Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပြည်မြို့တွင် နဝဒေးရပ်ကွက်၊ နီလာလမ်းရှိ ဦးဖုန်းမြင့်အောင်၏ ဆန်မရွေးလုပ်ငန်းသို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဦးဘမောင်၏ပရဆေးဆိုင်သို့လည်းကောင်း၊ မြို့သစ်(၁၃)လမ်းရှိ ဦးဇေယျာဘုန်းမြင့်၏ စန်းကမ္ဘာဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/ ၂)လမ်းထိပ်ရှိ ဦးဝင်းကျော်၏ ရွှေပိတောက်ဆန်ဆိုင်သို့လည်းကောင်း၊ မြို့သစ်(၃/၉)လမ်းရှိ ဦးဝေဖြိုးအောင်၏ နှင်းဥခင်ဆန်ဆိုင်သို့လည်းကောင်း၊  ရွှေတောင်မြို့တွင်မင်းရပ်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ကျော်ဌေး၏ အောင်ချမ်းသာဆန်စက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ဦးကျော်ကျော်ဝင်း၏ ကေဝိုင်းဆီစက်သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းရှိ၊ မြို့နယ်များ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်မြို့တွင် အ.ထ.က (အောင်ဆန်း)သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် အ.မ.က(ကြက်ဖြူတောင်) သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဝန်လိုရပ်ကွက်နှင့် ကြခတ်ရပ်ကွက်သို့လည်းကောင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

            အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်နှင့် လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

           စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ တိုင်းရင်းဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် ကြာနီကန်ရပ်ကွက်ရှိ တိုင်းရင်းဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် မြို့ပေါ်ဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့ပေါ်ရပ်ကွက်ရှိဆေးဆိုင်များသို့ တိုင်းရင်းဆေးအမျိုးမျိုးကိုလည်းကောင်း၊ မြို့မဈေးရှိကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သထုံမြို့နယ်တွင် ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ Union Mart သို့သွားရောက်၍ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးပြီး စားသုံးသူများဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုသာ ရောင်းချသည်ကိုတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ငှက်ပျောကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ ရွှေဝါလမ်းမှ ငှက်ပျောကြော်လုပ်ငန်းရှင် ဒေါ်နန်းလွင်လွင်စိုးနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်က “ဆန်းသစ်ယဉ်” အမှတ်တံဆိပ်ဖြင့် ငှက်ပျောကြော်ကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရရှိနိုင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လိုကြောင်း တင်ပြလာမှုအပေါ်တွင် ဘီးလင်းမြို့နယ်တာဝန်ခံက သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ပေးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ငှက်ပျောကြော်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရန်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁-၁၀-၂၀၂၄) ရက်နေ့တွင် စိန်ပွင့်ဆန်စက်လုပ်ငန်းပိုင်ရှင် ဦးတင်အောင်ထွန်း၊ ဆန်ကုန်သည်များဖြစ်သော ဦးရာဂျာ၊ ဦးစောအယ်ထူးတို့နှင့်တွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်များအား ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန်၊ ဆန်သိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ထားကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် အသားငါးစည်သွပ်ဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ မြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ အသားငါးစည်သွပ်ဘူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ပေါင်မြို့နယ်တွင် အဖွဲ့စုံဖြင့် သွားရောက်၍ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါ/ မပါ၊ သက်တမ်းလွန်ကုန်စည်များမရှိစေရေးအတွက် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပေါင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံမှုရှိ/ မရှိုစစ်ဆေးခဲ့ရာ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စည်သွပ်ဘူးများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

       ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ သော အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

မအူပင်ခရိုင် မြို့နယ်များအတွင်း အဖွားလက်ရာ အမှတ်တံဆိပ်ပါ ကုန်စည်များရောင်းချမှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်ဈေး၊ ဈေးတန်းနှင့် မြို့ပေါ် ကုန်စုံဆိုင်များတွင် အဖွားလက်ရာ အမှတ်တံဆိပ်ပါ  အသားဟင်း ဆီသွပ်ဘူးများရောင်းချမှုရှိ/ မရှိကို ဌာနဆိုင်ရာအဖွဲ့စုံဖြင့် (၂၃-၁၀-၂၀၂၄) ရက်နေ့၌  ကုန်စည်တွင် ကုန်အညွှန်းဖော်ပြချက်နှင့်  ကုန်စည်ပေါ်တွင် စတစ်ကာကပ်၍ ဖော်ပြမှုတို့ ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့သည့် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် စားသုံးသူများနားလည်မှုလွဲမှားစေနိုင်သည့်အတွက် ဈေးကွက်အတွင်း အဆိုပါကုန်စည်များရောင်းချနေပါက  ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိ/ မရှိကို ပန်းတနော်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။ ပန်းတနော်မြို့နယ်အတွင်း၌  "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ စည်သွပ်ဘူးများရောင်းချမရှိကြောင်းကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင်များကို အဆိုပါ ကုန်စည်များနှင့် အလားတူညီသော မည်သည့် အသင့်စားသောက်ကုန်ပစ္စည်းများကိုရောင်းချရာတွင်လည်း ကုန်အညွှန်းဖော်ပြချက်အတိုင်းကိုက်ညီသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းဖော်ပြချက်ကွဲလွဲမှုမရှိသည့် အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများအား ဈေးကွက်အတွင်း သတိပြုရောင်းချရန် အသိပညာပေးခြင်း၊ ကုန်အညွှန်းနှင့်မကိုက်ညီသော ကုန်စည်ဖြစ်ပါက သက်ဆိုင်ရာဌာနသို့ သတင်းပေးပိုဆောင်ရွက်ကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချမှုများအားစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ သွားရောက်အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ