Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီး များကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

 ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျှင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပေမဲ့ ဈေးနှုန်းအနေဖြင့် သက်သောသောကြောင့် ယခုအခါမှာတော့ ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရ ပါသည်။

ယခင် ဒီဇင်ဘာလ တတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် အမျိုးအစား ခရမ်းချဉ်သီးနှင့် ရိုးရိုးဗမာ အမျိုးအစား ခရမ်းချဉ်သီးဟူ၍ နှစ်မျိုးပေါ်လာပြီး ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/ အသေး ပေါ်မူတည်၍တစ်ပိဿာလျှင်(၅၀၀၀/၆၀၀၀)ကျပ် ဖြစ်ပြီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခု ဒီဇင်ဘာလ စတုထ္ထအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/ အသေး ပေါ်မူတည်၍ တစ်ပိဿာ လျှင်(၅၀၀၀/၅၅၀၀)ကျပ်ဖြစ်ပြီး (၂၅)ကျပ်သားလျှင်(၁၅၀၀/၁၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလ တတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက  ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒေသတစ်ခုထုတ်ကုန်တစ်ခု ဘူးစိုက်ပျိုးခြင်းလုပ်ငန်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဒေသထုတ်ကုန်တစ်ခုဖြစ်သည့် ဘူးစိုက်ပျိုးခြင်း လုပ်ငန်းဖြစ်သည့် ကွမ်းခြံကုန်းကျေးရွာ ဒေါ်အုန်းထွေး၏ ဘူးစိုက်သည့်လုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီး ဌာနမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ဘူးစေ့မျိုးများကို မြို့ပေါ်ရှိမျိုးစေ့ဆိုင်များမှ ဝယ်ယူစိုက်ပျိုးခြင်း ဖြစ်ပါ သည်။

          ဘူးစေ့များကို မြောင်းဆွဲ၍ ဘူးစေ့များ တစ်မြောင်းလျှင် ၈ စေ့ခန့်ထည့်၍ ၂ စေ့ခြားဆီစိုက်ပျိုးပြီး (၃) ရက်ခန့်ကြာလျှင် အညှောင့်ထွက်၍ (၁၀) ရက် (၁၅) ရက်ကြာလျှင် အပင်ရှည်ထွက်လာပြီး တစ်လခွဲလျှင် အသီးအပွင့်များ ထွက်လာပါသည်။ ဘူးပင်စိုက်ပျိုးသည့် အလုပ်သမား (၂) ယောက်ခန့်လိုအပ်ပြီး ဘူးသီး (၁) လုံးလျှင် ၂၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိပါသည်။

          ကုန်ကျစရိတ်နည်းပါး၍ ဝင်ငွေကောင်းသော ဘူးပင်သည် အိမ်တစ်အိမ်မိသားစုတစ်စု၏ မီးဖိုချောင်ဝင်ငွေရရှိစေပြီး ဒေသခံတွေဝယ်ယူစားသောက်ရာတွင်လည်း အဆင်ပြေသည့်အပြင် စီးပွားဖြစ်စိုက်ပျိုး၍လည်း နီးစပ်ရာမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေ

 ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင် ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး မှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

 ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ယခင်ဒီဇင်ဘာလ တတိယပတ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)(၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင်း၊ ယခု ဒီဇင်ဘာလ စတုထ္ထပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိကြောင့် ဒီဇင်ဘာလ တတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

 

 

ကန့်ဘလူမြို့နယ်အတွင်းရှိ ပန်းဂေါ်ဖီ ဈေးနှုန်း အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေး တွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ပန်းဂေါ်ဖီများကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  နိုဝင်ဘာလ ကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အ‌သေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေး နှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည် ရောင်းချသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ တတိယပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့် လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းရှိခဲ့ပြီး  ယခု ဒီဇင်ဘာလ စတုထ္ထပတ်တွင်လည်း ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့် လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရှိပြီး ယခင် ဒီဇင်ဘာလ တတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်နေ လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်း အခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

ဂေါ်ဖီထုတ်ကို အသုံးပြုပုံမှာ အကြော်အချဉ်ဖျော်စပ်ရာတွင်လည်းကောင်း၊ ကော်ပြန်ကြော်၊ စမူစာကြော်၊ အသုပ်စုံ နှင့် မုံညှင်းချဉ်တို့တွင် ရောနှောထည့်သုံးသလို မုံလာထုတ် အစိမ်းကို ရေစိမ်၍ အတို့အမြုပ်ဖြင့်လည်းစားကြသလို အခြားသီးနှံများဖြင့်လည်းရောကြော်ပီး စားကြသည့်အတွက် အရှိ မဖြစ် ကုန်စိမ်းသီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

ကန့်ဘလူမြို့ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီ ထုတ်များကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု နိုဝင်ဘာ လကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုတ်များကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ဂေါ်ဖီထုတ်များကို အထုတ်အကြီး/အ‌သေးသောင်းပြောင်းဝယ်ယူကာ ဖောက်သည် ဈေး နှုန်းအနေဖြင့် ဂေါ်ဖီထုတ် တစ်ထုတ်လျှင် (၂၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ တတိယပတ်တွင် ဂေါ်ဖီထုတ် အကြီး/ အသေး ပေါ်မူတည်၍ တစ်ထုတ်လျှင် (၃၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ စတုထ္ထပတ်တွင် ဂေါ်ဖီထုတ် အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက  ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ်တွင် ရောင်းချနေသော သစ်သီးဝလံဈေးနှုန်း

            မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်  သစ်သီးဝလံများ ရန်ကုန် သီရိမင်္ဂလာဈေးဘက်မှ ဝင်ရောက်နေပြီး သစ်သီးဝလံဈေးနှုန်းများမှာ မအူပင်ဒေသထွက်စိုက်အပျိုးသော အုန်းသီး တစ်လုံး ၂၅၀၀ကျပ်၊ ငှက်ပျော်သီး ၁ဖီး ၂၅၀၀-၃၀၀၀ကျပ်၊ ဝေါ၊ ဒိုက်ဦးဘက်မှ စိုက်ပျိုူးသော ဖရဲသီး ၁လုံး ၃၅၀၀-၂၈၀၀ကျပ်၊ ဘားအံဘက်မှ လာသော သရက်သီး ၁လုံး ၁၀၀၀-၁၅၀၀ကျပ်၊ ပန်းတနော်၊ ညောင်တုန်းဘက်မှ စိုက်ပျိုးထွက်ရှိသော မာလကာသီး ၁၀၀၀-၁၃၀၀ကျပ်၊ ရှမ်းပြည်ဘက်မှ ပန်းသီး ၁လုံး ၂၀၀၀-၂၃၀၀ကျပ်၊ လိမ္မော်သီး ၁လုံး ၅၀၀-၇၀၀ကျပ်၊ ထောပတ်သီး ၁လုံး ၁၀၀၀-၁၅၀၀ကျပ်၊ သီပေါ နာနတ်သီး ၁လုံး ၈၀၀၀ကျပ်၊ မွန် ကျွဲကောသီး ၁လုံး ၁၂၀၀-၁၅၀၀ကျပ်၊ အောင်ပန်းလိမ္မော် ၁လုံး ၃၅၀- ၅၀၀ကျပ်၊ မအူပင် သံပုရာသီး ၁၅၀-၂၀၀ကျပ်၊ သီဟိုဋ်စေ့ ၁ပိဿာ ၃၅၀၀၀-၄၀၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေပြီး ဒေသထွက် သစ်သီးဝလံမှ လွဲ၍ အခြားသစ်သီးဝလံများကို ရန်ကုန် သီရိမင်္ဂလာဈေး မှ မှာယူရောင်းချကြောင်း သီးနှံတစ်မျိုးကို ခြင်းလိုက်မှာယူရောင်းချပြီး အရင်းအနှီးကြီးကြောင်း အမြတ်နည်းနည်သာတင်ရောင်းချနေကြောင်းကို  မအူပင်သစ်သီးဝလံရောင်းချသူ လုပ်ငန်းရှင်တစ်ဦး ပြောပြချက်အရ သိရသည်၊

DOCA(ဧရာဝတီ)

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်အခြေအနေ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင် လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်/ဘဲဈေးဒိုင်၏ ၂၃-၁၂-၂၀၂၄ ရက်နေ့ ဈေးကွက်ဈေးနှုန်းများ အရ နေ့စဉ်ကြက်ကောင်ရေ (၅၇၂၂၅)ခန့်နှင့် ဘဲကောင်ရေ (၅၀၀)ခန့်တို့ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။ 

        ဒီဇင်ဘာလ စတုတ္တပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်အကောင်ပြတ် တစ်ပိဿာဈေးနှုန်း မှာ ဗမာကြက်(၁၈၀၀၀ မှ ၃၁၀၀၀) ကျပ်၊ကြက်နီ(မွေးမ)(၁၂၈၀၀ မှ၁၆၀၀၀)ကျပ် တို့ရှိပါသည်။     စီပီအသားတိုးကြက်မှာ တစ်ပိဿာဈေးနှုန်း (၁၀၀၀၀ ကျပ် မှ ၁၀၈၀၀) ကျပ်နှင့် ချယ်ရီ၊ဘယ်ရီဘဲ တစ်ပိဿာ(၁၅၀၀၀ ကျပ်မှ ၁၉၀၀၀)ကျပ် တို့ရှိကြောင်းသိရှိရပြီး ၊အထူးသဖြင့် စီပီအသားတိုးကြက် မှာ အများဆုံးရောင်းချရပြီး တစ်ရက်လျှင် ပိဿာ (၅၆၂၀၀)ခန့် နှင့်ကြက်နီ(မွေးနီ/မ)များမှာ တစ်နေ့ လျှင်ပိဿာ(၁၂၄၇၀)ခန့်နှင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်နီ (မွေးထီး/မ)မှာ ဒန်ပေါက် လုပ်ငန်းများအတွက် ဝယ်ယူကြကြောင်း နှင့် စီပီအသားတိုးကြက်မှာ ဘာသာရေးပွဲတော်များနှင့်  အလှူအတန်းများအတွက် အသုံးများလေ့ရှိကြောင်းသိရှိရပါသည်။

ကြက်/ဘဲ ဈေးဒိုင်ဈေးကွက်အရ သိသိသာသာဈေးနှုန်းမြှင့်တက်ခြင်းမရှိသော်လည်း ဘာသာရေးပွဲတော်ရက်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ဝယ်လိုအားများကြောင်း သတင်းရရှိ ပါသည်။

DOCA(ရန်ကုန်)

မအူပင်ခရိုင်အတွင်းရှိ ရေချိုငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် စပါးကို အဓိကစိုက်ပျိုးပြီး ရေထွက်ကုန်၊ လယ်ယာထွက်ကုန်များ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြေခံ၊  ရေကန် ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်သည်။

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ် (၄)မြို့နယ်သာရှိပြီး  ငါး၊ပုဇွန်ကန်များဖြင့် ငါးပုဇွန်မွေးမြူသူဦးရေမှာ ငါး ကန်ပိုင်ရှင်ဦးရေ (၂၄၁၅)၊ ပန်းတနော်မြို့နယ်တွင် ငါးကန်ပိုင်ရှင်ဦးရေ (၄၉၁)ဦး၊ ညောင်တုန်းမြိုနယ်တွင် ငါးကန်ပိုင်ရှင်(၁၅၃၄)ဦးနှင့် ဓနုဖြူမြို့နယ်တွင် ငါးကန်ပိုင်ရှင်(၂၈၉)ဦးတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို နှစ်စဉ် တိုးတက်မွေးမြူ လျှက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

            ရေချိုငါးများကို ငါးကန်များဖြင့် မွေးမြူခြင်းအပြင် သဘာဝအတိုင်း မြစ်ချောင်း၊ အင်းအိုင်များတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်းများလည်းရှိပါသည်။ ငါးသားဖောက်ရောင်းချသူများလည်းရှိသည်။ ရေချိုငါးမွေးမြူရေး ကန်များမှ ငါးသားဖောက်များကို ၄လက်မခန့် အရွယ်ရှိပြီး ငါးသားဖောက်များကို စတင်မွေးမြူသည်အချိန်မှ (၁၃)လကြာချိန်တွင် ၈၀ကျပ်သားခန့်ရှိ ငါးမြစ်ချင်း ငါးများ ရရှိပြီး တစ်ပိဿာလျှင် ၁၀၀၀၀/-ကျပ်ဈေးဖြင့်၊ ငါးကြင်း ၁ပိဿာ ၁၃၀၀၀ကျပ်ဈေးဖြင့်၊ ငါးခူ ၁ပိဿာ ၁၅၀၀၀ကျပ်ဈေးဖြင့် ရန်ကုန်စံပြဈေး၊ ရွှေပိတောက်ငါးဈေးနှင့် ရန်ကုန်မြို့ရှိ ငါးဒိုင် ကြီးများသို့ ပြည်တွင်းစားသုံးရန်တင်ပို့ရောင်းချလျှက်ရှိပါသည်။ ငါးကန်များမှ ငါးကန်ဖော်ချိန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ချိန်ပျမ်းမျှပိဿာ ခုနှစ်သောင်းခွဲခန့် ပေးပို့ လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

            မအူပင်ခရိုင်အနေဖြင့် ရေထွက်ပစ္စည်းများပေါများသဖြင့် ပြည်ပဝင်ငွေများစွာရရှိသည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး စီးပွားဖြစ်ထွန်းသော မြို့တစ်ခုဖြစ်သည်။

DOCA(ဧရာဝတီ)

တာမွေ(ယာယီ)ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ၊ တာမွေ (ယာယီ) ဈေးအတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း / ဆန်ချော အမျိုးအစားများအလိုက် 2024 ခုနှစ် ဒီဇင်ဘာလ  စတုတ္တပတ်တွင် ဧည့်မထတစ်ပြည်လျှင် (3၀00 မှ ၄၀00) ကျပ်ထိ၊ ဇီယာတစ်ပြည်လျှင် (၄၂00 မှ 50၀0) ကျပ်ထိ ၊   ပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၅၅၀၀ မှ6၈00) ကျပ်ထိလည်းကောင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

        အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ)  တစ်ပိဿာ ၇၆၉၅ ကျပ်၊   ပဲဆီ တစ်ပိဿာ (၁၅၀၀၀ မှ ၁၈000 )ကျပ်ထိ ၊ ကြက်သွန်နီ တစ်ပိဿာ(၂၈၀၀ မှ ၃၀00) ကျပ်ထိ ၊ ကြက်သွန်ဖြူ တစ်ပိဿာ(၁၅၀၀၀ မှ 2၂00၀) ကျပ်ထိ ၊ ဆားတစ်ထုပ် (၁500 မှ ၁၇၀၀) ကျပ်ထိ၊  ငရုပ်တောင့်(ရှည်) တစ်ပိဿာ (၁၅၀၀၀ မှ ၂၀၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်(ပု) တစ်ပိဿာ (၂၀၀၀၀ မှ ၂၅000 ကျပ်၊  ကုလားပဲခြမ်းတစ်ပိဿာ (၇၀၀၀ မှ 7၅00)ကျပ်ထိ၊ ချင်းတစ်ပိဿာ (၁၀၀၀၀ မှ ၁၅000 )ကျပ်ထိ တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ (၁၃၀၀၀ မှ ၁၆000) ကျပ်ထိ ၊ မြန်မာကြက်တစ်ပိဿာ(၂၀၀၀၀ မှ ၂၅000) ကျပ်ထိ ၊ ဝက်သားတစ်ပိဿာ (၂၅၀၀၀ မှ ၂၈၀၀၀)ကျပ်ထိ၊ ဘဲသားတစ်ပိဿာ(၁၇၀၀၀ မှ ၂၀000) ကျပ်ထိ၊ ဆိတ်သားတစ်ပိဿာ(၂၈၀၀၀ မှ ၃၃000) ကျပ်ထိ၊ အမဲသားတစ်ပိဿာ(၁၈၀၀၀ မှ 2၅000) ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာ(၂၀၀၀၀ မှ ၂၅000)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာ(၁၂၀၀၀ မှ ၁၅000)ကျပ်ထိ၊ ငါးခူတစ်ပိဿာ(၂၀၀၀၀ မှ ၃၅000) ကျပ်ထိ၊ ရေချိုပုဇွန်(လတ်)တစ်ပိဿာ (၂၀၀၀၀ မှ ၄၀000) ကျပ်ထိ၊ ရေငန်ပုဇွန် (လတ်) တစ်ပိဿာ(၂၅၀၀၀ မှ ၃၀000) ကျပ်ထိ၊ ငါးတန်တစ်ပိဿာ (၈၀၀၀ မှ ၂၅000 )ကျပ်ထိ၊ ပင်လယ် ငါးစုံတစ်ပိဿာ (၇၅၀၀ မှ ၁၀000) ကျပ်ထိ ၊ ငါးရံ့တစ်ပိဿာ(၁၈၀၀၀ မှ ၃၀000 )ကျပ်ထိ၊  ငါးသလောက်တစ်ပိဿာ(၁၅၀၀၀ မှ ၄၅000)ကျပ်ထိ ၊ ပုဇွန်ခြောက် တစ်ပိဿာ (၆၀၀၀၀ မှ 1၅0000) ကျပ်ထိ ၊ ငါးရံ့ခြောက်တစ်ပိဿာ (၁၀၀၀၀၀ မှ ၁၅000၀)ကျပ်ထိ ၊ အာဗြဲခြောက် တစ်ပိဿာ (၃၀၀၀၀ မှ၄၀000) ကျပ်ထိ တို့ဖြစ်ကြောင်း  သိရှိရပါသည်။

          ၂၄.၁၂.၂၀၂၄ ဈေးကွက်ဈေးနှုန်းများအရ စားအုန်းဆီဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးအနည်းငယ်တက်ပြီး၊ ပဲဆီဈေးနှုန်းမှာ ဝယ်လိုအားနည်းသဖြင့် ဈေးအနည်းငယ် ကျဆင်းသွားကြောင်း ၊ အခြားအခြေခံဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပြီး ကြက်ဥဈေးနှုန်းမှာ သက်ဆိုင်ရာဌာနများ၏ အစီအစဥ်ဖြင့်ဈေးကွက်အတွင်းရောင်းချပေးခြင်းကြောင့် ဈေးသိသိ သာသာကျဆင်းသွား ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရန်ကုန်အရှေ့ပိုင်းခရိုင်ဈေးကွက်အတွင်းရှိ ကြက်ဥဈေးနှုန်းများအခြေအနေ

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ဗိုလ်တထောင် ခရိုင် ၊သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင် စသည့် ခရိုင် (၃)ခုအတွင်း မြို့နယ် (၁၄) မြို့နယ်ရှိ စားသုံး သူများအနေဖြင့်   အခြေခံစားသောက်ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဘဲဥ ၊ ကြက်ဥများကို သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ဝယ်ယူစားသုံးအသုံးပြုနိုင်ရန်အတွက်   တာဝန်ရှိသူများက  စီမံ ဆောင်ရွက်ပေးလျက်ရှိရာ   အခြေခံစားသောက်ကုန်တစ်ခုဖြစ်သောကြောင့် ကြက်ဥများကို  ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍  ကြက်ခြံ များမှ တိုက်ရိုက်ဝယ်ယူလျက် စည်ပင်သာယာဈေးများအတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့    စည်ပင်သာယာရေးအဖွဲ့အနေဖြင့်  ကြက်ဥများကို   ကြက်ခြံများမှ   တိုက်ရိုက် ဝယ်ယူရောင်းချရာတွင် ကြက်ဥတစ်လုံးလျှင်  (၃၆၀) ကျပ်ဖြင့်  ရောင်းချပေးလျက်ရှိရာ    ယခင်က (၄၀၀ မှ ၅၅၀)ကျပ်ထိ ရှိခဲ့ရာမှ   ယခုအခါ ကြက်ဥတစ်လုံးလျှင် (၃၆၀)ကျပ်ဖြင့်   ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကြောင့်  ပြည်တွင်းစားသုံးသူများအတွက် ဝယ်ယူမှုအဆင်ပြေလျက်ရှိပြီး ၊ ကြက်ဥ ဝယ်ယူစားသုံးမှု မြှင့်မားလာကြောင်း နှင့် ရှေ့ဆက်လက်ရောင်းချပေးနိုင်ရန်အတွက်   ရည်မှန်းထား ကြောင်း  စည်ပင်သာယာရေးအဖွဲ့များထံမှ  သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း