Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့တွင် GRANDMA(အဖွားလက်ရာ) စည်သွပ်ဗူးများအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှသစ်၊ ပဒေသာ၊ ဆန်းသစ်၊ ပြည့်စုံထွန်း၊ စီစီစီ အစရှိသည့် Center Mini Mart များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်း GRANDMA အဖွားလက်ရာ အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များ ကွဲလွဲမှုများရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများနှင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းမှရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်ဖြင့် အဝတ်အထည်နှင့်အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဟောပြောဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့် လျှောက်ထားရာတွင်  ကြိုတင် ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆိပ်ဖြူမြို့၌ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာ ဟောပြောဆွေးနွေး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူတာဝန်ခံနှင့်ဝန်ထမ်းသည် (၁၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကို သိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး ကျောင်းနေအရွယ်ကလေးများ ဘေးကင်း လုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေး ရည်ရွယ်၍ ဆိပ်ဖြူမြို့နယ် ကျီးပင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင်   ပြည်သူ (၃၄)ဦးနှင့် မြို့နယ်ကြက်ခြေနီ(၇)ဦး၊ စုစုပေါင်း (၄၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန် များ၊ စားသုံးကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ရှေးဦးသူနာပြုစုပုံ အဆင့်ဆင့်အကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ကျေးလက်ပြည်သူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ် တွင် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၁၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ကံမမြို့ မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူများဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ကုန်စည်များ နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ၊ အရက်နှင့်အဖျော်ယမကာ လက်လီ/ လက်ကားအရောင်းဆိုင်များ၊ အရက်ချက်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

    ၁၄.၁၀.၂၀၂၄ ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်၊ တံတားဖြူကျေးရွာရှိ မြမြင့်မိုရ်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့်ထုတ်လုပ်မှုနှင့် ပတ်သက်သော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ခွင့်ပြုချက်လက်မှတ်များ၊ ရေသန့်ထုတ်လုပ်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်/ မော်လမြိုင်ကားလမ်းဘေးရှိ ဦးအောင်သူမြတ်၏ D1A လိုင်စင်ရယူဆောင်ရွက်လျက်ရှိသော အရက်ချက်စက်ရုံ တည်ဆောက်ထားရှိမှုနှင့် ပိုင်ဆိုင်မှုအထောက်အထားများ၊ လုပ်ငန်းလည်ပတ်မှုအခြေအနေများအား တွေ့ဆုံမေးမြန်းကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကံမမြို့နယ်တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကံမမြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ စပ်လျဉ်းသည့် ကိစ္စရပ်များအနက် မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်အလက်များကို အသေးစိတ်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရပါသည်။

DOCA(မကွေး)

 

ကံမမြို့နယ်တွင် ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား အသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၄း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များသို့  ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကံမမြို့အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ချောင်းဆုံမြို့နယ်တွင် စည်သွပ်ဗူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

၁၅.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၁၄.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ