Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ တာဂွကျေးရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်း သား/သူများနှင့် ဆရာ/ဆရာမ ဦးရေ(၃၀၀)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ စကားရပ်၏ အဓိပ္ပာယ်ဖွင့် ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ် ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူ စားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖတ်ရှု့ရမည် ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(တာဂွ)ကျောင်းမုန့်တန်းများစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်ဇူလိုင်လ(၁)ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြန်အောင်မြို့၊ တာဂွကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေး ကွက်စောင့်ကြည့် စစ်ဆေး ခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက် ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပါသည်။ဆက်လက်၍ ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု၊ သက်တမ်းကုန်ဆုံးမည့် ရက်စွဲများ ဖတ်ရှု ရန် သင်ကြားပေးမှုများ ပြုလုပ်ခဲ့ပြီး၊ မုန့်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူများ စိတ်ကျေနပ်မှုရှိ စေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊စားသုံးသူ ကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်မြို့ ညောင်မြစ်ဆွဲအုပ်စုရှိ ရွှေဆန်စက်သို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅) နာရီအချိန်တွင် မြန်အောင်မြို့၊ ညောင်မြစ်ဆွဲအုပ်စု၊ ပြည်တော်သာကျေးရွာရှိ ရွှေဆန်စက်၌ ဆန်စက် လုပ်ငန်းရှင် ဦးသန်းထိုက်ဦး နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈး ကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန် များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင် ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များအကြောင်း၊တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များအား Myroမှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် (၂-၇-၂၀၂၅) ရက်နေ့က ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် တွေ့ဆုံ၍ (Myanmar Rice Online MyRo) မှတ်ပုံတင်သက်တမ်းပြည်မှီသော ဆန်စက် သိုလှောင်ရုံးများ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်း‌ဒေသကြီးအနေဖြင့် MyRo မှတ်ပုံတင်သိုလှောင်ရုံ (၁၂၃) လုံးမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဇွန်လအတွင်း မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးဖြစ်ပါ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းကိုဆောင်ရွက်နိုင်ရန် ကို အကျယ်တဝင့် ရှင်းလင်းပြီး မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်း လင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် (၁၀)ဦး နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော DENKO၊ UTT & San, OK Energy၊ အောင်ထက်လင်း၊ ကျော်စံ၊ ထွန်း၊ (၆)ဆိုင်အား မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရံ မီးသပ်တပ်ဖွဲ့နှင့် အတူ(၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)အချိန်က စက်သုံးဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပါသည်။ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ ဒေသအတွင်း စက်သုံးဆီမပြတ်လပ်မှု ရှိ-မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိပါက ဌာနသို့ ဆက်သွယ်နိုင်ရန်ကိုလည်းကောင်း၊ ရန်ကုန်မြို့ရှိ ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီဘောက်ဆာကားများ အချိန်ကြန့်ကြာမှုမရှိဘဲ အချိန်မီ ရောက်ရှိစေရေး ကူညီဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆီသိုလှောင်ထား ရှိသော ဆီကန်များအား ကြည်ရှု စစ်ဆေးခြင်း တို့ကိုဆောင်ရွက်ပြီး မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရည်အသွေး၊ အချင်အတွယ် စစ်ဆေးခြင်း၊ စက်သုံးဆီများ သက်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီမှု ရှိ မရှိကို စစ်ဆေးခြင်း၊ ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ စက်သုံးဆီလိုင်စင်သတ်တမ်းများ ကိုစစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် မညီသော စက်သုံးဆီရောင်းချမှုကို စစ်ဆေးတွေ့ရှိရပါက ဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံဆီဆိုင်တာဝန်ခံများကို အသိပေးပြောကြားခဲ့ပါသည်။ DOCA(ဧရာဝတီ)

ဆန်စပါး ကုန်သည်အသင်းခွဲ အဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြိုနယ်ဦးစီးမှူးရုံးတွင် ဆန်စပါးကုန်သည်အသင်းခွဲ အသင်းဝင်များနှင့် တွေဆုံ၍လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း၊ဆန်/ ဆန်ကွဲတင်ပိုရောင်းချမှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် လုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို (၃.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်က အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေး ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးရုံး(CICC)သို့ သက်သေခံထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုသိရှိလိုပါက ဦးစီးဌာန၏ website လိပ်စာဖြစ်သော www. doca. gov. mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆန်စပါးကုန်သည်အသင်းခွဲမှ အသင်းဝင် (၂၄)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေ အရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် (အ.မ.က-၁) မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁) ရပ်ကွက်ရှိ (အ.မ.က-၁) မူလွန်ကျောင်းတွင် ဆရာ/မ (၁၀) ဦး၊ ကျောင်းသား/သူ (၂၀၂) ဦး၊ စုစုပေါင်း (၂၁၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဆိုးဆေးကဲ့သို့ ဓာတုဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများ အကြောင်း၊ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မုန့်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံသော မြန်မာစာဖြင့် ဖော်ပြထားသော မုန့်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ဝယ်ယူသင့်ကြောင်း ၊စားသုံးသူများ နစ်နာဆုံးရှုံးမှု ရှိလာပါက တိုင်ကြားနိုင်သည့် Call Centre 1535 သို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ၊ ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၅) ရပ်ကွက်ရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆန်စပါး/စပါးဈေးနှုန်းနှင့် သိုလှောင်ရုံ Myro မှတ်ပုံတင်ခြင်းကိစ္စ ၊ မှတ်ပုံတင် သက်တမ်းတိုးခြင်း ကိစ္စ၊ သိုလှောင်ရုံ စပါးလက်ကျန် အခြေအနေတို့ကို စက်မှုကြီးကြပ်ဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပက်သက်၍ ဆန်အရည် အသွေး ပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ် ပြည့်မီမှုရှိစေရေး၊ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ထုတ်ပိုးမှု နည်းစနစ်များ၊ ထုတ်လုပ်သော ကုန်စည်ပေါ်တွင် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် OLIVE သောက်ရေသန့်စက်ရုံအား ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ဇလွန်မြို့၊ မန်းဘခိုင်လမ်း၊ ညောင်ပင်ဈေးရပ်ကွက် ရှိ Olive သောက်ရေသန့်စက်ရုံသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှု အခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်သွားရန်၊ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ