Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်းထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ်(၁၅း၀၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေးအား (Virtual)စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံးဝန်ထမ်းများ၊ မြိတ်ခရိုင် ရုံးဝန်ထမ်းများ၊ ကော့သောင်းခရိုင်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများ၏ ဆောင်ရွက်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပူးပေါင်း လုပ်ကိုင်ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူး ကလိုအပ်သည်များ ကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် (၁၀း၄၅) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တိုင်းဒေသကြီး ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေး ဇူးများ၊ ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များမှလည်း လိုအပ်သည်များအား မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၀၅၅ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါသည်။ ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

မြိတ်မြို့၊တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့, မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်လုပ်ငန်းအားသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါရှိစေ ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလုပ်ငန်းသို့ကွင်းဆင်းရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးကိုအဓိကထားစစ်ဆေးခဲ့ပြီး ၊ သက်ဆိုင်ရာထောက်ခံချက်များနှင့် ဘေးကင်းသော အစားအသောက်များထုတ်လုပ်နိုင်‌ရေးနှင့် မုန့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မြိတ် ပန်စည်း online ဝန်ဆောင်မှုလုပ်ငန်းသို့ သွားရောက်စစ်ဆေး

မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်သို့ သွား ရောက်၍ Online လိုင်စင်‌လျောက်ထားမှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စစ်ဆေးခြင်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာမှန်ကန်မှုရှိ/မရှိ စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး Online မှတ်ပုံတင်လျောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆၇)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၆၇ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၂၅ ရက်နေ့တွင် ဆန် (၄၈) ပြည်၊ ဆီ (၅၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၃)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၃)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၂၀၉)ပြည်၊ ဆီ (၇၅၉၃) ပိဿာ ၊ ဆား(၂၁၉) ပိဿာ၊ ကုလားပဲ(၇၅၈)ဘူး၊ ငါးပိ(၉၂)ပိဿာ၊ ငါးခြောက် (၆၀)ပိဿာ၊ ပုဇွန်ခြောက်(၁၈)ပိဿာ (၉၀)ကျပ်သား၊ ကြက်သွန်နီ (၈၀၆) ပိဿာ၊ အသားတု( ၈၃) ပိဿာ၊ ကြက်ဥ (၈၇၈၈) လုံး၊ ဘဲဥ (၁၁၃၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။ ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့် စစ်ကိုင်းမြို့ရှိ သာစည်ရပ်ကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

“ သုံးခွမြို့နယ်တွင်စားသောက်ဆိုင်များ ဝန်ဆောင်မှုဆိုင်ရာ Talk Show ပြုလုပ်ခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသောက်ဆိုင်များ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် အစားအသောက် ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း၊ အစားအသောက်ချက်ပြုတ်သူနှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားဆောင်ရွက်သင့်ကြောင်း အသုံးပြုသည့် အိုးခွက်ပစ္စည်း ကိရိယာများနှင့် အစားအသောက်များ ထည့်ရန်ပစ္စည်း အသုံးအဆောင်များ သန့်ရှင်းသပ်ရပ်စွာ ထားရှိရေးနှင့် အစားအသောက်များအား ကျက်သည်အထိ သေချာစွာချက်ပြုတ်ရန် လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများအား သတ်မှတ် ကာလများအလိုက် ဈေးကွက်စောင့်ကြည့် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ပြည်တော်သာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းမျက်နှာစာရှိ ပျံကျဈေးဆိုင်များရှင်းလင်းဖယ်ရှားပြီး”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက် အခြေခံပညာမူတန်းကျောင်း မျက်နှာစာရှိ ပျံကျဈေးဆိုင်များအား ဇွန်လ (၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စာသင်ကျောင်း ဥပတိရက် ကောင်းမွန်စေရေး၊ သန့်ရှင်းလှပစေရေးတို့အတွက် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးသွားကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ပြည်တော်သာရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း မျက်နှာအတွင်း အခြေခံစားသောက်ကုန်၊ အလှကုန်ပစ္စည်းများအား အချိန်ပိုင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များမှ ဆိုင်ပိုင်ရှင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများအား ဇွန်လကုန်ပိုင်းတွင် လမ်းတစ်ဖက်ခြမ်းကပ် ပျံကျဈေးတန်းအား ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများဈေးဝယ်သူ ဈေးဝယ်သားများ၊ ရပ်ကွက်သူရပ်ကွက်သားများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဉီးတို့သည် (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အောင်သုလမ်း၊ ဈေးရပ်ကွက်ရှိ ဒေါ်ကြူကြူကုန်မျိုးစုံသို့ ရောက်ရှိခဲ့ရာ ကျေးရွာအုပ်စုပေါင်း(၁၂)အုပ်စုသို့ ခွဲဝေပေးပါ ကြောင်း၊ ကျေးရွာနေပြည်သူများမှ လည်း မိမိတို့ရရှိသောခွဲတမ်းများအား နေ့စဉ်လာရောက်ထုတ်ယူပါ ကြောင်း၊ စနစ်တကျ ခွဲဝေပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင် ထားခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဉီးကြည်စိုးစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဦးတို့သည် ဌာနလမ်းရှိ စားအုန်း ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင် ဉီးကြည်စိုးမှ မိမိရရှိသောစားအုန်းဆီများသည် ကိုယ်စားလှယ် ဦးဇေမှ ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၁)လလျှင် (၂.၅၀)ကျပ်သားရရှိပြီး ကျေးရွာအုပ်စုပေါင်း (၄)အုပ်စုသို့ နေ့စဉ်ခွဲဝေရောင်းချပေးပါ ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် လာရောက်ထုတ်ယူကြပါကြောင်း၊ ဈေးနှုန်း လည်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ ရရှိသောခွဲတမ်းများကိုလည်း နေ့စဉ်လက်ကျန်များ မရှိအောင် ရောင်းချပေးပါကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ