Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများ ထုတ်ပေးလျက်ရှိ

    ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူချောမွေ့စွာ လုပ်ငန်းလုပ်ကိုင်နိုင်စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန် ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ ပိဿာလျှင် ၆၀၅၀/ ၆၀၇၅ / ၆၁၂၀ ကျပ်၊ ဈေးနှုန်းများဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

 

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

     မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီး ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်/ဘဲဈေးတွင် ဒီဇင်ဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ ပိဿာလျှင် ကျပ် (၁၃၀၀၀/၁၄၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ် (၅၅၀၀/၅၆၀၀)၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် ကျပ် (၅၅၀၀/၈၂၀၀)၊ ဘဲအရှင် ၁ ပိဿာလျှင် ကျပ် (၉၅၀၀/၁၀၀၀)၊ ချယ်ရီဘယ်ရီဘဲ ၁ ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်တို့ဖြင့် ကုန်အဝင် ပိဿာချိန် (၈၆၈၀၀) ရှိပြီး အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၂၆.၁၂.၂၀၂၃)

     ၂၆.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၆.၁၂.၂၀၂၃)

   ၂၆.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၁၂.၂၀၂၃ )

    ၂၆.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေတောင်မြို့နယ်တွင် မင်းတုန်းကြက်သွန်များအရောင်းအဝယ်ဖြစ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင်ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ ကိုင်းကျွန်း(ဟောင်း)ရှိ ဦးဝေဖြိုးပိုင်ဆိုင်သော ကြက်သွန်စိုက်ခင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ မင်းတုန်းကြက်သွန်စိုက်ဧကမှာ (၂)ဧကခန့်ရှိပြီး မင်းတုန်းကြက်သွန် မျိုးစေ့များကို မြောင်းတစ်မြောင်းပေါ်တွင် ကြဲပက်ထားပြီး (၁၀)ရက်အကြာတွင် ပျိုးပင်ပေါက်ကလေးများထွက်ရှိလာပါသည်။ အပင်ပေါက်လေးများကို အကျယ် ၃ပေ၊ အရှည်ပေ(၆၀)ရှိသော မြောင်းပေါင်(၆)မြောင်းပေါ်တွင် ပြန်လည်စိုက်ပျိုးရပါသည်။ မင်းတုန်းကြက်သွန်ကို သီတင်းကျွတ်လတွင်စတင်စိုက်ပျိုးပြီး (၂)လအကြာဖြစ်သော နတ်တော်လတွင် နှုတ်ယူရောင်းချကြောင်းသိရပါသည်။ ကြက်သွန်စိုက်ခင်း (၂)ဧကတွင် ကြက်သွန်နှုတ်ချိန် (၅)ရက်ကြာပြီး၊ တစ်ရက်လျှင် ပိဿာချိန် (၄၀)ခန့်ရရှိပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရန်ကုန်မြို့ရှိ ကြက်သွန်ပွဲရုံများက လာရောက်သိမ်းယူကြောင်းသိရပါသည်။ ကြက်သွန်(၂)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၈)သိန်းဝန်းကျင်ခန့်သာရှိပြီး အကျိုးအမြတ်မှာ ၂သိန်းခန့်ရရှိပြီးဈေးနှုန်းအတက်အကျပေါ်မူတည်၍ အကျိုးအမြတ်ကွာခြားကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ ဇယ်မအုပ်စု၊ ဘို့လည်ကုန်းရွာရှိ တောင်သူဦးအေးဝင်း၏ ပန်းဂေါ်ဖီစိုက်ခင်းသို့သွားရောက်၍ကွင်းဆင်းမေးမြန်းခဲ့ပါသည်။ ပန်းဂေါ်ဖီကို အစိုဓာတ်ရှိသော မေလတွင်စိုက်ပျိုးကြပြီး ပန်းဂေါ်ဖီစိုက်ပျိုးရန် ပျိုးပေါင်ကို မြေစိုင်ခဲလေးများရလာအောင်ပြုပြင်ပေးမှသာ လေဝင်လေထွက်ကောင်း၍ အညှောင့်ပေါက်အားကောင်းလာမည်ဖြစ်ပါသည်။ ပန်းဂေါ်ဖီပင်စိုက်ပျိုးရာတွင် ပျိုးပေါင်ကို (၂)လက်မခြားမြောင်းများတူးပြီးမှ မျိုးစေ့ကို ညီညာအောင်ချရပါသည်။ ထို့နောက် မျိုးစေ့ပေါ်တွင် မြေဆွေးမှုန့်ပါးပါးအုပ်ပြီး ၎င်းအပေါ်မှ သန့်စင်ပြီးသောကောက်ရိုးခြောက်များကို ပါးလွှာအောင်ဖုံးအုပ်၍ ရေရွဲရွဲလောင်းပေးရပါသည်။ မျိုးစေ့ချပြီး (၃/၄)ရက်အကြာတွင် အညှောင့်ပေါက်ပါသည်။ ပျိုးသက် (၄၅)ရက်ပြည့်မှ စိုက်ခင်းသို့ပြောင်းရွှေ့၍ စိုက်ပျိုးရပါသည်။ စိုက်ခင်းသို့ပြောင်း၍ စိုက်ပျိုးရာတွင် ညနေ(၃)နာရီနောက်ပိုင်းတွင် ပြောင်းရွေ့စိုက်ပျိုးသင့်ပြီး မြေဩဇာကို စုစုပေါင်း (၃)ကြိမ်ကျွေးရပါသည်။ ရေကို တစ်ပတ်(သို့) နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရပါသည်။ အပွင့်၏အချင်းမှာ (၂/၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းပေးရပါသည်။ (၂)လခွဲကြာလျှင် ပန်းပွင့်ကိုခုတ်ယူ၍ ရောင်းချရပါသည်။ ပန်းဂေါ်ဖီကို တစ်နေ့လျှင် အပွင့်၁၀၀အနည်းဆုံးခုတ်ယူရကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် စိုက်ခင်းတွင် အခင်းပြတ် အပွင့်အကြီးအသေးသောင်းပြောင်းတစ်ပွင့်လျှင် ၈၀၀ကျပ်ဖြင့် လာရောက်ဝယ်ယူကြပါသည်။ ဈေးများတွင် လက်လီဈေးမှာ အပွင့်အကြီးတစ်ပွင့်လျှင် ၁၀၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၇၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ဈေးကောင်းများရရှိသောကြောင့် အကျိုးအမြတ်များများရရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကိုင်းခရမ်းချဉ်သီးဈေးကွက်

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ပြည်ဒေသအနီးတဝိုက်မှစိုက်ပျိုးထွက်ရှိသော ကိုင်းခရမ်းချဉ်သီးများ ပြည်မြို့ပေါ်ရပ်ကွက်ရှိ လက်လီဈေးအသေးများနှင့် မြို့မဈေးကြီးသို့ ဝင်ရောက်မှုရှိလာပါသည်။ အဓိကအားဖြင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာနှင့် မကျီးစုရွာတို့မှ အဓိကဝင်ရောက်မှုရှိကြောင်းသိရပြီး တစ်ပတ်လျှင် တစ်ရက်ခြားသာအဝင်ရှိပါသည်။ ပိဿာချိန်အားဖြင့် တစ်ခါဝင်လျှင် အချိန် (၂၀/၃၀) ခန့်ဝင်ရောက်မှုရှိပြီး တစ်ပတ်ကို အချိန်၁၀၀ခန့်အဝင်ရှိကြောင်းသိရပါသည်။ စားသုံးသူများမှ ရှမ်းပြည်မှလာသော ခရမ်းချဉ်သီးထက် ဒေသထွက်ကိုင်းခရမ်းချဉ်သီးမှာ အချဉ်ဓာတ်ပိုသည့်အတွက် ငါးပိချက်၊ ခရမ်းချဉ်သီးဖုတ်ထောင်း၊ ခရမ်းချဉ်သီးအသုပ်များကို ပိုမိုချက်ပြုတ်စားသောက်သည့်အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါသည်။ ဈေးနှုန်းမှာ ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၄၀၀၀နှုန်းရှိပြီး ရှမ်းခရမ်းချဉ်တစ်ပိဿာလျှင်ာ ကျပ်၂၀၀၀နှုန်းသာရှိသော်လည်း စားသုံးသူများမှာ ကိုင်းခရမ်းချဉ်သီးများကို ပိမိုစားသုံးကြသောကြောင့် ယခုကာလတွင် ကိုင်းခရမ်းချဉ်သီးများအရောင်းသွက်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ပန်းဂေါ်ဖီဈေးကွက်

    ပြည်မြို့ပေါ်မြို့မဈေးကြီးနှင့် ရပ်ကွက်ဈေးများသို့ ပြည်ခရိုင်အတွင်း ပုတီးကုန်း၊ သဲကုန်း၊ အင်းမနယ်ဘက်များမှ ဝင်ရောက်မှုရှိပြီး ဒေသထွက်ပန်းဂေါ်ဖီကို ဗမာပန်းပွင့်၊ ခြံပန်းပွင့် စသည်ဖြင့် ခေါ်ဝေါ်ရောင်းချကြောင်းသိရပါသည်။ ခြင်းများဖြင့်ဝင်ရောက်မှုရှိပြီး တစ်ခြင်းလျှင် အပွင့်(၂၀-၂၅)ခန့်ကို အပွင့်အချော၊ အညှက်ပေါ်မူတည်ကာ ပါဝင်သည့်အတွက် တစ်ပတ်လျှင် ရက်ခြား (၄)ခြင်း (၅)ခြင်းခန့်ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ဒေသထွက်ဗမာပန်းဂေါ်ဖီမှာ ရှမ်းပြည်မှလာသော ပန်းဂေါ်ဖီနှင့်မတူဘဲ အရိုးတံရှည်ကာ ပိုမိုနူးညံ့မှုရှိကြောင်းသိရပါသည်။ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာအိမ်အူလမ်းကြောင်းရောင်ရမ်းမှုကိုကျဆင်းစေခြင်း ဗီတာမင်စီဓာတ်လည်းကြွယ်ဝသဖြင့် ကိုယ်ခံအားကိုတိုးတက်စေခြင်း၊ ကယ်လိုရီပါဝင်မှုလည်းနည်းသဖြင့် ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် ဒေသထွက်ဗမာပန်းပွင့်မှာ တစ်ပွင့်လျှင် ကျပ်(၁၀၀၀-၁၂၀၀) နှုန်းရှိပြီး ရှမ်းပွင့်မှာ ကျပ် (၁၈၀၀-၂၀၀၀)ခန့်ရှိကာ ရှမ်းပန်းဂေါ်ဖီမှာ (၅)ရက်ခြားတစ်ခါသာ ပြည်ဈေးကွက်သို့အဝင်ရှိ၍ တစ်ခါဝင်လျှင် အပွင့် (၁၅၀/၂၀၀) ခန့်အဝင်ရှိကြောင်းလည်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲပုတ်သစ်များ ဈေးကွက်သို့ဝင်ရောက်လာခဲ့

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ပြည်ပဲဈေးကွက်သို့ ပဲသစ်ဝင်ရောက်မှုအနေဖြင့် ပဲပုတ်သစ်များလည်း ဝင်ရောက်လာခဲ့သည်ဟုသိရပါသည်။ ပန်းတောင်းဘက်နှင့် ပြည်ခရိုင်တဝိုက်ရှိ ဒေသတချို့မှ နေ့စဉ် ဝင်ရောင်ခြင်းဖြစ်ကာ တစ်ရက်လျှင် တင်း၅၀ကျော်မှ တင်း၁၀၀အထိအဝင်ရှိခဲ့ကြပါသည်။ ထို့ကြောင့် ပဲပုတ်သီးနှံအား ယခုဒီဇင်ဘာလ တတိယပတ်တွင် လက်လီသများဝယ်ယူမှုရှိခဲ့သောကြောင့် အိတ်၅၀ကျော်ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ပဲပုတ်သီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၆၅ဝဝဝိ/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်အတွက် မတ်ပဲသီးနှံဈေးထက် ဈေးနှုန်းလျော့နည်းနေသော်လည်း ပဲတီစိမ်းသီးနှံထက် ဈေးနှုန်းပိုရခဲ့ပြီး ယခင်နှစ် ပဲဈေးထက်လည်း ဈေးနှုန်းအနည်းငယ်ပိုရလာခဲ့ပါသည်။ ယခင်နှစ်တွင် တစ်တင်းလျှင် ၆၃ဝဝဝိ/-ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း