Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးမှ “CT” အအေးခန်းစက်ရုံလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

   ၂၈.၁၀.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ကော့ခမယ်ကျေးရွာရှိ“CT” အအေးခန်းစက်ရုံသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသော “CT” အအေးခန်းစက်ရုံမှာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်း ဆောင်ရွက်နေမှု ရှိ/မရှိအား စစ်ဆေးခဲ့ရာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလည်ပတ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

    ဆက်လက်၍ ပြည်နယ်ဦးစီးမှူးသည် လုပ်ငန်းရှင်အား လက်ရှိတည်ဆောက်ထားသော အအေးခန်းစက်ရုံအရေအတွက်၊လက်ရှိကုန်ပစ္စည်းသိုလှောင်ထားရှိမှုအခြေအနေ၊ ကုန်ကျစရိတ် အခြေအနေများကို ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က အအေးခန်း (၃) ခန်း တည်ဆောက်ထားကြောင်း၊ အအေးခန်း (၃) ခန်းတွင် ကုန်ပိဿာချိန် (၉၀၀၀၀) ဝန်းကျင် ဝင်ဆန့်ကြောင်း၊ လက်ရှိတွင် ငါးခြောက်နှင့်ငရုတ်သီးခြောက်ကို သိုလှောင်ထားရှိကြောင်း၊ သိုလှောင်ခအနေဖြင့် တစ်ပိဿာကို တစ်နေ့ သိုလှောင်ခ (၆) ကျပ်နှုန်းဖြင့် ဝန်ဆောင်ခပေးလျက်ရှိကြောင်း၊ ငါးခြောက်ရာသီဖြစ်သော အောက်တိုဘာလဆန်းမှ ဧပြီလကုန်အထိ ကုန်အဝင်ရှိပြီး မိုးတွင်းကာလ မေလမှ စက်တင်ဘာလကုန်တွင် ကုန်အဝင်နည်းပါးကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ဝန်းကျင်ရှိကြောင်း၊ လုပ်သား (၃) ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

စားသုံးသူအကာအကွယ်ရေးအသိပညာပေးရေးအစ စာသင်ကျောင်းများက

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ ၊နံနက်(၀၈း၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ပျဉ်းမမြိုင် အ..က စာသင်ကျောင်းတွင်  စားသုံးသူ အကာအကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/သူ(၃၃၅) စုစုပေါင်း (၃၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးသန္တာလင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများ နေ့ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. 1535 တို့တွင် အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်များ နှင့် ပတ်သက်၍ ကျောင်းသား/သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်ကြရန် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)

ဆန်ရောင်းချသည့်ဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက် ရှိပြီးလိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်  သတင်းအချက်အလက်နှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဆန်ရောင်းချသည့်ဆိုင်အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ myro တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရောနှောဆီအပါအဝင် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၃.၁၀.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်သည့်အပြင် အမျိုးအမည် ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး  အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ် ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်ပါအချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင် (၁၀/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

      (၂၄.၁၀.၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါကုန်အညွှန်းအ မှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၅၅)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆိပ်ဖြူမြို့ပေါ်ရှိ ကွမ်းစားဆေးအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြို့နယ်ပြန်ဆက်နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့်အနောက်ပိုင်းရပ်ကွက် သို့သွားရောက်၍ ကွမ်းစားဆေးအမျိုးမျိုး ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ကွမ်းစားဆေးအမျိုးမျိုးရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ရောင်းချသော ကွမ်းစားဆေးအမျိူးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြလာရန်၊ ကွမ်းယာရောင်းချသူများအနေဖြင့်လည်း စားသုံးသူများ ဘေးကင်းလုံခြုံစေရန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကွမ်းစားဆေး အမျိုးမျိုးကိုထည့်သွင်း အသုံးပြု ရောင်းချရန်၊  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ " မြန်မာ့ရိုးရာ " မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပြည်တွင်း MSME ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ မြန်မာ့ရိုးရာ” မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

          လုပ်ငန်းရှင်မှ မြေပဲဆုံဆီလုပ်ငန်းကို လုပ်ကိုင်သည်မှာ အချိန်အားဖြင့်ကြာမြင့်ပြီဖြစ်ကြောင်း၊ ဆုံ(၆)ဆုံဖြင့်လည်ပတ်လုပ်ကိုင်နေကြောင်း၊ အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းသင့်တင့်စွာရောင်းချသောကြောင့် ရောင်းအားလည်းကောင်းကြောင်း၊ မြေပဲဆံကို မြို့ပေါ်ရှိပဲပွဲရုံများမှ ဝယ်ယူကြောင်း၊ ပဲကြီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)ဝယ်ယူရပြီး ပဲကြီးလုံးဆန်ကို သန့်စင်ပြီး တစ်မျိုးတည်းသာ ကြိတ်ခွဲကြောင်း၊ ဆုံ(၁)ဆုံကို မြေပဲဆံ(၅)ပိဿာ ထည့်ကြိတ်ရပြီး ဆုံများကို လျှပ်စစ်မီးလာသည့် အချိန်တွင် တစ်ပြိုင်နက်တည်း လည်ပတ်ကြိတ်ခွဲကြောင်း၊ တစ်ဆုံလျှင် မြေပဲဆံအမျိုးအစား ပေါ်မူတည်၍ (၂)ပိဿာမှ (၂.၂၅)ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ မြေပဲဆုံဆီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀ - ၁၇၀၀၀) ရောင်းချကြောင်း၊ ဈေးကွက်မှာ ပခုက္ကူမြို့ပေါ် နှင့်  Super Marker ဆိုင်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ထားဝယ်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ရောင်းအားအနေဖြင့် တစ်လလျှင် ပိဿာချိန်(၁၀၀၀)ခန့်ရောင်းရပြီး (၁၀)ပုံး တစ်ပုံးလျှင် ကျပ်(၂၀၀၀/၃၀၀၀) အကျိုးအမြတ်ကျန်ရှိကြောင်း၊ ကြိတ်ခွဲခအနေဖြင့် လုပ်သားကို တစ်ဆုံလျှင်  ကျပ်(၁၀၀၀)ပေးကြောင်း၊ ကြိတ်ပြီးသော မြေပဲဖတ်များကို အိမ်သို့ လာဝယ်ပြီး တစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ လက်ရှိမှာ ဆုံဆီလုပ်ငန်းသည် အဆင်ပြေ ရောင်းအား ကောင်းနေကြောင်း၊ ယခုလို အသိပညာပေးသည်မှာလည်း ကျေးဇူးတင်ပါကြောင်း၊ “မြန်မာ့ရိုးရာ” အမှတ်တံဆိပ်မှာ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသေး၍ စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက် လျှောက်ထား မည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ပြောပြချက် အရသိရှိရပါသည်။

DOCA(မကွေး)

ဘေးကင်းလုံခြုံမှုရှိသော ထုတ်ကုန်များ ထုတ်လုပ်လာစေရေး စားသုံးသူကာကွယ်ရေးဥပဒေအား အသိပညာပေး

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျှက်ရှိသော မြေပဲဆုံဆီ၊ ကွမ်းစားဆေး၊ ရေသန့် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ၎င်းတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       ဒုတိယခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးဌာနခွဲတာဝန်ခံမှ  မြေပဲဆုံဆီ လုပ်ငန်းရှင်အား  မိမိတို့ဆုံဆီထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ အသုံးပြုစေလိုကြောင်း၊ မြေပဲတွင် အာဖလာတောက်ဆင်မှို ဆိပ်ပါနိုင်၍ အထူးသတိပြုစေလိုကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင်အား သက်ဆိုင်ရာ အစိုးရဌာနများမှ ထောက်ခံချက်များရရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိမှုသည် အလွန်အရေးကြီးသောကြောင့် လိုက်နာရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေတောင်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစစ်ဆေးခြင်းများ ဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းလေ့လာ‌ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ကလေးအသုံးအ‌ဆောင် ပစ္စည်းများဖြစ်သော လက်တွန်းလှည်း၊ ကလေးစီးသောကွင်း၊ အရုပ်များကို စစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းကို အသုံးပြုရာတွင် ကလေးအတွက်အန္တရာယ်မဖြစ်နိုင်သော ကြိုတင်သတိပေးချက်များပါ ရှိရမည်ဖြစ်ပြီး စတိုးဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိမှသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ( ၂၅.၁၀.၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကို၊ ဈေးတာဝန်ခံဦးတိုးအောင်၊ ‌စျေးအတွင်းရှိ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည် ၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို အထူးအလေးထား ဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခဲ့ပါသည်။      

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ