Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

(၃.၇.၂၀၂၄)နေ့ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အစည်း အဝေးခန်းမတွင် မိတ်ဖက်ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်နေပြည်သူ (၂၅)ဦးအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များနှင့် စားသုံးသူအခွင့်အရေး ယှဉ်တွဲ၍ အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင် (ဦးစီးအရာရှိ)က ဟောပြော ဆွေးနွေးရာ စားသုံးသူ ရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အကြား စားသုံးသူ ကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွား ကိုအပြည့်အဝ ကာကွယ်ထားသော ကော်မရှင် ကော်မတီအဆင့်ဆင့်တို့မှသတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကိုလည်းကောင်း၊ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူအခွင့် အရေးထိခိုက်နစ်နာပါက တိုင်ကြားလို့ရသည့် နည်းလ်း ၇မျိးအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြီး အလွယ်ကူဆုံးတိုင်ကြားလို့ရသော ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်သည်ံ Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင်ကြားလို့ရကြောင်းကို လက်တွေ့သရုပ်ပြ ခေါ်ဆိုခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကောင်းသာKBU သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်း ရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့် အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက် များထုတ်ပြန်ထားမှုဆိုင်ရာတို့ကို ရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံသည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကျောက်မဲ လက်ဖက်နှင့် အကြော်စုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ကိုဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးခဲ့ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကိုဘေး အန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ် မိုးစပါးလက်စိုက် အထွက်တိုးရေး စိုက်ပျိုးရေးနှင့်အတူ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအတွင်း မိုး စပါးစိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ယင်းသို့ ကွင်းဆင်းကြည့်ရှုရာ၌ အုန်းပင်ကွင်းကျေးရွာမှ တောင်သူ ဦးမင်းသူ၏ စိုက်ပျိုးမြေ ၁ ဧကတွင် ရေဆင်းစပါးမျိုးသစ်ကို လက်စိုက်နည်းဖြင့် စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စပါးမျိုးသည် ဒေသတွင်း၌ မျိုးသစ်ဖြစ်ပြီး ရက် ၁၁၀ ၊ ၁၁၅ ရက် သက်တမ်းမျိုးဖြစ်ကာ၊ အထွက်ကောင်းစပါးမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မိုးစပါးစိုက်ပျိုးမှု မှာ လက်စိုက်စပါး၊ ပျိုးကျဲစပါး၊ Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် မိုးစပါးစိုက်ပျိုးနေမှု များကို လှည့်လည်ကြည့်ရှုကြပြီး ထွန်ယက်စိုက်ပျိုးနေကြသော တောင်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

သိဒ္ဂိစံ ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း များသည် (၂.၇.၂၀၂၅) နေ့နံနက် (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့ ရန်ကုန်-ဟင်္သတ ကားလမ်းဘေး ရှိ သိဒ္ဂိစံ ဆန်စက် သို့သွား ရောင်၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးကို ကွင်းဆင်းစစ်ဆေး လေ့လာဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် သိဒ္ဂိစံ ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်း လည်ပါတ်မှုအခြေအနေကို လုပ်ငန်းခွင်ကို လေ့လာခဲ့ပြီး စပါးဝယ်ယူပြီး ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ကြိတ်ခွဲပြီးထွက်ရှိလာသောဆန်များကို တင်ပို့ရောင်းချမှုအခြေအနေ၊ ဆန်ဈေးကွက် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စေရေး၊ ဇူလိုင်လ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် များနှင့်အညီ ဖြန့်ဖြူးရောင်းချရေးတို့ကို ဆွေးနွေးခဲ့သည်။ ဆန်တစ်နေ့ကြိတ်ခွဲနိုင်မှု ၊ စပါးသိုလှောင်ထားရှိမှုနှင့် ဆန်လက်ကျန်များကိုမေးမြန်းခဲ့ပြီး MyRo မှတ်ပုံတင်သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပေးခဲ့ပြီး သတ်မှတ်ချက်အတိုင်း အလေးထား လိုက်နာ ဆောင်ရွက်ရန်ကို အသိပေးပြောကြားခဲ့သည်။ DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံအားလည်းကောင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းစသည်ဖြင့် စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့ နယ်အနေဖြင့်ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံး ဆီဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ ထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ DOCA(စစ်ကိုင်း)

သပြုကျောင်း မုန့်ဈေးတန်းရှိမုန့်များအား ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ (၃-၇-၂၀၂၅) ရက် ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ ၅ရပ်ကွက်ရှိ အ.ထ.က.(၁) အခြေခံပညာအထက် တန်းကျောင်း ၌ ကျောင်းမုန့်ဈေးတန်း (၇)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ က သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အချိုရည်နှင့် ယိုမျိုးစုံ၊ အသင့် ဖျော်ကော်ဖီ လက်ဖက်ရည်ထုတ်၊ အသင့်စားခေါက်ဆွဲခြောက်ထုတ် အမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ-မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ အခွင့် အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့် အတွက် တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center 1535 အကြောင်းများ မုန့်ဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် အ.ထ.က(၁)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၃.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်တုန်းမြို့ရှိ အ.ထ.က(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား(၁၅၀)ဦး၊ ဆရာ၊ ဆရာမ(၆)ဦးတို့အား စာဖတ်ခြင်း ၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးအန္တရာယ်ဆိုးကျိုးအကြောင်း၊ စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်သော ဌာနတစ်ခုဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဖို့ လုပ်ဆောင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေး အခြေခံ ၈ချက်ကို သိရှိနားလည်ထားကြရန်၊ သတ်မှတ် ထားသော ဥပဒေနည်း ဥပဒေ များဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းဖြစ် ကြောင်းကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုအပေါ် တိုင်ကြားနိုင်သော ဌာနဖြစ်သည့် စားသုံးသူ ရေးဦးစီးဌာနတွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များ အကြောင်း ကို အသေးစိတ်ရှင်းလင်းပြီး တိုင်ကြားလိုရသော နည်းလမ်းများဖြစ်သည့် www.doca.gov.mncomplant တွင် တိုင်ကြားနိုင်ခြင်း။ DOCA Myanmar Mobile Applaction ဖြင့် တိုင်ကြား နိုင်ခြင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်/တိုင်း/ပြည်တယ်များတွင် ဖွင့်လှစ်ထားသော CICCများသို့ လူကိုယ် တိုင်သော် လည်းကောင်း၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ခြင်း။ စားသုံးသူ ကာကွယ်ရေး အသင်းအဖွဲ့များမှတဆင့် တိုင်ကြားနိုင်ခြင်း၊ DOCA and CICC FaceBook Page Messanger မှတဆင့် တိုင်ကြားနိုင်ခြင်း၊ consumerwebsitedoca@gmail.com, ciccnpt@gmail.com မှတဆင့် တိုင်ကြားနိုင်ခြင်း တို့ကို ရှင်းလင်းပြီး Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင် ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေး မြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ ကြောင်းသတင်း ရရှိပါသည်။ DOCA(ဧရာဝတီ)

ပန်းတနော် ဖိုးလမင်းဆန်စက် ထုတ်ကုန်လုံခြုံကွင်းဆင်းစစ်ဆေးခြင်း

မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်က ပန်းတနော်မြို့နယ် မြို့ကွက်သစ်-၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပါး-ဆန်ရောင်းဝယ်တင်ပို့မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးဇော်ထက်စိုးနှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်မှ MyRo တွင်သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးကို အသိပေးပြောကြားခဲ့ပြီး ဆန်စက်မှ ဆန်များကို ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်းရောင်းချပေးနေမှုကို ဇုလိုင်လ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း သင့်တင်မျှတသော ဈေးဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ကြည်ရှုစစ်ဆေးမေးမြန်း ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ဆန်စက်မှကြိတ်ခွဲရောင်းချနေသော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရန်၊ အလေးချိန်မှန်ကန်စေရန်၊ အရောင်းအဝယ်မှန်စေရန် တို့ကို မှားကြားခဲ့ပြီးလုပ်ငန်းရှင်တို့ဘက်မှ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူခံရနိုင်မည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့သည်။ DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ ခမောက်စုကျေးရွာရှိ တောင်သူလုပ်ငန်းရှင်များအားအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၇.၂၀၂၅)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာရှိ လယ်ယာနှင့် ပီလောပီနံ စိုက်ပျိုးထုတ် လုပ်သူ လုပ်ငန်းရှင်(၅)ဦးအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက လယ်ယာထွက်သီးနှံများနှင့် ဒေသထွက်ကုန် ပီလောပီနံ စိုက်ပျိုးမှုနှင့် ပါတ်သတ်၍ ဈေးနှုန်းဈေးကွက်၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့် အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲ သင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေး ချယ် ဝယ်ယူသုံးစွဲသင့်ကြောင်း၊ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန် များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်း ပြန် ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ တာဂွကျေးရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်း သား/သူများနှင့် ဆရာ/ဆရာမ ဦးရေ(၃၀၀)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ စကားရပ်၏ အဓိပ္ပာယ်ဖွင့် ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ် ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူ စားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖတ်ရှု့ရမည် ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ