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်၊ ဆန်အရောင်းလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၀.၁၀. ၂၀၂၅) ရက်နေ့၊ နေ့လည်(၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆန်ကုန်သည်၊ ဆန်အရောင်း လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဆန်ကုန်သည် ဆန်အရောင်း ပိုင်ရှင် များအား ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး၊ မြို့နယ်မှ လိုအပ်သည့် စာရင်းဇယားများ လွယ်ကူစွာရရှိစေရေး တို့အား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းမှ ဆန်စပါး ရောင်းဝယ်သည့် လုပ်ငန်းရှင်များအား ဆန်အိတ်(၅၀၀)နှင့် စပါးတင်း (၂၅၀၀)အထက် သိုလှောင် ထားသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည့် Myanmar Rice Online (MyRO)တွင် မဖြစ်မနေ မှတ်ပုံတင်နိုင်ရေး၊ မြို့နယ်ဆန်စပါး ကုန်သည်များအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

ကံမမြို့နယ်၌ အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၀-၁၀-၂၀၂၅)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

   Talk Show ဟောပြောပွဲတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မှတ်ပုံတင်လက်မှတ် လျှောက်ထားသူ၏ လိုအပ်ချက်များ၊ Certificate ရရှိထားသည့် လုပ်ငန်းရှင်များ၏ တာဝန်(၁၅)ချက် အကြောင်းအရာများ၊ ၎င်းလုပ်ငန်းရှင်၏ တာဝန်များ ဖောက်ဖျက်ကြူးလွန်ခဲ့လျှင် အရေးယူဆောင်ရွက်ရမည့် ပြစ်မှုပြစ်ဒဏ်များအကြာင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု များရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး သို့ လည်း ကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ (၃)သို့လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ် တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက် ပေးလျက် ရှိပါကြောင်းနှင့် သရက်ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူ သတင်း ပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာကို ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အဝါရောင်လက်များ အုတ်ရိုက်စက်ထုတ်လုပ်ရေး Online Sale အား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၈.၂၀၂၅) ရက်နေ့ ၊နေ့လယ်(၁၂:၀၀)အ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၈.၂၀၂၅) ရက်နေ့ ၊နေ့လယ်(၁၂:၀၀)အချိန်တွင်“အဝါရောင်လက်များ အုတ်ရိုက်စက်ထုတ်လုပ်ရေး” Online Saleအားအမှတ်(၆၀၄)၊အင်းလေး (၁)လမ်း၊ (၆၄)ရပ် ကွက်၊ တောင်ဒဂုံစက်မှုဇုန် (၂)သို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေး ရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်း များကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာ သော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေး သွားမှာဖြစ်ကြောင်းနှင့်စားသုံးသူကာကွယ်ရေးဥပ‌ဒေပါအခန်း(၁၇)ရှိကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ချောက်မြို့နယ်အတွင်း ဆန်သိုလှောင်ရုံများအား ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆန်သိုလှောင်ရုံများအား မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုး ဦးဆောင်၍ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များမှ မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများအား (၁၇.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှု၊ MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ ပြီး ဆန်စီးဝင်/ စီးထွက်စာရင်းများ Update စာရင်းရေးသွင်းနိုင်ရေးနှင့် ဆန်ဆိုင်များအနေဖြင့် အိတ် (၅၀၀)အထက် ဆန်လက်ကျန်များ သိုလှောင်ထားသော်လည်း မှတ်ပုံတင်ထားခြင်းမရှိသည်ကို စိစစ် တွေ့ရှိရပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း၊ စပါးဆန်စျေးနှုန်းများ တည်ငြိမ်စေရေးအတွက် စပါးများ ဝယ်ယူစုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စပါးပွဲစား (ကြားပွဲစား)များအား ထိန်း ကျောင်းနိုင်ရန် ကြားပွဲစား စိစစ်ရေးကတ်များ ထုတ်ပေးပြီး လုပ်ငန်းတာဝန် များကိုလည်း သတ်မှတ် ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ချောက်မြို့ပေါ်တွင် ဆန်ကုန်သည် (၁၀)ဦးရှိပြီး MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံ (၁၂)လုံး၊ စလေမြို့တွင် ဆန်ကုန်သည် (၄)ဦး၊ MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံ (၄)လုံးရှိကြောင်းနှင့် လက်ရှိအခြေအနေတွင် ဆန်စျေးနှုန်းအနေဖြင့် တည်ငြိမ်လျက်ရှိပါ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၁၀.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၄B)၊ ပုဇွန်တောင်ဈေးလမ်း၊ ပုဇွန်တောင်မြို့နယ်၊  “ဝမ်းဝမ်းမုန့်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး” အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်ဝတ္တရားများ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ  ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့်ပတ်သက်၍ အသိ ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ