Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈ .၃.၂၀၂၃)

   ၈.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကယားပြည်နယ်၏ကုန်သွယ်မှုအခြေအနေ

    ကယားပြည်နယ်သည် ဒေသအခြေအနေအရ ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပုံမှန်ကုန်သွယ်မှုအခြေအနေ အနည်းငယ်ပြန်လည်ပြုလုပ်လာကြလျက်ရှိပါသည်။ ကယားပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များအကြား ဖေဖော်ဝါရီလအတွင်း အခြားဒေသများမှ ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၁၂၂၁၅) အိတ်/(၆၁၁) တန်ခန့်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၇၂၀) အိတ်၊ ဆီတင်သွင်းမှုမှာ (၈၉၀) ဖာနှင့် (၂၇၀) ပုံးခန့် တင်သွင်းလာခဲ့ကြပြီး ကယားပြည်နယ်မှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ဆန်တင်ပို့မှုမှာ (၁၂၉၅) အိတ်/(၆၅) တန်ခန့်၊ ပဲအမျိုးမျိုးတင်ပို့မှုမှာ (၄၃၄၇)အိတ်/(၂၁၃)တန်ခန့်၊ နှမ်းတင်ပို့မှုမှာ (၁၁၀၅) အိတ်/(၅၄) တန်ခန့်၊ ပြောင်းတင်ပို့မှုမှာ (၂၁၅၅၀) အိတ်/(၁၀၅၆) တန်ခန့်၊ ငရုတ်သီးတင်ပို့မှုမှာ (၅၇၀) အိတ်ခန့် တင်ပို့ခဲ့ပါကြောင်း၊ ယခင်ဇန်နဝါရီလနှင့်နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှုမှာ (၂၄၂၅) အိတ်/(၁၂၁) တန်ခန့်၊ ဆန်တင်ပို့မှုမှာ (၉၄၅)အိတ်/(၄၇)တန်ခန့်၊ ပဲအမျိုးမျိုးတင်ပို့မှုမှာ(၂၂၆၀) အိတ်/(၁၁၁) တန်ခန့် ပိုမိုတင်သွင်း/တင်ပို့နိုင်ပြီး ပြောင်းတင်ပို့မှုမှာ (၁၈၄၀) အိတ်/(၉၀) တန်ခန့်နှင့် နှမ်းတင်ပို့မှုမှာ (၉၃၉) အိတ်/(၄၆) တန်ခန့် လျော့နည်းတင်ပို့လာသည်ကိုလည်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့တွင်‌ ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

၂၀၂၃ခုနှစ်၊ မတ်လဒုတိယအပတ်အတွင်း လွိုင်ကော်မြို့နယ်တွင် အခြေခံစားကုန်ဖြစ်သော ရွှေရင်အေး(ဆန်)တစ်ပြည်လျှင် (၃၄၀၀) ကျပ်၊ တရုတ်မွှေး (ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ ရွှေအ(ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်နှင့် ငစိန်(ဆန်)တစ်ပြည်လျှင် (၂၅၀၀) ကျပ်တို့ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ရှိပါသည်။

          စားဖိုဆောင်သီးနှံအနေဖြင့် ငရုတ်သီးခြောက်အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်မှ(၂၅၀၀၀) ကျပ်ခန့်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၃၀၀)ကျပ်ခန့်၊ ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ခန့်၊ နနွင်းတက်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့်၊ ချင်းတစ်ပိဿာလျှင် (၁၈၀၀) ကျပ်ခန့်၊ ဆားတစ်ပိဿာလျှင် (၆၀၀) ကျပ်ခန့်၊ အားလူးတစ်ပိဿာလျှင် (၂၃၀၀) ကျပ်ခန့်နှင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ရှိ ပါသည်။

          အသားငါးဈေးနှုန်းများအနေဖြင့် ကြက်သားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ခန့်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်ခန့်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်ခန့်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ခန့်၊ ငါးခူတစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး ကြက်ဥ/ဘဲဥဈေးနှုန်းများအနေဖြင့် ကြက်ဥအသေးတစ်လုံးလျှင် (၂၃၀) ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် (၂၆၀) ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၂၇၀) ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် (၃၀၀) ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ရောင်းချနေသောဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ဈေးကွက်အတွင်း ဈေးကောင်းရနေသော မရမ်းသီးဈေးနှုန်း

     မရမ်းပင်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ (MARIANTREE)ဟု ခေါ်ဆိုကြသည်။ မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမြင့်( ၄ )စင်တီမီတာမှ (၇)စင်တီမီတာအထိ ရှိတတ်ပါသည်။ မရမ်းသီးတွင် အချိုအရသာနှင့်အချဉ်အရသာဟူ၍ (၂) မျိုးရှိပါသည်။ မရမ်းသီးပင်များသည် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ မရမ်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ရောင်းချနိုင်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှု နည်းသွားပါသည်။ ယခုလက်ရှိ မတ်လပထမပတ်တွင် ရောင်းချနေသောမရမ်းသီးဈေးနှုန်းမှာ မရမ်းသီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်အထိ ဈေးကောင်းရလျက်ရှိပြီး အလုံးအကြီးအသေးပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်ဟု နောင်ယားဈေးအတွင်းရှိ မရမ်းသီး‌ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိ

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့် ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြပါကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာအစားအသောက်ဟင်းလျာများတွင် မရှိမဖြစ် နှစ်ခြိုက်စွာအသုံးပြုကြပါကြောင်းနှင့် ယခုလက်ရှိ မတ်လအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၆၀၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၂၀၀) ကျပ်သာရှိခဲ့သဖြင့် ယခင်လနှင့် ယခုလအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ( ၄၀၀ )ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဖရဲသီးဈေးနှုန်း

     ကယားပြည်နယ်တွင် ရောင်းချနေသောဖရဲသီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာ စသည့် ဒေသများမှတင်သွင်းရောင်းချကြပါသည်။ ယခုမတ်လပထမပတ်တွင် ဖြစ်ပေါ်နေသောဖရဲသီးဈေးနှုန်းမှာ ဖရဲသီး(သေး)တစ်လုံးလျှင် ( ၅၀၀ )ကျပ်၊ ဖရဲသီး(လတ်)တစ်လုံးလျှင် ( ၇၀၀ )ကျပ်နှင့် ဖရဲသီး(ကြီး)တစ်လုံးလျှင် (၁၃၀၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဖရဲသီးဈေးနှုန်းများမှာ ဖရဲသီး(သေး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ ဖရဲသီး(လတ်)တစ်လုံးလျှင် (၈၀၀) ကျပ်၊ ဖရဲသီး(ကြီး)တစ်လုံးလျှင် (၁၅၀၀) ကျပ်ဖြစ်၍ ယခင်ဖေဖော်ဝါရီလ ပထမပတ်နှင့် ယခုမတ်လ ပထမပတ်ဈေးနှုန်းတို့အား နှိုင်းယှဉ်လျှင် ဖရဲသီး(လတ်)တစ်လုံးလျှင် (၁၀၀)ကျပ်၊ ဖရဲသီး(ကြီး)တစ်လုံးလျှင် (၂၀၀) ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း နောင်ယားဈေးအတွင်းရှိ ဖရဲသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကြက်ဥဈေးနှုန်း တည်ငြိမ်လျက်ရှိ

      လွိုင်ကော်မြို့ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များသည် အခြားဒေသမှ ဝင်ရောက်လျက်ရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံးဝင်‌ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ မတ်လပထမပတ်တွင်ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလပထမပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဖေဖော်ဝါရီလပထမပတ်နှင့် ယခုမတ်လပထမပတ်ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်းအလိုက် ဖေဖော်ဝါရီလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းရှင်ပေါင်း(၂၈)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၅၅) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၈၀) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ထိုင်း၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ ပဲယင်း၊ ဆန်ဖြူ၊ ပဲမှုန့်၊ ထောပတ်ပဲ၊ တိရစ္ဆာန်အစာ၊ ပဲပိစပ်အစာ၊ နှမ်းကြား၊ စပါး၊ ပဲလွန်းနှင့် စားအုန်းဆီတို့၏ ဓာတု အရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၈) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၁၄)ခုနှင့်သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၃)ခု၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်းမှ (၂၀)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၈၀) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း