Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း မုန့်စျေးတန်းအားကွင်းဆင်းစစ်‌ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင်း (၁၅.၈.၂၀၂၅) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းမုန့် စျေးတန်းရှိ မုန့်ဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချ နေသော မုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို အဓိကထားစစ်ဆေးခဲ့ပြီး အဆိုပါ မုန့်အမျိုးမျိုးတို့သည် စားသုံးသူများ ဘေးအန္တရာယ် ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့် စျေးတန်းတွင် မုန့်မျိုးစုံရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော မုန့်များကိုသာရောင်းချရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကိုသာ ရောင်းချစေရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် မြို့နယ်အတွက် တစ်ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၄၄) ပေပါအား ဘီးလင်းမြို့ လက်လီကိုယ်စားလှယ်များထံသို့ (၁၅.၈.၂၀၂၅) ရက်နေ့တွင် ပို့ဆောင် ရောက်ရှိခဲ့ပြီး (၁၆.၈.၂၀၂၅) ရက်နေ့မှစတင်၍ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပါသည်။

          ထိုသို့ စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူများအား ရောင်းချလျက်ရှိရာ တွင် (၁၇.၈.၂၀၂၅) ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချနေမှုူအား ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ခွဲတမ်းရစားအုန်းဆီ များအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူများပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချ ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)တွင် လူငယ်စကားဝိုင်းကျင်းပ

     ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို (၁၉.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီက မွန်ပြည်နယ်၊ မုဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)၌ ကျင်းပသည်။

      အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ (Grade-10)နှင့် (Grade-11) ကျောင်းသား/သူများက အမှိုက်မှရွှေသို့၊ လူငယ်များနှင့် Vape(ခေါ်) E စီးကရက်အန္တရာယ်၊ လူငယ်များနှင့် လူကုန်ကူးမှုအန္တရာယ်၊ စွမ်းဆောင်ရှင် လူငယ်များ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

     ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေနွေးသည့် အကြောင်းအရာများအား မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်း အစီအစဉ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်မျာအား လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်သားများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများအား (၁၈.၈.၂၀၂၅) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှု ဖြင့် ဆန်၊ ဆီနှင့် ကြက် သားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာ၌ ဆန်(၁)ပြည်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီ(၁)ပိဿာ လျှင် (၆၈၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရေကြည်မြို့နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၅)ရက်နေ့တွင် အ.ထ.က ကွင်းသုံးဆင့် ကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

                    ထိုဟောပြောပွဲတွင် ကလေးသူငယ်များအား စားသုံးရန်မသင့်သည့် မုန့်အမျိုးမျိုးကို သိရှိအောင် ဟောပြောဆွေးနွေးခဲ့ပြီး သိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်ကို ဦးတည်၍ စားသုံးသူများရထိုက်သည့် အခွင့်အရေးများ၊ ရွေးချယ်ဝယ်ယူနိုင်ခွင့်များနှင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ကိုလည်း ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

“ ခရမ်းမြို့နယ်ရှိဆန်းသစ်ဆန်စက်သို့MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း ဆောင်ရွက် ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ခံရန် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူး-ခရမ်းကားလမ်းဘေး၊ အမှတ်(၇)ရပ် ကွက်ရှိ ဆန်းသစ် ဆန်စက်သို့ ဩဂုတ်(၂၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ပိုင်ရှင် ဦးကျော်ဝင်းနှင့် တွေ့ဆုံ၍ ဆန်စက်၏ ထုတ်လုပ်နိုင်မှုစွမ်းအား၊ တစ်နှစ်ကြိတ်ခွဲထုတ်လုပ်မှု ဆန်တန်၊ တစ်နှစ်ကြိတ်ခွဲမှုစပါးတင်းများနှင့် စပါး(၁၀၀)ကြိတ်ခွဲပါက ထွက်ရှိမည့် ဆန်၊ ဆန်ကွဲစလတ်အိတ် အရေအတွက် စာရင်းများအား ကောက်ခံခဲ့ကြပြီး ဆန်စက် ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ခဲ့ကြပြီး ဆန်စက်ကြိတ်ခွဲထုတ်လုပ်နေမှုများအား လေ့လာကြည့်ရှု့ပြီး မြို့နယ်တာဝန်ခံက ဆန်တန်ချိန် (၂၅)တန်နှင့်အထက်၊ စပါးတင်း (၂၅၀၀)နှင့် အထက်သိုလှောင်ထားရှိပါက www.myro.com. Mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားကြရန် အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မေတ္တာမွန် (ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၁.၈.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နမီးစုရပ်ကွက် ရှိ မေတ္တာမွန် (ဆေးဆိုင်) သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PARACETAMOL TAPLET အမှတ်တံဆိပ်ပါ ပါရာစီတမော (၅၀၀ မီလီဂရမ်) ဆေးပြားသည် ဆရာဝန်ညွှန်ကြားချက်မလိုသောအိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

ရွာသစ်ကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) သည် (၂၁..၂၀၂၅) ရက်နေ့ ၊နေ့လယ် (၁:၀၀) နာရီအချိန်တွင်    မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ် ၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်း ထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ ဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ပြုလုပ်မှု တို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်း နေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမှုခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ(3) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

 

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင်များအား လုပ်ငန်းရှင်အသိပညာပေး

       ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးစောင့်ရှောက်ရန် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်လျက်ရှိရာ ကျုံပျော်မြို့နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၅)ရက်နေ့တွင် မြို့မစည်ပင်ရုံးအတွင်းတွင် စားသုံးဆီ လက်လီအရောင်းဆိုင်များအား လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား အပတ်စဉ်သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချက်အလက်ပြည့်စုံစွာပါရှိသည့် ဗီနိုင်း သို့မဟုတ် ဆိုင်းဘုတ်ဖြင့် ကြော်ငြာရောင်းချစေရေး၊ သိရှိလိုသည်များကို ဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

 

      ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့်  စားသုံးသူရေးရာဦးစီးဌာန၊  မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၀.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပလနကျေးရွာရှိ ခါကာဘိုရာဇီသောက်ရေသန့်စက်ရုံမှ လုပ်သားဝန်ထမ်း(၁၆)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂)မျိုး၊စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုဝယ်ယူရာတွင်  စိစစ်သင့်သည့်အချက်အလက်များ၊ မှတ်ပုံတင်ထားသောအွန်လိုင်းရောင်းချမှုလုပ်ငန်းများမှဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊တရားမဝင်တင်သွင်းလာသည့်ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ