Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့သို့ စားအုန်းဆီပေပါများရောက်ရှိလာ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊နေ့လယ်(၁၄:၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၅၈ ပေပါ (သို့) ပိဿာ ၆၃၈၀ သည် ရန်ကုန်မြို့မှ 4S-8645 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ ဆောင်ရေးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်လှေရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV-အောင်တက်တိုးရေယာဉ်ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် (၆.၇.၂၀၂၅) ရက်နေ့တွင် MV-အောင် တက်တိုး ရေယာဉ်ဖြင့် ဆန်တန်(၄၅၀)၊ အိတ်ရေ(၉၀၀၀)ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များ နှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကော့သောင်းမြို့ နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ‌ဦးအောင်ဇေယျ(၃)လမ်းရှိ၊ ကမ်းနားဆိပ်တွင် စုပုံထားသည့် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော ဦးညီညီစိုး ပိုင် ဆိုင်သည့် Car Tyre(8.25R20) Brand: Aufine,C/O:China-40U၊ ပိုင်ရှင်အမည် ဦးစံဝေ (၁)Perfect Elastic Shower Cream(24Pcs×170ml) Brand: Benice,C/O:Thailand 50Pkgs(၂)Beautiful Whitening Shower Cream(50Pkgs)(၃)Cherry Barry Shower Cream(50Pkgs) (၄) Mystic White Shower Cream(50Pkgs)(၅)Perfect Elastic Shower Cream(24Pcs×80ml) Brand: Benice,C/O:Thailand(100Pkgs)(၆) Beautiful Whitening Shower Cream(24Pcs×80ml) Brand: Benice,C/O:Thailand(100Pkgs)(၇)Cherry Barry Shower Cream(24Pcs×80ml) Brand: Benice,C/O:Thailand(100Pkgs) (၈) Mystic White Shower Cream(24Pcs×80ml) Brand: Benice,C/O:Thailand(100Pkgs) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၅၀,၀၈၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိ သဖြင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅(၀၃၀)နှင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅(၀၃၁)တို့ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့ သော စားအုန်းဆီ(၉၁)ပေပါအား ယာဉ်အမှတ် 6R/8082 (၇၅)ပေပါနှင့် 7K/3515 (၁၆)ပေပါ ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂.၇.၂၀၂၅)နှင့်(၃.၇.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဘိလပ်မြေရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီးမြှင့်မှုရှိ/မရှိ စျေးကွက် အခြေအနေအား ၂၀၂၅ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ် မြေအရောင်းဆိုင်များအား မြေပြင်တွင်ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၉၁၄၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၉၈၀၀ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၅၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၇၁၀၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများ သည်(၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် ခရိုင်မီးသက်တပ်ဖွဲ့၊ တိရစ္ဆာန် မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကမ်းနားလမ်းဈေးတာဝန်ခံရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၆၀)၊ ဘဲဥတစ်လုံး(၄၀၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၈၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန်တွင် ဝါးခယ်မမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီ၏ (ယာဉ်အမှတ် 1E-269) မော်တော်ယာဉ်ဖြင့် ဝါးခယ်မမြို့သို့ ရောက်ရှိပြီး၊ နေ့လည် (၁၂း၃၀)အချိန်တွင် ကျုံမငေးမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်ဆီများကို ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္မဏီ၏(ယဉ်အမှတ် 5H-6477)မော်တော်ယဉ်ဖြင့်ကျုံမငေးသို့ရောက်ရှိပြီး ကားနှစ်စီးဖြင့်စားအုန်းဆီစုစုပေါင်း(၄၅)ပေပါရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကား ဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကား ဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၆:၀၀) အချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီ၏ (ယာဉ်အမှတ် 1E-2962) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း (၃၉)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကား ဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကား ဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အဝတ်အထည်နှင့်အိတ်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၇.၇.၂၀၂၅) ရက်နေ့(၁၃:၀၀)အချိန်တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ အဝတ်အထည်နှင့်အိတ်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေတစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း စသည့်အချက်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာ ထင်ရှားစွာ ဖော်ပြရမည့် အချက်များ အားရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ DOCA(ကချင်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်စစ်ဆေး

ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် အိမ်မဲမြို့နယ် စားအုန်းဆီကိုယ်စားလှယ်များထံသို့ပေးပို့ သောစာအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီ၏ (ယာဉ်အမှတ် 1L-3908) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း (၂၅)ပေပါ အိမ်မဲမြို့သို့ ရောက်ရှိလာမှုကို သွာရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ