Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်တွင်းကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေ ပြည်သူ များ၊ စီပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်နှင့်ကုန်စည်များအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေး အသိပညာပေးဆွေးနွေးပွဲများနှင့် စျေးကွက်စောင့်ကြည့်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်တွင်းကြီးမြို့နယ်ရှိ ဇီးတောအုပ်စု၊ ဇီးတောကျေးရွာ၊ ရွာသာကျေးရွာနှင့် ရေဦးအုပ်စု၊ ကျွန်းတော်ကျေးရွာ၊ ကျီးအောင်းကျေးရွာတို့မှ ဘဏ်ချေးငွေလာရောက်ထုတ်ယူသော တောင်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန် တိုင်ကြားပုံနည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ငမင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၂၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အတူ ငမင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

     မြို့နယ်တာဝန်ခံက ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူအခွင့်အ‌ရေး(၈)ချက်အကြောင်း ကိုလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စခန်းမှူး က မိုးလေဝသအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းက အားကစားအကြောင်းနှင့် လူငယ်ရဲ့စည်းကမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့၊ ရန်ပယ်စျေးရှိ ကွမ်းစားဆေးအမျိုးမျိုးရောင်းချသူများအား အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်နေသလို တစ်ဖက်မှလည်းစီးပွားရေးလုပ်ငန်းရှင်များအား “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း မိမိတို့၏ ထုတ်ကုန်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရန် လုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးအသိပညာပေးမှုများအား စဉ်ဆက်မပြတ် ‌ဆောင်ရွက်လျက်ရှိပါသည်။

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးရှိ စျေးတာဝန်ခံရုံးခန်း၌ ရန်ပယ်စျေးရှိ ကွမ်းစားဆေးအမျိုးမျိုးရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား ဖိတ်ခေါ်၍ ကွမ်းစားဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အသင့်စားမုန့်တစ်မျိုးဖြစ်သည့် ရွှေမြင်းပျံအာလူးကြော်လုပ်ငန်းအားကွင်းဆင်းလေ့လာစစ်ဆေးခြင်း

          ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည်(၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေမြင်းပျံအာလူးကြော်လုပ်ငန်းအား ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။

         မြန်မာလူမျိုးများသည် ပရိုတင်းဓါတ်အပြည့်ပါသည့်အာလူးကို မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ သက်သက်လွတ်ဟင်းအဖြစ်သော်လည်းကောင်း၊ အသားအမျိုးမျိုးနှင့်ရောနှော၍သော်လည်းကောင်း ချက်ပြုတ်၊ ကြော်‌လှော် စားသုံးလျက်ရှိပါသည်။

           အသင့်စားမုန့်တစ်မျိုးဖြစ်သည့် အာလူးကြော်လုပ်ဆောင်ရာတွင် ကုန်ကြမ်းဖြစ်သည့်အာလူးကို ရှမ်းပြည်နယ်၊ အောင်ပန်းဘက်မှဝယ်ယူရကြောင်း၊  အာလူးကြော်ကြော်ရာတွင် အာလူးကို အချောင်း၊ အပြားနှင့် ဇကာဟူ၍ (၃)မျိုးကြော်ကြောင်း၊  တစ်ရက်လျှင်အာလူးပိဿာချိန် (၂၂၀-၂၄၀-၂၆၀)ကြော်ရကြောင်း၊ ယခုအာလူးပေါက်ဈေးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၇၀ဝိ/-) ကျပ်ပေးဝယ်ရကြောင်း၊ အာလူးကြော်ရတွင် ဆီသုံးစွဲရမှုမှာ တစ်ရက်လျှင် ဆီပိဿာချိန် (၃၀ မှ ၄၀ ) ထိ သုံးစွဲရကြောင်း၊ အာလူးကြော်ရာတွင် သုံးသည့်လောင်စာမှာ မြေပဲခွံဖြစ်ကြောင်း၊ မြေပဲခွံများကို ကျယ်သည့်အခန်းထဲတွင် စုဆောင်းထားရကြောင်း၊ မီးဖိုမှာ(၂)ဒယ်တွဲ (၃)ဖိုကြော်ရကြောင်း၊ အာလူးကြော်ရာတွင် အလုပ်သမား(၃)ယောက်ဌားရကြောင်း၊  (၁)ရက်လျှင် လုပ်သားဌားရမ်းခမှာ (၅၀၀ဝိ/-)ကျပ်ပေးရကြောင်း သိရှိရပါသည်။

       အာလူးကြော်အပြားနှင့်အာလူးကြော်ဇကာ ရောင်းချသည့်ဈေးနှုန်းမှာ ဗူးကြီး(၁)ဘူးလျှင် (၁၅၀၀ဝိ/-)ကျပ်နှင့် (၁၀)ဘူးလျှင်(၁၄၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း၊  အာလူးကြော်အချောင်းဈေးနှုန်းမှာ ဘူးကြီး(၁)ဘူးလျှင်(၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း၊ အာလူးကြော်ဘူးကြီး (၁)ဘူး လျှင် (၅၅၀)ဂရမ် ပါရှိကြောင်း၊ အာလူးကြော်အပြားကို အထုတ်ဖြင့်လည်းရောင်းချကြောင်း၊ (၁)ထုပ် လျှင်(၁၀၀ဝိ/-)ကျပ်နှင့်(၁၀)ထုပ်ဈေးနှုန်းမှာ(၉၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။  အချိန်မရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာမရွေး စားသုံးနိုင်အောင် သေချာစွာထုပ်ပိုးထားရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့ပေါ်နှင့် ရွာနီးချုပ်စပ်များမှ လာရောက်ဝယ်ယူကြောင်း၊ Online မှလည်းရောင်းချကြောင်း သိရှိရပါသည်။

            အာလူးကြော်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိလာနိုင်မည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ စိန်တစ်ပွင့် ” ပေါင်မုန့်ကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည်  အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “စိန်တစ်ပွင့်” ပေါင်မုန့်ကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၁၀/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

            ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အားတွေ့ဆုံခြင်း (၅) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၄.၁၀.၂၀၂၄)ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်(၂)ဆိုင်၊ စားသောက်ကုန်လုပ်ငန်းရှင်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေး ဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၉-၁၀-၂၀၂၄ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာနစတင် ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် Call Center (1535)အား လက်တွေ့ ခေါ်ယူမေးမြန်းခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို  Power Point ဖြင့် ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန်  ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၆) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၃၁၉)ဦး စုစုပေါင်း ဦးရေ(၃၃၅) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က.၅ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၃-၁၀-၂၀၂၄) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.ထ.က.၅ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၄)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးဖြစ်သည့် MAMA အမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးဇင်မင်းကိုကိုက ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

ဘားအံမြို့ရှိ မြထက်လင်းကုန်တိုက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၂၉-၁၀-၂၀၂၄) ရက် ၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  မြထက်လင်း ကုန်တိုက်တွင်  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ စည်သွပ်အစားအစာ အမျိုးမျိုးဖြစ်သည့် ဘဲကင်အချိုပေါင်း READYမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က မြထက်လင်းကုန်တိုက်တွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်‌ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုးရောင်းချသည့်ဆိုင်(၃)ဆိုင်၊ မြန်မာရိုးရာမုန့်ပဲသရေစာရောင်းချသည့်ဆိုင်(၅)ဆိုင် ရောင်းချသည်ကို တွေ့ရှိရဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများနှင့် မြန်မာ့ရိုးရာမုန့်ပဲသရေစာများ ရောင်းချသူများအနေဖြင့် အရောင်၊ အနံ့၊ အရသာကောင်းသော သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကိုသာ ပြုလုပ်ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ