Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောက်ဒဂုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (၄-၇-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင် များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၃၀၁၅ကျပ်)၊ (၉၅-၃၀၇၅ကျပ်)၊ (HSD-၂၆၃၅ကျပ်)၊ (PHSD-၃၂၆၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှု အခြေအနေ များ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တာမွေမြို့နယ်(New Day )စက်သုံးဆီအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန် ထမ်းများသည် (၄-၇-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်( New Day ) စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၄)တို့သည် ကျောင်း သား/ ကျောင်းသူ(၈၅)ဦး တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က စားသုံး သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်း နှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Consumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား / ကျောင်း သူ ( ၈၅ ) ဦး အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။ DOCA(စစ်ကိုင်း)

Star High စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

( ၄-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ Star High စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ အရောင်းဆိုင်တွင် စက်သုံးဆီများ သက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(ရန်ကုန်)

ရွှေဘိုခရိုင် (၆/၂၀၂၅)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဇွန် လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။ (၁၇.၆.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးခန်းမတွင် ဆန်ရွေးစက်၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်နှင့် (၂၀.၆.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဉပဒေ၊ စားသုံးသူအခွင့်အရေး နှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေနှင့် အကျိုး စီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင် သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၆/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်နိုင်မှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဇွန် လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၄.၆.၂၀၂၅) ရက်နေ့ (အဆင့်မြင့် ဆန်စက်)နှင့် ဆန်စက်လုပ်ငန်းရှင်၊ (၁၃.၆.၂၀၂၅)ရက်နေ့တွင် စလေဘီမုန့်လုပ်ငန်းရှင်၊ (၁၆.၆.၂၀၂၅) ရက်နေ့တွင် စားသောက်ဆိုင်လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များကို ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂.၇.၂၀၂၅ ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာနှင့် ကြည့်မြင်တိုင် မြို့နယ် ညဈေးတို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော Samsonic (ထမင်းပေါင်းအိုး) SHARP(ထမင်းပေါင်းအိုး)၊ ALPHA(ထမင်းပေါင်းအိုး)၊ JAGUAR (အသားကြိတ် စက်)၊ FRRFALLA (စားပွဲတင်ပန်ကာ)၊ LEGACY (ခြင်ရိုက်ဘတ်တံ) K - Like (အားသွင်းဆလိုက် ဓါတ်မီး)၊AMC (မီးပလပ်ခုံ)၊ Kettle(ရေနွေးအိုး)၊ Panssonic (ဆံပင်အခြောက်ခံစက်)၊ 81(ETO) (အားသွင်းပန်ကာ) စသောလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၁.၇.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မရမ်းကုန်းမြို့နယ် သမိုင်း City Mart နှင့် ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(ဂမုန်းပွင့်) တို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော Samsonic (ထမင်းပေါင်းအိုး)၊Royal Code (လျှပ်စစ်မီးပူ)၊ SHARP(ထမင်းပေါင်းအိုး)၊ ALPHA(ထမင်းပေါင်းအိုး)၊ HANA BISHI (လျှပ်စစ်ဒယ်အိုး)၊JAGUAR (အသားကြိတ်စက်)၊ Aid(လျှပ်စစ်ရေနွေးအိုး)၊ Islor(အား သွင်းပန်ကာ) စသောလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထား သည့်ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးအတွင်းရှိ ဦးဝင်းနိုင် (ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၃.၇.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃.၇.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ်အတွင်းရှိ ကောင်းသန့်ဆန်ဆိုင်နှင့် မမြင့်ဆန်ဆိုင်တို့အား (၁၀:၃၀) အချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ