Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာကေတမြို့နယ်၊ အမှတ်(၁)ဈေးအတွင်း အွန်လိုင်းမှဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဆွေးနွေးဟောပြောခြင်း

        (၂၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  သာကေတမြို့နယ်၊ အမှတ် (၁)ဈေးအတွင်း ဈေးစည်ပင်သာယာရေးရုံးခန်းမ၌ ဈေးသူ/ ဈေးသားများအားခေါ်ယူ၍ အွန် လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလ၌ အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများမကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျ ထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် သာကေတမြို့နယ်၊ ဧရာဝဏ် City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် သာကေတမြို့နယ်၊ ဧရာဝဏ် City Mark မှ သောက်ရေသန့်အမျိုးမျိုးဖြစ်သော Designer TOURIST Max  ALPINE၊ စံပါဦး စသည့် သောက်ရေသန့်အမျိုးမျိုးမှာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်မှဝန်ထမ်းများကို စားသုံးသူများအား သတင်းအချက်အလက်များအပြည့်အဝပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအား သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၂၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှတွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့၊ စိန်ဒေါင်းစူပါစတိုးတွင် Consumer Packaging ဖြင့် ရောင်းချနေသောဆန်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းမျာအတိုင်း ရောင်းချလျက်ရှိကြောင်း၊ တာဝန်ရှိသူအား ပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရွှေပြည့်စုံဈေးအတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) သည် (၂၂-၁၀-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀ )နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးအတွင်းရှိ ကေကေဆေးဆိုင်၊ ခိုင်ရွှေဝါဆေးဆိုင်၊ သစ်ခွဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါဆေးဆိုင် (၃) ဆိုင်အတွင်းရှိ ဆေးဝါးများနှင့်ပတ်သက်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ဈေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိနှင့် ဆေးဝါးများ၏ နေ့စဥ်ဖြစ်ပေါ်နေသော ဆေးဈေးနှုန်းအခြေအနေတို့ကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်) 

အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား   သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင် (၁၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း သုံစွဲရန်မသင့် ထုတ်ပြန်ထားသော အလှကုန် ပစ္စည်းများအား ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-မန္တလေးလမ်းပေါ်ရှိ စက်သုံးဆီဆိုင်(၅)ဆိုင်အား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေ များ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိ သိရှိရပါသည်။

DOCA(မန္တလေး)

 

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့ပူးပေါင်း၍  ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil)အပြင်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်(၂/၂၀၂၄)တို့အား ရှင်းလင်းပြောကြားအသိပေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးကိုသာ ဈေးကွက်အတွင်းဝယ်ယူဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းသည် (၂၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူများ  ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဒုတိယဦးစီးမှူးကမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် (ခ)နှင့်(ဆ)ပါ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းအရာများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက ပြောရေး၊ ဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့် ရရှိနိုင်သည့်အကြောင်းအရာများ၊ တိုင်ကြားနိုင် သည့်နေရာများနှင့် Consumer Call Center No 1535 ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ရည်ရွယ်၍ (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် ထုပ်ပိုးထားသောပုလင်းဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် အချင်အတွယ်ဖြင့် ရောင်းချပါက ရောစပ်မှုအချိုးအစားများ စားသုံးသူများသိရှိရန် ဗွီနိုင်းချိတ်ဆွဲရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကလေးဖြည့်စွက်အာဟာရ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ကလေးဖြည့်စွက်အာဟာရအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိပူးပေါင်းအဖွဲ့များသည် ကလေးဖြည့်စွက်အာဟာရ အမျိုးမျိုးရောင်းချသော လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ထောက်ခံချက်၊ ခွင့်ပြုချက်များနှင့် မြန်မာစာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းရောင်းချဖြန့်ဖြူးခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ” ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ