Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း အနည်းငယ်မြင့်တက်

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကန်စွန်းရွက်နှင့် ခံသီးဈေးနှုန်း

ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် မျှစ်စိမ်း၊မျှစ်ပြုတ်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ နတ်အင်း ကျေးရွာ၊ နတ်ပေးကျေးရွာများတွင် သဘာဝအလျောက်ထွက်ရှိပြီး တောတောင်များကြားတွင် ပေါက်ရောက်သည့် ဝါးပင်မှ ထွက်ရှိသည့် ဝါးပင်ပေါက် (ခေါ်) မျှစ်များကို ဒေသခံရွာသားများက မျှစ်စိမ်း၊ မျှစ်ပြုတ်ဟူ၍ မျှစ်များကို အမျိုးအစားခွဲကာ ရောင်းချကြောင်းသိရှိရပါသည်။ မျှစ်သည် မိုးဦးကျကာလတွင် စတင်ထွက်ပေါ်ပြီး မျှစ်များကို မျှစ်စိမ်းနှင့်မျှစ်ပြုတ်ဟူ၍ ရောင်းချကြကြောင်း၊ မျှစ်စိမ်းဆိုသည်မှာ ပြုပြင်ထားခြင်းမရှိသော မျှစ်ကိုခေါ်ဆိုကြောင်း၊ မျှစ်ပြုတ် ဆိုသည်မှာ မျှစ်ကိုတစ်ရေပြုတ်ကာ ဈေးကွက်အတွင်းသို့ ရောင်းချသည့်မျှစ်ဖြစ်ကြောင်း၊ ယခုအခါ မျှစ်များကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပြီး၂၀၂၅ခုနှစ် ၊ဇွန်လ စတုတ္ထပတ်တွင် မျှစ်စိမ်း (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ မျှစ်စိမ်း (၂၅)ကျပ် သားလျှင် (၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မျှစ်ပြုတ်(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀) ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ မျှစ်ပြုတ်(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ၊ စတုတ္ထပတ်အတွင်းရောင်းချလျက်ရှိသည့် ဇီးဖြူသီးခြောက်ဈေးနှုန်း

ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအခြောက်ပြုလုပ်၍ ကန့်ဘ လူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။ ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်၌ ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးခြောက်(၁)ဘူးလျှင် (၁၀၀၀)ကျပ်၊(၁)ပြည်လျှင် (၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း