Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်နှင့်စပ်လျဉ်းသည့် သတင်းအ ချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန် အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျှက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထ ပတ်အတွင်း ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်မှ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅)လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ကြောင်း၊ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

တိုက်ကြီးမြို့နယ်တွင် မွေးမြူရေးဇုန်အတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ၊ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဆီထုတ်ကိုယ်စလှယ်များနှင့်ထုတ်ယူမှု၊ဝယ်ယူမှု၊ဖြန့်ဖြူးမှူခြအနေများနှင့်စပ်လျဉ်း၍လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပ

(၂၃.၆.၂၀၂၅) ရက်နေ့ မွန်လွဲ (၂) နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်းတွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ စစ်ကိုင်တိုင်း တွင်းရှိ စက်မှုလုပ် ငန်းသုံး စားအုန်းဆီကိုယ်စလှယ်များ နှင့်စက်မှုလုပ်ငန်းသုံး စားအုံးဆီ ဝယ်ယူထားရှိမှုအခြေအနေ ၊ထုတ်ယူရရှိမျုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများ နှင့်ပါတ်သက်ပြီး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပရာ လူကိုယ်တိုင်(၁၁)ဦး၊ Online ဖြင့် (၁၉)ဦး၊ သက်ဆိုင်ရာဝန်ထမ်း(၄)ဦး စုစုပေါင်း (၃၅ဦးတက်ရောက်ခဲ့ပါသည်။ တိုင်ဒေသကြီးဦးစီးမှူးက စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူသုံးဆွဲရာတွင် သင့်တင့် သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် စားသုံးမှုလိုအပ်ချက်များဖြည့်ဆည်း ရောင်းချ စေရန် ရည်ရွယ်၍ စားအုန်းဆီများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ စာအုန်းဆီ ကိုယ်စလှယ် များအနေဖြင့် လက်လီ၊လက္ကား ဖြန့်ဖြူရောင်းချရာတွင် သတ်မှတ်ထားသည့် အတိုင်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးနိုင်ရေး၊ အချက်အလက်ပြည့်စုံသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားသူ များအား ရောင်းချစေခြင်း၊ ပြည်သူများကိုသတ်မှတ် ရည်ညွှန်းဈေးဖြင့် သေချာစိစစ်ရောင်း ချရန်လိုအပ်ပါကြောင်း၊ဈေးကွက်အတွင်းသတ်မှတ်ထားသည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်မှုမျိုးများ လုပ်ဆောင်ပါက အ‌ရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊အခြေအနေအရပ်ရပ်တိုင်းသည်အလေးထားဆောင်ရွက်စေလိုကြောင်း၊ ရှင်းလင်း ပြောကြားခြင်း၊ ကိုယ်စလှယ်များမှလည်း သတ်မှတ်ထားသောစည်းကမ်းနှင့်အညီ ထုတ်ယူ ဖြန့်ဖြူးရောင်း ချပေးခြင်းနှင့် ပြည်သူအတွက် ဖြန့်ဖြူးရောင်ချပေးနေသော ဆီများ လိုအပ်ချက်များ ပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုပါ‌ကြောင်း၊ ဆွေးနွေးကြပြီး စက်မှု လုပ်ငန်းသုံးစားအုန်းဆီ ဆီထုတ်ကိုယ် စလှယ်များနှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ဝယ်ယူ လျှောက်ထားမှု၊ ထုပ်ယူမှု၊ဖြန့်ဖြူးမှုအခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ DOCA(စစ်ကိုင်း)

‌ဈေးကွက်အတွင်း “Signal” သွားတိုက်ဆေးအတုများ တင်သွင်းဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၀) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်နှင့် လေးကျွန်းမြေရပ်ရှိ စတိုးဆိုင်(၂)ဆိုင်၊ ကုန်မျိုးစုံဆိုင် (၁)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။ “Signal” အမှတ်တံဆိပ် သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအတုများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ရှိ “ကောင်းစံ” စတိုးဆိုင်၊ “ဆန်းသစ်ဝေ” စတိုးဆိုင်၊ လေးကျွန်းမြေရပ်ရှိ “သန်းကမ္ဘာ” ကုန်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၃)ဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ရာ Unilever EAC Myanmar Co.,Ltd မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Signal Cavity Fighter Toothpaste 150g အား ရောင်းချသည်ကို တွေ့ရှိရပြီး ထုပ်ပိုးထားသည့် ဗူးခွံပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိ ရသည်။ စစ်ဆေးခဲ့သောဆိုင်များတွင် “Signal” အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Signal အမှတ်တံဆိပ် ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပုဒ်မ ၄၁ ၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရ ရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ