Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့ရွှေဗျိုင်းဖြူစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မင်းရပ်၊ရပ်ကွက်ရွှေဗျိုင်းဖြူစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် (၂၅.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့ လယ်  (၁၄:၀၀ ) နာရီအချိန်တွင်၊ဦးစီးမှူး-ဒေါ်ခိုင်ခိုင်ရီ  မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှု့၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးခြင်း၊စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူက လက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း ကုန်စည်၏အရည်အသွေး အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန် ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊  သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းများကို အထူးအလေးထားဆောင်ရွက်ရန်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် အုတ်ဖိုမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၆.၁၁.၂၀၂၅) ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာရှိ ပွင့်သစ်စဆန်စက်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၄၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းများ လက်ကားဈေးအပေါ် ပိုမိုအမြတ်တင်ရောင်းချနေခြင်းရှိ/မရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်ပိုမို အမြတ်တင်ရောင်းချနေခြင်းရှိ/မရှိ သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများအနေဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း ဆေးဝါး အမျိုးအစားအလိုက် ရောင်းချသည့်အရေအတွက်၊ ဈေးနှုန်းဖြစ်ပေါ်မှု(အတက်/အကျ)၊ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ဆေးနှင့် ဆေး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ အမျိုးအစားတူ အာနိသင် တူညီသည့် ဆေးဝါးအမယ်များ ဝယ်ယူရရှိနေသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိပါ ကြောင်းနှင့် ဆေးဈေးနှုန်းများအနေဖြင့် သိသာစွာမြင့်တက်မှုမရှိပါကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။

DOCA(ပဲခူး

အုတ်ဖိုမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးသည် ၂၄.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀: ၃၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် ဘလားကျွဲဇင်းရွာ အခြေခံပညာအလယ် တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၆၂ဦး တက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး နံနက်(၁၁:၁၅) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

ဒေးဒရဲမြို့၌ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင်   ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိရေးနှင့် ပြတ်လပ်မှုမရ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ယနေ့မွန်းလွဲ (၁၄)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါးအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီး ဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်တွင် ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရှိရပါသည်။

DOCA(ဧရာဝတီ)

အုတ်ဖိုမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာသန့်ရှင်းရေး စာသင်ကျောင်းများစစ်ဆေးမှု

 

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်သည် ၂၄.၁၁.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် အုတ်ဖိုမြို့နယ် ဘလားကျွဲဇင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ ခရိုင်ပညာရေးမှုး မြို့နယ်ကျန်းမာရေးတို့  ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကွင်းဆင်း စစ်ဆေး၍ အကဲဖြတ်အမှတ်ပေးစနစ်အား ဆောင်ရွက်ခဲ့ပါသည်။နေ့လည်(၁:၀၀)နာရီတွင် အေးမြသာယာ ကျောင်းသို့သွားရောက်ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကျင်းပခြင်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အုတ်တွင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး Talk Showကို  ၂၇.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးရာတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့်မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တို့က မေးမြန်းဆွေးနွေးခြင်း၊ ဖြေကြားအသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

       အုတ်တွင်းမြို့နယ်အတွင်း ပြည်သူများအသိပညာရရှိရေး အသိပညာပေး Talk Show များကို အွန်လိုင်းမှတစ်ဆင့် သိရှိစေရေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

"သစ်ဆန်းညွှန့်"ဆေးနှင့်စတိုးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

          ၂၆.၁၁.၂၀၂၅ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ် "သစ်ဆန်းညွှန့်" ဆေးနှင့်စတိုးဆိုင်အား ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်ဌာနများပါ၀င်သော ပူးပေါင်းအဖွဲ့သည်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
        အဆိုပါကွင်းဆင်းမှုတွင် ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများအားလက္ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆေးသိုလှောင်ရုံနှင့် ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီး ဆေးဝါးများ ဈေးနှုန်းများအတက်/အကျဖြစ်ပေါ်နေမှုအခြေအနေ၊ ဆေးဝါးပစ္စည်းလက်ကျန်အနေအထားပေါ်မူတည်၍ ဆက်လက်ရောင်းချနိုင်မည့်အခြေအနေ၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး  ဆောင်ရွက်ထားရှိမှုအခြေအ‌
နေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်ဦးစီးဌာနတွင်  စားသုံးသူကာကွယ်ရေးဥပဒေအ‌ကြောင်း အသိပညာပေးခြင်း

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် အမျိုးသမီးသင်တန်းသူများကို စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ၂၆.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ (၁၀း၄၅) နာရီအချိန်အထိ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

    သင်တန်းပို့ချရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူကာကွ‌ယ်ရေး အသိပညာပေးခြင်းလုပ်ငန်း၏ သဘောသဘာဝ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးရာတွင် ထည့်သွင်းတွက်ချက်သင့်သည့်အချက်များအကြောင်း၊ ထိခိုက်လွယ်သည် စားသုံးသူအကြောင်း၊ စားသုံးသူအသိပညာပေးခြင်း အစီအစဉ်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များအကြောင်းကို သင်တန်းသူ( ၁၅)ဦးအားရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူသင်တန်းသူများ သိရှိလို၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ပန်းဖလက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းများဖြင့် မုန့်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း အသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းဖြင့် လုပ်ကိုင်နေသော မုန့်လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်းကို လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး ခန်းမတွင် ၂၃.၁၁.၂၀၂၅ ရက်နေ့က နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ဆွေးနွေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဒေသတွင်းတပိုင်တနိုင် မုန့်လုပ်ငန်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသူများဖြစ်သော အဆွေတော် နှမ်းလုံးမုန့်လုပ်ငန်း၊ ကောင်းစံမရွှေးလုပ်ငန်း၊ အားမီမရွေးလုပ်ငန်း၊ တက်နေဝန်း ပဲမုန့်၊ ဇကာကြီးသူ မုန့်ဟင်းခါးအမှစ်လုပ်ငန်း၊ အခြားသော ပေါင်မုန့်၊ ကိတ်မှန်လုပ်ငန်းအမျိုးမျိုးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းဆွေးနွေးပြီး ဈေးကွက်မရောက်မှီကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်လုံခြုံ စိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသား ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့မုန့်ထုတ်လုပ်မှုလုပ်ငန်း၏ ကုန်ကျစရိတ်နှင့် ထွက်ရှိမှုအကျိုးအမြတ်၊ ရောင်းချမှုဈေးနှုန်းများကို ပန်းဖလက်များပြုလုပ်၍ ထားရန်လိုအပ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး လိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ