Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၁၂.၂၀၂၃ )

    ၂၇.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အောင်လံကုန်စည်ဒိုင်၏သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

      အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာ(၁)အိတ်လျှင် ယခင် အပတ် (၁၃-၁၂-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀-၃၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၉-၁၂-၂၀၂၃) ရက်နေ့ တွင်လည်း ကျပ်(၃၁၀၀၀၀-၃၄၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀-၃၀၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ ယခင်အပတ် တွင်  ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)စသည်ဖြင့် အသီးသီးဈေး မြင့်ခဲ့ပါသည်။ နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)၊ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ် များဖြင့် နှမ်းနက်(စမုံ)(၁၃၅၀)အိတ်၊ နှမ်းနီ(၁၁၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းပြာ (၃၆၀)အိတ်တို့ အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

         ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ် ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၂၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၇၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင် အပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး ပဲစဉ်းငုံ(နီ)မှာ ယခင်အပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၄၅၀၀-၉၅၀၀၀)ဖြစ်၍ ကျပ်(၅၅၀၀-၅၀၀၀)ဈေးလျောခဲ့ပါသည်။ ကုလားပဲ(မြကြေး) ယခင်အပတ် တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၁၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၂၀)အိတ်၊ ဘိုကိတ်ပြာ(၁၁၀) အိတ်၊ ကုလားပဲ(H-L)(၁၇၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၈၃၀)အိတ်၊ ပဲကြီး(၂၀၀)အိတ်၊ ပဲတီစိမ်း(၁၈၅၀) အိတ်၊ ပဲစဉ်းငုံနီ(၂၃၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၁၅၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀-၆၈၀၀)ဖြစ်၍ ကျပ်(၉၀၀-၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊  မြေပဲ တောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၂၁၀၀၀-၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀-၂၈၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀-၅၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၈၀၀)အိတ်၊ မြေပဲလုံးဆံနီ(၃၅၀)အိတ်၊ မြေပဲတောင့် အစိုတင်း(၄၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၁၀၀-၃၂၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၃၁၀၀-၃၂၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၂၈၀၀၀)ပိဿာ အရောင်း အဝယ်ရှိခဲ့ပါ ကြောင်းနှင့် ယခုရာသီအချိန်အခါမှာ ဝါသီးနှံများလှိုင်လှိုင်ထွက်ရှိသည့်အချိန်အခါဖြစ်ပြီး အမြင့်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း အောင်လံကုန်စည် ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိဈေးများ၌ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

         မကွေးမြို့ပေါ်ရှိဈေးများသို့ ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်သီးခြောက်နှင့် ကြက်သွန်ဖြူကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီ ကိုဆိပ်ဖြူမြို့၊ ရေနံချောင်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိပွဲရုံများမှ သိရှိရပါသည်။

        ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း မကွေးမြို့တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘို (ပေါ်ဆန်း)(၁)ပြည်လျှင် ကျပ်(၆၇၀၀)၊ ဧရာပဒေသာ (ကုန်းဇောင်း)(၁)ပြည်လျှင် ကျပ်(၆၂၀၀)၊ ဧည့်မထ (၁)ပြည်လျှင် ကျပ်(၄၆၀၀)၊ ရတနာတိုး(၁)ပြည်လျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်နီလက်လီဈေးမှာ (ကြီး)(၁)ပိဿာလျှင် ကျပ်(၄၃၀၀) (အလတ်)(၁)ပိဿာ ကျပ် (၄၂၀၀)၊ (သေး)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူလက်လီဈေးမှာ ကြူကုတ်(၁) ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၈၀၀၀)၊ ရှမ်း(၁)ပိဿာ လျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီးခြောက်(ရှည်) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ (အပု)(၁)ပိဿာ လျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၈၀၀)၊ ကြက်ဥ လက်လီဈေးမှာ (၁)လုံးလျှင် ကျပ်(၁၇၀-၃၀၀)၊ အသား၊ ငါးဈေးနှုန်းများမှာ ကြက်သား(CP )(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာ လျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ငါးမြစ်ချင်း(၁) ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

DOCA(မကွေး)

ပေါက်ခေါင်းမြို့နယ်တွင် ကြံများစတင်ထွက်ပေါ်၍ တောင်သူများတွက်ခြေကိုက်

    ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧကမှာ (၂၀၀၀၀)ဧကကျော်ရှိပြီး ယခုအချိန်တွင် ကြံများထွက်ပေါ်လာပြီဖြစ်၍ သကြားစက်များသို့တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်တွင် ကြံအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၃၇)တန်ခန့်ထွက်ရှိပြီး ယခင်နှစ်တွင်လည်း တစ်ဧကလျှင် (၃၇)တန်ခန့်ထွက်ရှိ၍ အထွက်နှုန်းတူသော်လည်း ဈေးနှုန်းကွားခြားကြောင်း တွေ့ရပါသည်။ ပေါက်ခေါင်းမြို့ရှိ ကျေးရွာများမှထွက်ရှိသော ကြံများကို အင်ငါးခွသကြားနှင့် နဝဒေးသကြားစက်သို့ တင်ပို့ရောင်းချကြပါသည်။ ကြံဈေးနှုန်းအနေဖြင့် တစ်တန်လျှင် (၁၂၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်တွင် ကြံတစ်တန်လျှင် (၇၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် ကြံဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရပါသည်။ ထိုကြောင့် ကြံစိုက်သူတောင်သူများအနေဖြင့် ကြံအထွက်နှုန်းလည်းကောင်းပြီး ဈေးကောင်းလည်းရရှိ၍ အကျိုးအမြတ်များရရှိကာ တွက်ချေကိုက်သောနှစ်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရာသီစာ ပေါင်းတလည်မန်းမရွေး ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေ

   မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော ယခုကဲ့သို့ ဆောင်းရာသီအချိန်တွင်သာ ဝယ်ယူစားသုံးနိုင်သော အစားအစာမှာ ပေါင်းတလည်မြို့၏ ဒေသထွက်အစားအစာ ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ပြီး ထန်းလျက်ရေလောင်းထားသော မန်းမရွေးဖြစ်ပါသည်။ မန်းမရွေးပြုလုပ်ပုံမှာ ကောက်ညှင်းဆန်ကိုပေါင်း၍ ညက်နေအောင်ထောင်းရပါသည်။ မုန့်သားများညက်သွားလျှင် သစ်သားဒလှိမ့်တုံးနှင့် ပါးပါးလေးရအောင်လှိမ့်ပေးရပါမည်။ မုန့်ပါးပါးများကို နေပူပူ၌ဖြန့်လှန်းထားပြီး မုန့်သားအထပ်ထပ်ရှိလာသည့်အခါ ကတ်ကြေးကိုဆီသုတ်၍ အရွယ်တော်ညှပ်ရပါမည်။ ထို့နောက် ခြောက်သည်အထိနေလှန်းပြီး သဲပူပူ၌ာ ပြန်၍လှော်ရပါသည်။ ထိုအခါ မုန့်များပွလာ၍ အချောင်းလေးများဖြစ်လာကာ ပေါက်ဆေးကျအောင်ကျိူထားသောထန်းလျက်ရည်ကို သမအောင်လောင်းပေးရပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် လူတိုင်းကြုက်နှစ်သက်သော မြန်မာ့ရိုးရာအစားအစာ မန်းမရွေးကိုရရှိမည်ဖြစ်ပါသည်။

      မန်းမရွေးဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း လက်လီရောင်းချနေကြောင်းသိရပါသည်။ စားသုံးသူများမှာ ရာသီချိန်အစားအသောက်ဖြစ်သည့်အတွက် ဝယ်ယူစားသုံးကြကြောင်းသိရပြီး အရောင်းအဝယ်လည်းသွက်လျက်ရှိကြောင်းသိရပါသည်။ ထိုလုပ်ငန်းကိုလုပ်ကိုင်သူများအနေဖြင့်လည်း ရာသီချိန်လုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ အမြတ်အစွန်းများလည်းရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ လက်ကားဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသည် ကား/ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၇.၁၂.၂၀၂၃ မှ ၁၃.၁၂.၂၀၂၃ ရက်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၂၆၉၅၀ ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၇၁၀၀ ပိဿာ ဝင်ရောက်ခဲ့ကြောင်းနှင့် ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀/- ကျပ်မှ ၅၂၀၀/- ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀၀/- ကျပ်မှ ၁၇၀၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပြီး ၁၄.၁၂.၂၀၂၃ ရက်မှ ၂၀.၁၂.၂၀၂၃ ရက်ထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၁၈၅၀ ပိဿာနှင့်ကြက်သွန်ဖြူ(ကြူကုတ်) ၇၉၀၀ ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၄၆၀၀ ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀/- ကျပ်ထိဖြစ်ပေါ် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

ဇီးကုန်းမြို့နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ မြို့မဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်းရောင်းချနေသော  အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင် (၁၇၆၀၀၀)  ကျပ်၊  ဧည့်မထဆန်တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိသာလျှင် (၁၄၀၀၀)  ကျပ်၊ နှမ်းဆီတစ်ပိသာလျှင် (၁၄၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ရှမ်းမွှာ (အသေး) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (အကြီး) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊  ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိသာလျှင် (၁၅၀၀၀) ကျပ်၊ ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ငရုတ်ခြောက်အပွတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

       အသားငါးဈေးနှုန်းများမှာ ဒေသကြက်တစ်ပိသာလျှင် (၂၀၀၀၀) ကျပ်၊ (cp) ကြက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၇၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရက်သတ္တပတ်အတွင်း သံချောင်းဈေးနှုန်း အခြေအနေ

      ၁၉.၁၂.၂၀၂၃ရက်နေ့တွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်ရှိသော အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် ဦးကျော်မင်းဆိုင်သို့ နေ့စဉ်သံချောင်းဈေးနှုန်းများ စုံစမ်းလျက်ရှိရာ သံချောင်းအမျိုးအစားများဖြစ်သော HRB-400, HRB-500,H-Beam, I-Beam နှင့် Hollow ဈေးနှုန်းများမှာ HRB-400 တွင် ပြည်တွင်းဖြစ်နှင့် နိုင်ငံခြားဖြစ် အမျိုးအစားနှစ်မျိုးရှိပါသည်။ HRB-500,H-Beam, I-Beam နှင့် Hollow များသည် နိုင်ငံခြားဖြစ်သာရှိပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် (၁၀၀၀၀ မှ ၁၅၀၀၀) ကျပ်ထိ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိရာ ထိုသို့ ဈေးနှုန်းတက်ရခြင်းမှာ ပွင့်လင်းရာသီ ဖြစ်သဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာသောကြောင့် ဖြစ်ပါသည်။

DOCA(ရန်ကုန်)  

 

ကန့်ဘလူခရိုင်၌ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ရေထွက်ကုန် ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသောရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက် (အချို) (၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၅၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၅၀၀)၊ လသာခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၅၀၀)နှင့် ငါးရံ့ခြောက်အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(အသစ်) တင်း(၁၀၀)လျှင် ငွေကျပ် ၂၉၀၀၀၀၀၊ ဧရာမင်းစပါး(အသစ်) တင်း (၁၀၀)လျှင် ငွေကျပ်၂၀၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း ဆန်(အသစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၉၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း