Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော် ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ဆေးဝါးများအား ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းရင်းပညာဦးစီးဌာနတို့သည် (၂၁.၁၀.၂၀၂၄) ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန်က ပန်းတနော် အနောက်ပိုင်းရပ်ကွက်ရှိ ဆေးမျိုးစုံရောင်းချနေသော ဆေးဆိုင်(၇)ဆိုင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆေးဝါးပြန်လပ်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဂွမ်းလေးဆေးဆိုင်၊ ခင်မောင်ထွန်းဆေးဆိုင်၊ အေးမေတ္တာ ဆေးဆိုင်၊ ချမ်းစိမ့်ဆေးဆိုင် တို့တွင် ဆေးများ ပြတ်လပ်မှု ရှိ/မရှိကို မေးမြန်းခြင်း၊ ဆေးဝါးများတွင် စနစ်တကျ ဆေးဝါးမှတ်ပုံတင်အမှတ် ပါဝင်မှု ရှိ/မရှိ။ တိုင်းရင်းဆေးပညာဌာန၏ ခွင့်ပြုချက် ပါဝင်မှု ရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာန ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ဥပဒေပါအခန်း(၁၈)နှင့် ကိုက်ညီမှု  ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ဆေးရောင်းချသူလုပ်ငန်းရှင်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စပ်ဆေးအန္တရာယ်သတိထား၍ ကျောက်ကပ်ပျက်စီးလွယ်၍ မရောင်းချရန် ၊ စားသုံးသူပြည်သူများကို မလိုအပ်ပဲ အကိုက်အခဲပျောက်ဆေးမသောက်စေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရန်ပညာပေးခြင်း၊ Date ကျော်သောဆေးဝါးများကို ဘယ်အရာမှ မသုံးသင့်မရောင်းချသင့်ကြောင်း၊ သတ်မှတ်ချက် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဌာနတို့ ဥပဒေအရ မရေးယူမည်ဖြစ်ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

တောင်ငူမြို့တွင် စည်သွတ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယ ဦးစီးမှူး ဦးနေစိုးထက်တို့သည် အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့၌ ရောင်းချသော စည်သွတ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

             တောင်ငူမြို့နယ်တာဝန်ခံဦးဆောင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီး နှင့် Win Mart အရောင်းစင်တာတို့၌ ရောင်းချသော စည်သွတ်အစားအစာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များ ကွဲလွဲမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း-၄ ဦးဆန်းသွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မျိုးလွင်တို့ ဦးဆောင်သောအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ထားဝယ်အထူးစီးပွားရေးဇုန် ၁၃/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးသို့ တက်ရောက်

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၁၃/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးအား Online Virtual ဖြင့် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ထားဝယ်အထူးစီးပွား‌ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ယခင်အစည်းအဝေးမှတ်တမ်း ၁၂/၂၀၂၄-၂၀၂၅ အားအတည်ပြုခြင်း၊ OSSC အဖွဲ့ဝင်များမှ တစ်လတာအတွင်း မိမိတို့ဌာနအလိုက် ဆောင်ရွက်မှုများအား အသီးသီးတင်ပြခြင်း၊ OSSC အဖွဲ့ခေါင်းဆောင်မှ OSSC လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက်သူများမှ သိရှိလိုအသည်များနှင့် လိုအပ်သည်များအား အထွေထွေဆွေးနွေးခြင်းများနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ ထားဝယ်အထူးစီးပွား‌ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၂း၃၀)အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့ ဆေးဆိုင်ကြီးများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်သော ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့သည် ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်ကြီးများ၌ တရာမဝင်ဆေးဝါးများ၊ ရက်လွန်ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန်၊ အလေးထား၍ရောင်းဝယ်ကြရန် ဆေးဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား  အသိပညာပေးပြောကြားခဲ့ပါသည်။

            ပူးပေါင်းအဖွဲ့တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနီလာခင်တို့ ဦးဆောင်သော အဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ စည်ပင်သာယာဈေးသူဈေးသားများအား စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖြူးမြို့စည်ပင်သာယာဈေး၌ ဈေးသူ ဈေးသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း၊ အွန်လိုင်းဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည့် အချက်များကိုလည်ကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

            ထို့နောက်တက်ရောက်လာသည့် ဈေးသူဈေးသားများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဈေးကော်မတီဝင်နှင့် ဈေးသူဈေးသား (၁၈) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ ဆန်စပါးလုပ်ငန်း အသင်းနှင့်တွေ့ဆုံခြင်း

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ(၁၇:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းအစည်းအဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းသားများနှင့် တွေ့ဆုံခဲ့ကြပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းအား ခရိုင်အဆင့်ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ဆန်စပါးကုန်သည်များနှင့် အသင်းသားများအား EC,CEC စာရင်းများ Update ပြန်လည်ဖွဲ့စည်းရန်၊ ခရိုင်အသင်း တိုင်းအသင်းဖွဲ့စည်းနိုင်ရေးအတွက် တိုင်းကိုယ်စားလှယ် (၅)ဦးအား ရွေးချယ်တင်မြှောက်နိုင်ရေးကိစ္စ၊ မြန်မာဆန်စပါး အွန်လိုင်း (MyRo) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်အတွက် ဆောင်ရွက်ရန် ကျန်ရှိသူများမှ အမြန်ဆုံး(MyRo)ဆောင်ရွက်ရန်စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     ၂၂.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက် ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ကုစားခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့်ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံး ရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၈)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၈၈)ဦး ၊ စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဖြူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၁.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၄၅)နာရီအချိန်တွင် ဖြူးမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသောကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကိုအများမြင်သာသော နေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ အ.ထ.က(ရွှေလှေ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၄) ရက်နေ့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ အ.ထ.က(ရွှေလှေ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာနှင်းမှ ခွေးရူးရောဂါကာကွယ်ရေးအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း (ဦးစီးမှူး)မှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လက်ရှိကာလတွင် ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမရှင်းလင်း၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူအသုံးပြု စားသုံးကြစေရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်မှုနည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်နှင့် ဆရာ၊ ဆရာမ (၁၅) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး တို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၁.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မရှိပါကြောင်း တွေ့ရှိရသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ