Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိန်းမတ်စီးပွားရေးလုပ်ငန်းများအတွက် အာဆီယံတံခါးဖွင့်ထား

     ဒိန်းမတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားသံရုံးတို့သည် ဒိန်းမတ်နိုင်ငံတွင် အာဆီယံ-ဒိန်းမတ်စီးပွားရေးဖိုရမ်ပူးတွဲကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုဖိုရမ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ စီးပွားရေးအသင်းများနှင့် ဒိန်းမတ်နိုင်ငံမှအဓိက ကော်ပိုရေးရှင်းများမှ ၅၀ ဦးနီးပါးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် ဖိလစ်ပိုင်သံအမတ် Leo Herrera-Lim က အင်ဒို-ပစိဖိတ်ဒေသတွင် အာဆီယံ၏ အချက်အချာကျစွာတည်ရှိမှုကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ အရှိန်အဟုန်နှင့်ကြီးထွားနေသောစီးပွားရေး၊ လူဦးရေ သန်း ၆၇၀ ကျော်ရှိသောဈေးကွက်နှင့် စုစုပေါင်း GDP အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံနှင့်အတူ ဒေသသည် ဒိန်းမတ်အပါအဝင် ဥရောပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိကြောင်း သိရပါ သည်။ ဆွေးနွေးမှုများအတွင်း အာဆီယံတွင် လုပ်ငန်းလည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းရှင် များသည် အဖွဲ့ဝင်နိုင်ငံများ၏  တိုးတက်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းတို့က အာဆီယံ၏ထောက်ပံ့ပို့ဆောင်ရေးအချက်အခြာ အဖြစ်ပေါ်ထွက်လာမှု၊ ငယ်ရွယ်ပြီးကျွမ်းကျင်သောလုပ်သားထုမြင့်တက်လာမှုနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အာမခံချက်ရှိမှုအပေါ် ‌ထောက်ပြ ပြောဆိုခဲ့ကြောင်း သိရပါသည်။ သို့သော်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအားနည်းမှု၊ တည်ငြိမ်မှုမရှိသောဥပဒေမူဘောင်များနှင့် ရှုပ်ထွေးသောအုပ်ချုပ်မှုလုပ်ငန်းစဉ်များပါဝင်သည့် စိတ်ခေါ်မှုများဆက်လက်ရှိနေသေးကြောင်း သိရပါသည်။ ထိုစိုးရိမ်မှုများရှိနေသော်လည်း များစွာသောဒိန်းမတ်လုပ်ငန်းများသည် အာဆီယံတွင် ၎င်းတို့၏တည်ရှိမှုကိုအားကောင်းရန် ဆုံးဖြတ်ချက်ချထားကြောင်း သိရပါသည်။ ဗီယက်နမ်သံအမတ် Luong Thanh Nghi က အာဆီယံသည် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကမ္ဘာ့အာမခံချက်အရှိဆုံးနေရာ များထဲမှတစ်ခုအဖြစ် လျှင်မြန်စွာဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံသည် အာရှတွင် တတိယအကြီးဆုံး GDP နှင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံး GDP ကိုပိုင်ဆိုင်ထား ကြောင်း သိရပါသည်။ ထို့ပြင် အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် ဩစတေးလျတို့ကြား ဗျူဟာကျသောတည်နေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ ထို့ပြင်ဒေသသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကိုလည်း ဥ‌ရောပသမဂ္ဂ အပါအဝင်များစွာသော ကမ္ဘာ့မိတ်ဖက်များနှင့်ချုပ်ဆိုထားကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပထဝီဝင်လမ်းပြမြေပုံအသွင်ကူးပြောင်းမှုကြောင့် အာဆီယံသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းခြင်း၊ စက်ဝန်းပုံစီးပွားရေးနှင့် စဉ်ဆက်မပြတ်ကြီးထွားမှု အစရှိသည်တို့ကို ၎င်းတို့၏ လိုက်လျော ညီထွေဆောင်ရွက်နိုင်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် ထိပ်တန်းရွေးချယ်မှုအဖြစ်‌ ပေါ်ထွက် လာကြောင်း သိရပါသည်။ ၎င်းအခြေအနေများနှင့် ပတ်သတ်၍ Nghi က အဖွဲ့အစည်း  ပြန်လည် ဖွဲ့စည်းမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားအရင်းအမြစ်မြှင့်တင်မှုစသည့် ဗျူဟာကျသောအချက်များကို အာဆီယံအဖွဲ့ဝင်အနေဖြင့် ဗီယက်နမ်၏ အားထုတ်မှုများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။    

Vietnam Plus         

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Bac Ninh ပြည်နယ်တွင် နည်းပညာမြင့်စက်ရုံ ၂ ခု စတင်တည်ဆောက်

       စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်တန်ဖိုးရှိသော Victory Giant Technology Vietnam စက်ရုံနှင့် Green Precision Manufacturing Vietnam Co.Ltd ၏ စက်ရုံတို့အတွက် ပန္နက်ချပွဲအခမ်းအနားကို မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ Victory Giant Technology သည် တရုတ်နိုင်ငံအခြေစိုက်ဖြစ်ပြီး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် ဆားကစ်ဘုတ်များဖြစ်သည့် PCB၊ HDI၊ FPC နှင့် Rigid-Flex ဆားကစ်ဘုတ်များ ရောင်းချခြင်းတို့လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရပါသည်။ ထိုထုတ်ကုန်များသည် AI၊ အကြီးစားဒေတာစင်တာများ၊ အစိမ်းရောင်မော်တော်ယာဉ်များ၊ လေကြောင်းဆက်သွယ်ရေးနည်းပညာနှင့် ဆေးဝါးပစ္စည်းများတွင် အရေးပါသောနေရာတွင်ရှိကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၂၀ ရှိသော ထိုစက်ရုံသည် ခန့်မှန်းအမေရိကန် သန်း ၉၀၀ တန်ဖိုးရှိသော PCB စတုရန်းမီတာ ၄ သန်းကို နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ ပြည်နယ်၏သင့်လျော်ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့်ပတ်သတ်၍ ပြည်နယ်ပြည်သူ့ကော်မတီ၏ ဥက္ကဌ Vuong Quoc Tuan က Victory Giant Technology သည် ဆောက်လုပ်မှုစတင်ရန်နှင့် ထုတ်လုပ်ရန်လိုအပ်သော လုပ်ငန်းစဉ်များကို လျှင်မြန်စွာပြီးမြောက်မည်ဟု မျှော်လင့်ကြောင်းနှင့် ကုမ္ပဏီအား ဥပဒေ စည်းမျဉ်းများလိုက်နာရန်နှင့် ၎င်းတို့၏လုပ်သားများအား လူမှုဖူလုံရေးဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။ Tuan က ပြည်နယ်သည် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးရန်အာမခံ ချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ် အခြေစိုက် Green Precision ကုမ္ပဏီသည် သုတေသန၊ ဒီဇိုင်းနှင့် စပီကာ၊ မိုဘိုင်းဖုန်း၊ Tablet နှင့် အီလက်ထရောနစ်ငွေပေးချေစက်များပါဝင်သော အီလက်ထရောနစ် စားသုံးထုတ်ကုန်များ အတွက် အစိတ်အပိုင်းများထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန် ဒေါ်လာ ၁၂၁ သန်း ရင်းနှီးမြှုပ်နှံမည့်ထိုစက်ရုံသည် ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် စီးပွားရေး လည်ပတ်မှု စတင်ရန်မျှော်လင့်ရပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၃ သန်း ခန့်မှန်းတန်ဖိုးရှိသော ထုတ်ကုန် ၆၂ သန်းကို နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိရန် ခန့်မှန်း ရကြောင်း သိရပါသည်။ Tuan က ထိုလုပ်ငန်းစတင်လည်ပတ်ပါက ၎င်းသည် စဉ်ဆက်မပြတ် ထုတ်လုပ်မှုတန်ဖိုးဖန်တီးနိုင်မည် ဖြစ်ပြီးပြည်နယ်၏စီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာ ပူးပေါင်းပါဝင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ပထမ ၃ လအတွင်း ပြည်နယ်သည် အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံများကိုရရှိခဲ့ကြောင်း သိရပါသည်။ ယနေ့အချိန်ထိ ပြည်နယ်သည် စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၃၁.၃ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၄၀၀ အတွက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းတို့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍအားကောင်းရန်ကြိုးပမ်း

     ထိုင်းနိုင်ငံ Khon Kaen ပြည်နယ်၏ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်သည် အရှေ့-အနောက် စီးပွားရေးစင်္ကြန်တွင် ဗျူဟာမြောက်တည်ရှိသည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းတို့ကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၃၀ ရက်‌နေ့က လက်ခံကျင်းပခဲ့ပါသည်။ ထိုပွဲအခမ်းအနားကိုနှစ်နိုင်ငံလုံး၏ ညီနောင် အသင်းများမှကိုယ်စားလှယ်များ၊ ပြည်ပရောက်ဗီယက်နမ်နှင့် ဗီယက်နမ်နှင့် ထိုင်းစီးပွားရေး အသင်းများနှင့် Khon Kaen နှင့် Nong Khai ပြည်နယ်များမှခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် ကောင်စစ်ဝန်ချုပ် Dinh Hoang Linh က အခြေခံ အဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် အစားအစာပြုပြင်ထုတ်လုပ်ခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာဆန်းသစ်တီထွင်မှုနှင် ခရီးသွား ကဏ္ဍတို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ကြီးမားသောအလားအလာများရှိကြောင်း ပြောကြားခဲ့ပါသည်။ Khon Kaen ၏ ဒုတိယအုပ်ချုပ်ရေးမှူး Siriwat Pinijipanich က ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံကြား နီးကပ်သောဆက်ဆံရေးသည် အုပ်ချုပ်သူများမှ ပြည်သူများထိ တိုးချဲ့နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Da Nang နှင့် Khon Kaen တို့သည် ညီအစ်မမြို့တော်များ ဖြစ်သည့်အတွက် ထိုဆွေးနွေးပွဲသည် ထိုအမွှာမြို့တော်နှစ်ခုသာမက ထိုင်းအရှေ့မြောက်ပိုင်းနှင့် ဗီယက်နမ်ပြည်သူများအကြား စီးပွားရေးအချင်းချင်း ချိတ်ဆက်ပေးရန် တံခါးဖွင့်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ Delta E&C Group ၏ ဥက္ကဌ Steve Bui က ကျောင်းသားချင်း ဖလှယ်သည့်ပရိုဂရမ်များနှင့် AI နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့တွင် များစွာသော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်တောင်ပိုင်းပြည်နယ် Phu Yen ၏ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ Nguyen Huynh Vinh Huy က ထိုဆွေးနွေးပွဲသည် အကောက်ခွန်မူဝါဒများရှာဖွေရန်နှင့် မွေးမြူရေး ကျောက်ပုဇွန်နှင့် တူနာငါးတို့ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် လွယ်ကူချောမွေ့စေရန် အရေးပါသောအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗီယက်နမ်လုပ်ငန်းများသည် ပညာရေး၊ အစားအစာထုတ်လုပ်ခြင်း၊ အစိမ်းရောင် စိုက်ပျိုးမွေးမြူရေးနှင့် ပင်လယ်စာကဏ္ဍများတွင် များစွာသောနားလည်မှုသဝဏ်လွှာများ လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၆၂ ခုကို ခွင့်ပြု ပေးခဲ့သည့် ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်

      ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်သည် စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၉ ဘီလီယံတန်ဖိုးရှိသော စီမံကိန်း ၆၂ ခုအတွက် ခွင့်ပြုလက်မှတ်များနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို မတ်လ ၂၈ ရက်နေ့ကကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကွန်းဖရန့်တွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများတွင် နည်းပညာမြင့်လုပ်ငန်းများ၊ စီးပွားရေး ဝန်ဆောင်မှုများ၊ ခရီးသွားကဏ္ဍ၊ မြို့ပြစီးပွားရေး၊ ဆိပ်ကမ်းဝန်ဆောင်မှုများနှင့် ထောက်ပံ့ ပို့ဆောင်ရေးတို့ပါဝင်သည့် အရေးပါသောကဏ္ဍများပါဝင်ကြောင်း သိရပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ် Nguyen Chi Dung က ပြည်နယ်၏ဗျူဟာ ကျသော တည်နေရာနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ရေးအတွက် ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းရှိသော အခွင့်အရေးနှင့်ပတ်သတ်၍ အသားပေးပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် ပတ်သတ်၍ Dung က Binh Dinh ပြည်နယ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှု ရှိသောနေရာဖြစ်လာပြီးနိုင်ငံ အတွင်းစီးပွားရေးတိုးတက်မှုအား အကောင်းဆုံးပြည်နယ်ထဲမှ တစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။ Dung က ပြည်နယ်အား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်းနှင့် စားသုံးသူ သုံးစွဲမှုလှုံ့ဆော်ခြင်းတို့ကို အဓိကထားရန်အကြံပြုခဲ့ပြီး ပိုမိုပွင့်လင်းမြင်သာပြီး ဆွဲဆောင်မှုရှိကာ ယှဉ်ပြိုင်နိုင်စွမ်းရှိသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို တည်ထောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်သည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထဝီမြေနေရာအားသာချက်ရှိနေကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ်က Phu My ဆိပ်ကမ်းတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တည်ထောင်ရန် လေ့လာမှုပြုလုပ်ရန်အတွက် ပြည်နယ်ကိုကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။၂၀၂၁ ခုနှစ်မှစ၍ Binh Dinh ပြည်နယ်သည် ဗီယက်နမ်ဒေါင် ၆.၄ ထရီလီယံတန်ဖိုး ရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၉ ခုပါဝင်သော ဗီယက်နမ်ဒေါင် ၂၀၀ ထရီလီယံ ကျော် တန်ဖိုးရှိသော စီမံကိန်းသစ် ၃၇၀ ခုကိုရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ်ပြည်သူ့ ကော်မတီဥက္ကဌ Pham Anh Tuan က software ထုတ်လုပ်မှု၊ ဒေတာစင်တာကြီးများ၊ ဆီမီးကွန်ဒတ်တာအစိတ်အပိုင်းများ၊ AI ၊ ဆိုက်ဘာလုံခြုံရေးနှင့် အဆင့်မြင့်ခရီးသွားကဏ္ဍ အခြေခံအဆောက်အအုံတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လုပ်ငန်းများအား တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဂျပန်နိုင်ငံ၏ စက်မှုထွက်ကုန်များသည် ဖေဖော်ဝါရီလတွင် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့

    ဂျပန်စက်မှုလက်မှု ထုတ်လုပ်မှုသည် ဖေဖော်ဝါရီတွင်  ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လေးလအတွင်း ပထမဆုံး တိုးလာကြောင်း အစိုးရအချက်အလက်များ၏ ဧပြီ ၁ရက်နေ့ ဖော်ပြချက်အရ သိရသည်။ အစီရင်ခံသည့်လတွင် စက်ရုံများနှင့်မိုင်းတွင်းရှိ ရာသီအလိုက်ချိန်ညှိထားသော ထုတ်လုပ်မှုအညွှန်းကိန်းသည် ၂၀၂၀ ခုနှစ်က အခြေခံထားသော ၁၀၀ နှင့် ဆန့်ကျင်လျက် ၂၀၂၅ မတ်လတွင် ၁၀၂.၄ ဖြစ်‌ကြောင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပဏာမ အချက်အလက်များတွင် ဖော်ပြထားသည်။ စက်ယန္တရားနှင့်အီလက်ထရွန်နစ် အစိတ်အပိုင်းကဏ္ဍ များတွင် ခိုင်မာသော ထုတ်လုပ်မှု တိုးတက်မှုကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာနက သတ်မှတ်ခဲ့ သည်။ စက်မှုလုပ်ငန်း ၁၅ ခုတွင် ၉ ခုသည် စံချိန်တင်အမြတ်များပြီး ၆ ခုမှာ ကျဆင်းသွားခဲ့သည်။ ဆီမီးကွန်ဒတ်တာကုန်ထုတ်ကိရိယာများနှင့် စက်ယန္တရားများ တိုးမြှင့်တင်ပို့မှုကြောင့် စက်ပစ္စည်း ကဏ္ဍ၏ ထုတ်လုပ်မှုသည် ၈.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အီလက်ထရွန်းနစ် အစိတ်အပိုင်း များနှင့် စက်ပစ္စည်းများ ကဏ္ဍသည် ၁၀.၁ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရပြီး ဓာတုဗေဒ လုပ်ငန်း (အော်ဂဲနစ် ဓာတုပစ္စည်းများနှင့် ဆေးဝါးများ အပါအဝင်) သည် ၃.၄ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။ အားနည်းချက်အရ၊ သယ်ယူပို့ဆောင်ရေး စက်ယန္တရားကဏ္ဍ (မော်တော်ကားများ အပါ အဝင်) လေယာဉ်အင်ဂျင်အစိတ်အပိုင်းများမှာယူမှု လျော့နည်းခြင်းကြောင့် ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သံနှင့်သတ္တုမဟုတ်သော သတ္တုကဏ္ဍသည် ဇင့်အတွက် ထောက်ပံ့မှုအခက်အခဲ ကြောင့် ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကုမ္ပဏီကြီးများ၏ ထုတ်လုပ်မှုအစီအစဥ်များအပေါ် အခြေခံ၍ ဝန်ကြီးဌာနသည် မတ်လတွင် ထုတ်လုပ်မှုသည်တစ်လထက်တစ်လ ၀.၆ ရာခိုင်နှုန်းတိုးလာပြီး ဧပြီလတွင် ၀.၁ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြသည်။

Source : Xinhua

DOCA(ရန်ကုန်)

ခရီးသွားလုပ်ငန်း ကျဆင်းလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဖေဖော်ဝါရီလတွင် အနည်းငယ်နှေးကွေးလာ

     အဓိကအားဖြင့်ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ဖေဖော်ဝါရီလတွင် လစဉ်နှေးကွေးလာကြောင်း ဗဟိုဘဏ် က မတ် ၃၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ခရီးသွား ဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်မှုများနှင့်အတူ လာရောက်လည်ပတ်သူ နည်းပါးလာခြင်းကြောင့် နိုင်ငံခြားခရီးသည်ဝင်ရောက်မှုနှင့် ခရီးသွားပြေစာ အရေအတွက်သည် အစောပိုင်းလကထက် ကျဆင်းသွားခဲ့သည်။ အထူးသဖြင့် ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် သာမက ခရီးသည်ပို့ဆောင်ရေးနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ကျဆင်းစေခဲ့ ကြောင်း ဗဟိုဘဏ်၏ အကြီးတန်းဒါရိုက်တာ Pranee Sutthasri က ပြောသည်။ ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဲ့သို့သော ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသည် လူသုံး ကုန်ပစ္စည်းများရောင်းချမှုနှင့် ထုတ်လုပ်မှု နည်းပါးခြင်းတို့နှင့်အတူ ကျဆင်းသွားခဲ့ကြောင်း Pranee သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း တင်ပို့မှုမှာ အမျိုးအစားများ စွာ၊ အထူးသဖြင့် မော်တော်ယာဥ်၊ အီလက်ထရွန်းနစ်နှင့် အဖိုးတန်သတ္တုများတွင် မြင့်တက်ခဲ့ သည်။ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများသည် ထိုင်းစီးပွားရေးကို ဆက်လက်မောင်းနှင် ရန် မျှော်လင့်ထားကြောင်း သူမကမှတ်ချက်ပြုခဲ့သည်။ သို့သော် ဖွဲ့စည်းပုံဆိုင်ရာအချက်များ၊ ပြင်းထန်သောပြိုင်ဆိုင်မှုနှင့် ကုန်သွယ်မှုမူဝါဒများတွင် မရေရာမသေချာမှုများသည် ကုန်စည် တင်ပို့မှုနှင့် စက်မှုကုန်ထုတ်မှုကဲ့သို့သော ကဏ္ဍအချို့ကို ဆက်လက်ဖိအားပေးလျက်ရှိသည်။ 

Source : Xinhua     

DOCA(ရန်ကုန်)

                  

အာဖရိကပန်းတင်ပို့မှု မြှင့်တင်ရန် ကင်ညာတွင် ကျွမ်းကျင်သူများနှင့် တွေ့ဆုံ

     အာဖရိကပန်းပင်ပညာရှင်များသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်၌ မတ်လ ၃၁ ရက်နေ့ တွင် စုဝေးကာ အာဖရိကပန်းများတင်ပို့မှုမြှင့်တင်ရေး၊ စျေးကွက်ဝင်ရောက်နိုင်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်ထိရောက်မှု တိုးတက်စေရေး မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ နှစ်ရက်ကြာ ကျင်းပသော Flower Logistics Africa 2025 သည် အကြီးတန်းအစိုးရအရာရှိများ၊ ထောက်ပံ့ပို့ ဆောင်ပေးသူများ၊ လယ်ယာပိုင်ရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းခေါင်းဆောင် များကို အာဖရိက၏ ထိပ်တန်းကမ္ဘာ့ပန်းပင်ရောင်းချသူအဖြစ် ရပ်တည်နိုင်စေမည့် နည်းလမ်းများ ကို ရှာဖွေရန် အာဖရိက၏ရာထူးကို အားကောင်းစေမည့် နည်းလမ်းများကို ရှာဖွေရန် ခေါ်ယူခဲ့ သည်။ Kenya Flower Council ၏ အမှုဆောင်အရာရှိချုပ် Clement Tulezi က အာဖရိကရှိ ပန်း ကဏ္ဍတွင် ရင်ဆိုင်နေရသော အကြီးမားဆုံးစိန်ခေါ်မှုမှာ ရိုးရာလေကြောင်းကုန်စည်ပို့ဆောင်နိုင်မှု သည် အကျိုးအမြတ်များသော လမ်းကြောင်းများဆီသို့ ပြောင်းလဲလာခြင်းကြောင့် ကုန်စည်ပို့ ဆောင်ခ မြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အာဖရိက၏ ထိပ်တန်းပန်းတင်ပို့ ရောင်းချသူဖြစ်သည့် ကင်ညာသည် တရုတ်နှင့် ဂျပန်တို့ကဲ့သို့ စျေးကွက်သစ်များသို့ ခွဲဝေသုံးစွဲခြင်း ဖြင့် ကဏ္ဍမှ ဝင်ငွေတိုးရန် ကြိုးပမ်းနေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ Astral Aviation ၏ ကူးသန်းရောင်းဝယ်ရေးအရာရှိချုပ် Patricia Odida က တိုက်ရိုက်ပျံသန်းမှုများနှင့် ကုန်တင်လမ်း ကြောင်းများသည် လက်တင်အမေရိကရှိ ပန်းထုတ်လုပ်သူများနှင့် အာဖရိကပန်းတင်ပို့ရောင်းချသူများကို ယှဉ်ပြိုင်နိုင်စေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

Source : Xinhua

DOCA(ရန်ကုန်)

ကင်ညာနိုင်ငံသည် 4th Global Digital Trade Expo အတွက် ပရိုမိုးရှင်းဖိုရမ်ကို ကျင်းပ

    စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ကုန်စည်ပြပွဲအတွက် အရောင်းမြှင့်တင်ရေး ကွန်ဖရင့်ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်၌ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး အကြီးတန်း အစိုးရအရာရှိများ၊ သံတမန်များနှင့် စီးပွားရေး အမှုဆောင်အရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။ ကင်ညာရှိ တရုတ်သံရုံးမှ အတိုင်ပင်ခံပုဂ္ဂိုလ် Zhou Zhencheng က စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ Zhejiang ပြည်နယ်၏ မြို့တော် Hangzhou တွင် ပြုလုပ်မည့် ကုန်စည် ပြပွဲသည် e-commerce နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုများ တစ်လျှောက် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။ အထူးသဖြင့် တယ်လီဖုန်းဆက်သွယ်ရေးနှင့် စမတ်မြို့ကြီးများတွင် နည်းပညာများ နက် ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတွင် ကင်ညာနှင့် တရုတ်နိုင်ငံအတွက် အလားအလာကောင်းကို မှတ်ချက်ပြုခဲ့သည်။ ကင်ညာနိုင်ငံ ပြန်ကြားရေး၊ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဝန်ကြီးဌာနမှ အဓိက အတွင်းဝန် John Tanui က ၎င်း၏နိုင်ငံသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ၏ အလားအလာကို တိုးတက်စေရန် တရုတ်နိုင်ငံ တွင် ကျင်းပမည့် အစီအစဉ်ကို အရှိန်မြှင့်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ကဏ္ဍသည် ကင်ညာကဲ့သို့သော ထွန်းသစ်စနိုင်ငံများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ကင်ညာသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် တရုတ်၏ အတွေ့အကြုံများမှ သင်ယူလိုစိတ်ရှိနေကြောင်း Tanui က ပြောကြားခဲ့သည်။ Kenya Investment Authority ၏ အမှုဆောင်အရာရှိချုပ် John Mwendwa က ကင်ညာအစိုးရသည် နိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍတွင် တည်ရှိနေစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သင့်လျော်သောပတ်ဝန်းကျင်ကို ဖန်တီးထားပြီး လာမည့်ကုန်စည် ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပြသရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ Hangzhou မြူနီစီပယ် ကူးသန်းရောင်းဝယ်ရေးဗျူရို၏ ဒါရိုက်တာ Wang Yongfang က Global Digital Trade Expo သည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ကုန်သွယ်မှုကဏ္ဍတွင် နောက်ဆုံးတွေ့ ရှိချက်များ၊ အသုံးချမှု အခြေအနေများနှင့် နောက်ဆုံးပေါ် နည်းပညာများကို ပြသမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)

သြစတြေးလျဥပဒေသစ်အရ စီးကရက်တစ်လိပ်ချင်းစီတွင် ကျန်းမာရေးသတိပေးချက်များကို ရိုက်နှိပ်ထား

     သြစတြေးလျသည် ဆေးလိပ်တစ်လိပ်ချင်းစီတွင် ကျန်းမာရေးသတိပေးချက်များကို ပုံနှိပ်ထုတ်ဝေသည့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်နိုင်ငံဖြစ်လာသည်။ အင်္ဂါနေ့တွင် စတင်အသက်ဝင် ခဲ့သော ဆေးရွက်ကြီးထုပ်ပိုးမှုဥပဒေအောက်တွင် သြစတြေးလျနိုင်ငံတွင် ရောင်းချသည့် စီးကရက် တစ်လိပ်စီတိုင်းကို ကျန်းမာရေးသတိပေးချက် ရှစ်ခုအနက်မှ တစ်ခုဖြင့် ရိုက်နှိပ်ထုတ် ဝေမည်ဖြစ်သည်။ စီးကရက်တစ်လိပ်ချင်းစီ၏ ကျန်းမာရေးသတိပေးချက် အသစ်တွင် "ကင်ဆာ ၁၆ မျိုးကို ဖြစ်စေသည်"၊ "သင့်အဆုတ်ကို ပျက်စီးစေသည်" နှင့် "အမှုန်တိုင်းတွင် အဆိပ်များ" ဟူသော စကားစုများ ပါဝင်သည်။ အင်္ဂါနေ့တွင် စတင်အသက်ဝင်ခဲ့သော ဥပဒေသစ်တွင် ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများကို သတင်းအချက်အလက်ပေးသည့် ဂရပ်ဖစ်ကျန်းမာ ရေးသတိပေးချက်အသစ် ၁၀ ခုနှင့် ထုပ်ပိုးမှုအတွင်း ထည့်သွင်းမည့် ဖြည့်စွက်စာအသစ် ၁၀ ခုကို မိတ်ဆက်ခဲ့သည်။ ဆေးလိပ်ထုပ်ပိုးခြင်းဆိုင်ရာ ဂရပ်ဖစ်ကျန်းမာရေးသတိပေးချက်များ သည် သြစတြေးလျ နိုင်ငံသားများအား ဆေးလိပ်အန္တရာယ်အကြောင်း ပညာပေးရာတွင် ထိရောက်မှုရှိကြောင်း ကင်ဆာကောင်စီမှ Sarah Durkin က ပြောကြားခဲ့သည်။ ဂရပ်ဖစ် ကျန်းမာရေးသတိပေးချက် အသစ်တွင် ဆီးချိုရောဂါ၊ လိင်အင်္ဂါချို့ယွင်းမှု၊ သားအိမ်ခေါင်း ကင်ဆာ၊ DNA ပျက်စီးမှုနှင့် ကလေးများ၏ အဆုတ်စွမ်းရည်အပေါ် သက်ရောက်မှုများကဲ့သို့ သော ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအချို့ကို ဖော်ပြထားပါသည်။ သြစတြေးလျ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အင်စတီကျုမှ အချက် အလက်များအရ နေ့စဉ် ဆေးလိပ်သောက်သူ ဩစတြေးလျ အသက် ၁၄ နှစ်နှင့် အထက် အချိုးအစားသည် ၁၉၉၃ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းမှ ၂၀၂၂-၂၃ တွင် ၈.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

ရပ်ရွာစီမံကိန်းများအတွက် ပီဆို ၁၀၀သန်းထောက်ပံ့ရန်ကတိပြုလိုက်သည့် DigiPlus

     DigiPlus Interactive ကုမ္ပဏီသည် ၎င်း၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ BingoPlus ဖောင်ဒေးရှင်းမှ တစ်ဆင့် ၂၀၂၄ ခုနှစ်တွင် ပီဆို ၁၀၀သန်းခန့်ကို နိုင်ငံတစ်ဝှမ်းရှိ ဖိလစ်ပိုင် နိုင်ငံသား ၁၂၀၀၀၀ ဦးရေ၏ ဘဝများအတွက် အကျိုးရှိစေသော အသက် မွေးဝမ်းကြောင်း ပံ့ပိုး‌ရေးအစီအစဉ်များ၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးများနှင့် ပညာရေးနယ်ပယ်များတွင် ထောက်ပံ့ပေးရန် ကတိပြုလိုက်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် DigiPlus သည် ပညာရေးအရင်းအမြစ်များကို အခွင့်အလမ်း နည်းပါးသော အသိုင်းအဝိုင်းများထံ ပေးအပ်ခြင်း၊ ဒစ်ဂျစ်တယ် စာ‌ပေသင်တန်းများ နှင့် အခဲ့အင်တာနက်များ သုံးစွဲအသုံးပြုနိုင်ရန် အတွက် PLUS စင်တာများ ဖွင့်လှစ်ခဲ့ပါသည်။ ၎င်း စင်တာများသည် ဒစ်ဂျစ်တယ်ခေတ်တွင် ကျောင်းသားများ နှင့် အလုပ်ရှာဖွေသူများ အတွက် လိုအပ်သော အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် ဘေးကင်းသော သင်ကြားရေးနေရားများအဖြစ် ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။ ၎င်း၏ ပညာရေးလှုပ်ရှားမှုများ ၏ အဓိက လုပ်ဆောင်ချက်မှာ ပညာသင်ဆုများ၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများနှင့် ထိုက်တန်သော ဖိလစ်ပိုင်ကျောင်းသားများအတွက် လမ်းညွှန်မှု အခွင့်အလမ်း များကို အပြည့်အဝထောက်ပံ့‌ပေးနိုင်ပြီး နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား ၆၀ ကျော်အား အခွင့်အ‌ရေးပေးနိုင်သည့် PLUS Factor Scholarship Program ဖြစ်ကြောင်းသိရပါသည်။ Typhoon Kristine တိုက်ခိုက်ပြီးနောက်တွင် DigiPlus သည် အရေးပေါ်အကူအညီအနေဖြင့် ပီဆို ၃၇ သန်းကို ‌ထောက်ပံ့ပေးခဲ့ပြီး ဘေးဒဏ်သင့်ရပ်ရွာများသို့ အရေးပေါ်ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့်ရေရှည်အသက်မွေးဝမ်းကြောင်း အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။ ထိုကနဦးလုပ်ဆောင်ချက်သည် ရေရှည်ကြံ့ခိုင်နိုင်စွမ်းရှိမှုနှင့် ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် ကုမ္ပဏီ၏ကတိကဝတ်ကို ထင်ဟပ်စေပါသည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်ချက်များအပြင် DigiPlus ကုမ္ပဏီသည် စီးပွားရေးအခြေတည်မှု ရရှိရန်အတွက် အရင်းအမြစ်များ၊ လေ့ကျင့် သင်ကြားမှုများနှင့် ကိရိယာတန်ဆာပလာများနှင့်အတူ လူတစ်ဦးချင်းစီအတွက် ရေရှည် တည်တံ့စေနိုင်သော အသက်မွေးဝမ်းကြောင်းအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး အစီအစဥ်များမှတဆင့် မိသားစုများ ကို လူနေမှုအဆင့်အတန်းမြှင့်တင်ရန် နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်းသိရပါသည်။

 

Philstar

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ