Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးခင်ဇော်မှ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီ ရောင်းချနေမှုအား သထုံမြို့နယ်တာဝန်ခံ သွားရောက်စစ်ဆေးခြင်း

    ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် ပိဿာ (၂၂၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

      ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ဖြင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ Future Net အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းအသိပညာ‌ပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။         

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

      ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ စျေးကြို စျေးဝင်းအတွင်းရှိ ဧရာဝတီဆန်ဆိုင်အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

 ၂၆.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ အောက်လမ်းမကြီး၊ စတားဆန်ဆိုင် အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၇.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့နယ်အတွင်းရှိ  ရွှေနိုင်ငံ (ဆေးဆိုင်)၊ ဇာနည်လျှမ်း (ဆေးဆိုင်)နှင့် အထက်တန်းလမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင် များအား ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA (မွန်)

သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

      ၂၆.၁၁.၂၀၂၅ ရက် နေ့လယ်  (၁၃း၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အထက (၁) မုဒုံ ကျောင်း၌  ကျင်းပပြုလုပ်သော သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

    ဦးစွာ အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား (၁၁၀) ဦး၊ ကျောင်းသူ(၉၀)ဦး ဆရာမ(၁၀) ဦး တက်ရောက် ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်မျိုးမင်းမှ လေထုညစ်ညမ်းခြင်း၊ မီးခိုးမြူငွေ့အန္တရယ်နှင့် မီးခိုးမြူငွေ့ လျော့ချရေး၊ တောမီးကာကွယ်ရေးအစီအစဉ်များအားလည်းကောင်း၊ တောအုပ်ကြီး ဦးမြင့်‌ထွေးမှ  သစ်တောထိန်းသိမ်းရေး ဆိုင်ရာများအားလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းစိုးမှ ရေသယံဇာတနှင့်ပတ်သက်သော အကြောင်းအရာများအားလည်းကောင်း ဟောပြောဆွေးနွေး ခဲ့ပါပြီးကြောင်း သိရသည်။

DOCA (မွန်)

အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ၂.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးသည် အထည်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်း ရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ပြည်နယ်ဦးစီးမှူးက အွန်လိုင်း ရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းအတွက် ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက် ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ် တာဝန်ခံသည် “စားဖိုမှူး” အမှတ်တံဆိပ် ငရုတ်ဆီ လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

      ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊‌ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် “စားဖိုမှူး” အမှတ်တံဆိပ် ငရုတ်ဆီ လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်မရောက်မီ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁၁)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ..က (၁၁) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များကိုသာ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျှက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတို့ကို စျေးကွက်စစ်ဆေးခြင်းဆောင်ရွက်

   ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့နယ် အတွင်းရှိ အထက်လမ်းမကြီး လမ်းဘေးဝဲယာရှိ အလှကုန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးအား စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းအတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ အထက်လမ်းမကြီး လမ်းဘေးဝဲယာရှိ အလှကုန်ဆိုင်များတွင် ရောင်းချသော  ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်း အမျိုးမျိုးမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်ခြင်းရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ