သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
မုံရွာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း
အင်းစိန်မြို့နယ်အတွင်းရှိ ရွှေအိုးဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း
ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း
တိုက်ကြီးမြို့နယ် မိုးစပါးအထွက်တိုးစေရေးဆောင်ရွက်
တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးကျင်းပ
ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်နှင့်စပ်လျဉ်းသည့် သတင်းအ ချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန် အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျှက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထ ပတ်အတွင်း ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်မှ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅)လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ကြောင်း၊ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
တိုက်ကြီးမြို့နယ်တွင် မွေးမြူရေးဇုန်အတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ၊ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)