Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ် ကောင်း နေကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကြိတ်ခေါက်ဆွဲလုပ်ငန်း ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးတွင်  ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပါသည်။ ကြိတ်ခေါက်ဆွဲများ ကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ ကြိတ်ခေါက်ဆွဲရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရပါသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်းများမှာ (၂၅)ကျပ်သား လျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ (၁)ပိဿာ လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြိတ်ခေါက်ဆွဲ ရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မအူပင် ဧက ၁၀၀ ငါးကန်းမှ ငါးများတူဖော်မှု ထွက်ရှိုမှုအခြေအနေများ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ဧက ၁၀၀ငါးကန်းတွင်  ဒေသတွင်းငါးစားသုံးမှုကို အထောက်အကူပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ငါးကန်မှ ငါးမွေးမြူရေး လုပ်ငန်းများ တူဖော်ဆောင်ရွက်ခြင်းကို ၂၂-၉-၂၀၂၅ ရက်နေ့ ၊နေ့လယ်  ၁၂နာရီတွင် တူးဖော်ဆောင်ရွက်ကြောင်း သိရသည်။ ငါးကန်းမှ မွေးမြူ‌ေသာ ငါးများကို မြို့နယ်အတွင်း ဈေးများသို့ ရောင်းချသလို ရန်ကုန်တင်ပိုမှု များရှိကြောင်းလဲ သိရသည်၊၊  လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးကာ ငါးကန်တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။

      မအူပင် အလန်းကျေးရွာ ဧက ၁၀၀ ငါးကန်တွင် ငါးမြစ်ချင်းကောင်ရေ ၇၀၀၀၀၀၊ ငါးကြင်းကောင်ရေ ၁၅၀၀၀၊ ငါးခေါင်းပွကောင်ရေ  ၅၀၀၀ စုစုပေါင်း ငါးကောင်ရေ ခုနှစ်သိန်း နှစ်သောင်းကျော်မွေးမြူထားပြီး သတ်မှတ်ရက်နှင့် ငါးရောင်းချရန် ဈေးတန်းဝင်သော ငါးများ ကို စနစ်တကျတူးဖော်ပြီး ရန်ကုန်တင်ပို့ခြင်းနှင့် မအူပင်မြို့ ဈေးအတွင်း ငါးအရောင်းအဝယ်ဒိုင်များမှ လာရောက် ဝယ်ယူကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖတ်ဈေးနှုန်း

       ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

           ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး )မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင် (၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။

         ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်()ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (၅၀)ကျပ်သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန် ခြောက်အသေး ()ဘူးလျှင်(၂၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး()ပြည်လျှင်(၂၀၀၀၀)ကျပ်၊ ပုဇွန် ခြောက်အကြီး()ဘူးလျှင်(၄၅၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး()ပြည်လျှင်(၃၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ကန်စွန်းရွက်ပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

      ကန်စွန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ လယ်ကန်သင်းရိုးများ၊ စိုစွတ်သောမြေများတွင် ကန်စွန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ကန်စွန်းပင်များပေါများ စွာပေါက်ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ကန်စွန်းရွက်ပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။

     ကန်စွန်း ပင်သည် အရွက်ရော၊အရိုးများကိုပါ စားသုံးနိုင်ကြောင်း၊ ယခုအခါကန်စွန်းရွက်ပေါင်းပြုလုပ်ရာ တွင်ကန်စွန်းရွက်နှင့်အရိုးနုကလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ မုန့်နှစ်၊ ဆား၊ ဆီ၊ ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့်ထုပ်ကာပေါင်းပြီး ကန်စွန်းရွက်ပေါင်းအဖြစ်ရရှိလာကြောင်း၊ ရရှိလာ သောကန်စွန်းရွက်ပေါင်းများကို ကန့်ဘလူမြို့မဈေးသို့လာရောက်ရောင်းချကြောင်း၊ ကန်စွန်းရွက် ပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ် လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ကန်စွန်းရွက်ပေါင်းသည်၏ ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း တစ်ရက်လျှင် ကန်စွန်းရွက်ပေါင်းထုပ်(၃၀မှ၄၀)ခန့်အထိ ရရှိပြီး ကန်စွန်းရွက် ပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမစိုက်ရဘဲထိုက်သင့်သည့် မိသားစုဝင်ငွေ ရရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်း

      အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အ သားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အု်နးသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

     ၂၀၂၅ခုနှစ်၊စက်တင်ဘာလ စတုတ္ထပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အု်နးသီး အစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ် အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှ ဝယ်ယူကြကြောင်း ၊အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးဈေးနှုန်းအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

       သလဲသီး၏ အခွံသည် အနီရောင်ဖြစ်ပြီး အတွင်းသားလေးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ လစတုတ္ထပတ်အတွင်း သလဲသီးအသေး()လုံးလျှင်(၁၀၀၀)ကျပ်၊ သလဲသီးအကြီး()လုံးလျှင် (၁၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

    ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာ လျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း (၁၀)ကျပ်သား လျှင် (၄၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

       ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃) စည်းလျှင်(၅၀၀)ကျပ်၊ (၇)စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း(၁)စည်းလျှင် (၂၀၀)ကျပ်၊ ပင်စိမ်း(၃) စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင် မများဟင်းချက်ရာတွင်လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း