Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဇွန်လ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန် စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူး ပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိ များက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း(၄)ကြိမ်ဆောင်ရွက်ခဲ့ရာ ဇွန်(၉)ရက်နေ့ နံနက် (၁၀◌း၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့၊ နံနက်(၀၈;၃၀)နာရီ အချိန်တွင် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း” စက်သုံးဆီ အရောင်းဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုး တို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း နှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့ နံနက် (၀၈;၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များ၊, KTV များနှင့် လမ်းဘေးဈေး ဆိုင်များအား အဖွဲ့စုံဖြင့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချ နေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေး စိတ် စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည် များကိုသာ ရောင်းချရန် လိုအပ်ကြောင်း နှင့် စားသောက်ဆိုင်များတွင် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ စစ်ဆေးပြီး စားသောက်ဆိုင် များမှ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေခြင်း၊ မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာ များ၏ အမျိုးအစား၊ အရွယ်အစာ(Size)ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်း မြင်သာစွာ ကြိုတင် အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေး အန္တရာယ်များ ကာကွယ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဇွန်လစားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဇွန်လအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးဟော ပြောဆောင်ရွက်ခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ဇွန်လ(၁၃)ရက်နေ့ နံနက်၀(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့မီးသတ်စခန်းတွင် စားသုံးသူ အကာ အကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ ဖြစ် ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပါယ် ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ် အသား ဖေါ်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်း များကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ် သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဇွန်လ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဇွန်လ(၉)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ကျောက်မဲ” လဖက် နှင့် အကြော်ဆံမျိုးစုံ လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ ဆုံခြင်း(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ် ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားများ လျှောက်ထားဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပြီး မိမိတို့ဌာနမှ အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

( ၂၆.၅.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အစားအသောက်ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များ ကိုင်တွင်ချက်ပြုတ်သူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ ပြုပြင်ရောင်းချသည့် နေရာများအား သန့်ရှင်း သပ်ရပ်စွာ ထားသိုထားရှိခြင်း ရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့်လည်း ဝတ်စုံပြည့် ဝတ်ဆင်ထားမှု ရှိ/မရှိ၊ ပန်းကန်များ ထားသိုသိမ်းဆည်းသည့် နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖိုချောင်သုံး အမှိုက်ပုံးများ စနစ်တကျ ထားသိုမှု ရှိ/မရှိ၊ အမှိုက်များစွန့်ပစ်သည့်နေရာနှင့် ရေထွက်မြောင်းများ ရေစီးဆင်းမှု ရှိ/မရှိ များကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက် များအား ကြိုတင်၍ အသိပညာပေးရန်နှင့် Menu စာအုပ်တွင် ဖော်ပြထားသည့် စားသောက် ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၏ ဘေးတွင်ကပ်နှိပ်ထားသည့် ဈေးနှုန်းများအား သိသာမြင်သာစွာ ဖော်ပြရန်နှင့် ပြောင်းလဲမှုရှိပါက စားသုံးသူများအား ကြိုတင်အသိပေး ဖော်ပြထားရန် လိုအပ်ပါကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်းထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ်(၁၅း၀၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေးအား (Virtual)စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံးဝန်ထမ်းများ၊ မြိတ်ခရိုင် ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပူးပေါင်း လုပ်ကိုင်ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူး ကလိုအပ်သည်များ ကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် (၁၀း၄၅) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တိုင်းဒေသကြီး ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေး ဇူးများ၊ ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များမှလည်း လိုအပ်သည်များအား မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၀၅၅ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါသည်။ ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

မြိတ်မြို့၊တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့, မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်လုပ်ငန်းအားသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါရှိစေ ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလုပ်ငန်းသို့ကွင်းဆင်းရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးကိုအဓိကထားစစ်ဆေးခဲ့ပြီး ၊ သက်ဆိုင်ရာထောက်ခံချက်များနှင့် ဘေးကင်းသော အစားအသောက်များထုတ်လုပ်နိုင်‌ရေးနှင့် မုန့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မြိတ် ပန်စည်း online ဝန်ဆောင်မှုလုပ်ငန်းသို့ သွားရောက်စစ်ဆေး

မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်သို့ သွား ရောက်၍ Online လိုင်စင်‌လျောက်ထားမှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စစ်ဆေးခြင်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာမှန်ကန်မှုရှိ/မရှိ စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး Online မှတ်ပုံတင်လျောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆၇)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၆၇ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၂၅ ရက်နေ့တွင် ဆန် (၄၈) ပြည်၊ ဆီ (၅၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၃)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၃)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၂၀၉)ပြည်၊ ဆီ (၇၅၉၃) ပိဿာ ၊ ဆား(၂၁၉) ပိဿာ၊ ကုလားပဲ(၇၅၈)ဘူး၊ ငါးပိ(၉၂)ပိဿာ၊ ငါးခြောက် (၆၀)ပိဿာ၊ ပုဇွန်ခြောက်(၁၈)ပိဿာ (၉၀)ကျပ်သား၊ ကြက်သွန်နီ (၈၀၆) ပိဿာ၊ အသားတု( ၈၃) ပိဿာ၊ ကြက်ဥ (၈၇၈၈) လုံး၊ ဘဲဥ (၁၁၃၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။ ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့် စစ်ကိုင်းမြို့ရှိ သာစည်ရပ်ကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ