Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး" အား စျေးကွက်စောင့်ကြည့်စစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရား ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၄) ခု၌ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည် ထုပ်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်းတွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ စျေးကွက်အတွင်း အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိသော အသင့်ဖျော် ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။ DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၄.၇.၂၀၂၅ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဒေါ်ယမင်းဦး(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ yum yum အမှတ်တံဆိပ်၊ မာလကြက်သားအရသာ အသင့်စားခေါက်‌ဆွဲတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၄.၇.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၇၈၅) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၂၀၀၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး ၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၃.၇.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော မနွယ် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် MILK BOY အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်နွယ်အေးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက် အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၂.၇.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ လပ်ကီးမုန့်တိုက် သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lucky မိုချီ ပဲယိုတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် တို့ ပြည့်စုံစွာ ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။ DOCA( ကချင်)

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးထံသွားရောက်တွေ့ဆုံခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီးဦးစီးမှူးတို့သည် ပြည် ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၅) အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များမှ ဆွေးနွေးပေးနိုင်ပါရန်အချက်များအား တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးထံ သွားရောက်တင်ပြခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၁.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက် အတွင်းရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဦးကျော်မြင့် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် PREMIER အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီ တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်ဦးကျော်မြင့်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

Consumer Call Center ဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅) အား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သော Consumer Call Center ဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်း (၁/၂၀၂၅) အား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual Online စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်ခန်းစာများအား သင်တန်းနည်းပြများမှ ဘာသာရပ်ခေါင်းစဥ်များအလိုက် ဆက်လက်ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ဝင်းဝင်းလက် (Baby Store) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၁.၇.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ဝင်းဝင်းလက်(Baby Store) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ KODOMO အမှတ်တံဆိပ်ပါ ကလေးပေါင်ဒါသည် ကလေး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး storeဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ထားဝယ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်ဖွင့်လှစ်သော ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် ထားဝယ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ထားဝယ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ဦးစီးမှူးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးးဦးစီးဌာနမှ အမှိုက်အမျိုးအစား(၄)မျိုးအား စနစ်တကျခွဲခြားစွန့်ပစ်သည့်စနစ်အား ရှင်းလင်းခြင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား (၁၁း၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ