Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကြက်သွန်ဖြူ/နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၁၄-၃-၂၀၂၄) ရက်နေ့မှ (၂၀-၃-၂၀၂၄) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) ၃၆၉၀၀ပိဿာနှင့် ကြက်သွန်ဖြူ ၉၄၀၀ပိဿာဝင်ရောက်ခဲ့ပါသည်။ လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) ၁ပိဿာလျှင် အရွယ်အစားအလိုက် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိလည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် ၉၅၀၀ကျပ်မှ ၉၈၀၀ကျပ်ထိဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (အောင်ပန်း) ၁ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ/နီဈေးနှုန်းများမှာ အနည်းငယ်အတက်အကျရှိကြောင်း သိမ်ဖြူဈေးတာဝန်ခံရုံးမှတစ်ဆင့် စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ စားဖိုဆောင်သုံးဈေးနှုန်းများ

     ၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်နေ့၌ ပုဇွန်တောင်ဈေးအတွင်း ရောင်းချနေသော စားဖိုဆောင်သုံးဈေးနှုန်းများမှာ စားအုန်းဆီ ၁ပိဿာလျှင် (၅၄၅၀) ကျပ်၊ ပဲဆီ(ရှယ်) ၁ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ ၁ပိဿာလျှင် (၂၄၀၀ - ၃၆၀၀ - ၄၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ပိဿာလျှင် (၁၈၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန် ဖြူ(အမွှာ) ၁ပိဿာလျှင်(၁၅၀၀၀ - ၁၈၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၃၀၀၀)ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နနွင်းတက် ၁ပိဿာလျှင်(၇၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (၄၆၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် (၇၀၀၀)ကျပ်၊ ချင်း ၁ပိဿာလျှင် (၆၀၀၀ - ၇၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     စားအုန်းဆီမှာ ရည်ညွှန်းဈေးနှုန်းပေါ်မူတည်၍ အပြောင်းအလဲရှိနေခြင်းနှင့် ဈေးကွက်အတွင်း ပြည်သူများ သင့်တင့်စွာအလွယ်တကူဝယ်ယူသုံးစွဲနိုင်ကြောင်း၊ စားဖိုဆောင်ဈေးနှုန်းများငြိမ်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမှာ ပုံမှန်အတိုင်းသာရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့ပေါ် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်းစစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၉.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေဈေးနှုန်းနှင့် လက်ကျန်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ သီဟကမ္ဘာ၊ မိုးမခ၊ ကျော်၊ သိန်း ဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထိုဆိုင်များတွင် ရောင်းချသောဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီ၊ အယ်လ်ဖာ အမျိုးအစားများဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှ ကုန်ပစ္စည်းဝင်ရောက်မှု များကြောင်း၊  ဈေးနှုန်းများအနေဖြင့် ဘိလပ်မြေ ကြံ့နှစ်ကောင်(၁)အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အပါချီ (၁)အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၁၈၀၀)ဖြစ်ပြီး ယခင်မတ်လ (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ(၁)အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အပါချီ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၀၀၀၀)ဖြစ်ကြောင်း၊ ယခုမတ်လ (တတိယပတ်) တွင်  ဘိလပ်မြေ ကြံ့နှစ်ကောင် (၁)အိတ်လျှင် ကျပ်(၁၂၀၀)၊ အပါချီ (၁)အိတ်လျှင် ကျပ်(၁၀၀၀)၊ အယ်လ်ဖာ (၁)အိတ်လျှင် ကျပ်(၁၈၀၀)ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပစ္စည်း အနေဖြင့် ပြတ်လပ်မှုမရှိသော်လည်း လက်ကျန်နည်းကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းများ ချောမွေ့ပါက ကုန်ပစ္စည်းဝင်ရောက်မှုများ၍ ရောင်းအားဝယ်အားကောင်းပြီး ဈေးနှုန်းသက်သာမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် မြို့ပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိ၍ ကုန်ပစ္စည်းအရောင်းသွက်လျက်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့(CP)များ အရောင်းအဝယ်ဖြစ်လျက်ရှိ

     ပြောင်းဖူးစေ့(CP)များကို ပခုက္ကူရေဝင်ကျွန်းနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးခရိုင်အတွင်းရှိ  နယ်များတွင် တစ်ကွင်းတစ်စပ်စိုက်ပျိုးကြပါသည်။ ဧရာဝတီတံတား တောင်ဘက်ရှိရွာများတွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပြောင်းဖူးစေ့ (CP)များကို လူတို့ စားသုံးရန်အတွက်သာမက တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့ရကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ပြောင်းဖူးစေ့(CP)များကို ဈေးနှုန်းဈေးကွက်အနေဖြင့် မတ်လ(ပထမပတ်)မှစ၍ (၁)တင်း လျှင် ကျပ်(၁၆၃၀၀)၊ မတ်လ(ဒုတိယပတ်)တွင်  (၁)တင်းလျှင် ကျပ်(၁၅၈၀၀)၊ မတ်လ (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၆၂၀၀)ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် မတ်လ(ဒုတိယပတ်)နှင့် မတ်လ(တတိယပတ်)နှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ်(၄၀၀)ခန့် မြင့်တက်နေပြီး၊ ပြောင်းဖူးစေ့ (CP)များကို နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အထိ အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၄ခုနှစ်၊ မတ်လ စတုတ္ထပတ်၌ ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၅၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၃၁၈၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၁၃၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၃၂၄၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၈၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၆၀)ဖြင့် ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ဒီဇယ်(ရိုးရိုး)နှင့် ဒီဇယ် (ပရီမီယမ်)တို့မှာမူ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့် မတ်လ စတုတ္ထပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၁၅) မြင့်တက်လျက်ရှိပြီး၊ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၁၄၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၄၅) ယခင်ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့် ယခုမတ်လ စတုတ္ထပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ယခင်ဖေဖော်ဝါရီလ စတုတ္ထပတ်ထက် စက်သုံးဆီဈေးနှုန်းများမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း  ကျွန်းလှမြို့စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းမှ အများဆုံး ဝင်ရောက်ပြီး  ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

     ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖေါ် ဝါရီလ(စတုတ္ထပတ်)၌ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခုမတ်လ(ဒုတိယပတ်)ထိ ဈေးငြိမ်နေ သည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန် (အသစ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀) ရှိပါသည်။ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ် လျှင် ကျပ်(၁၁၀၀၀၀)၊ မနောဖြူ(အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ နေလဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာမင်း ဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ မနောသုခ(အသစ်)တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချန်သုခ (အသစ်) တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ နေလဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ နေလ/၂၂တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မိုးဇလပ်(နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ် (၇၅၀၀၀)၊ နွေဇလပ်(အသစ်) တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ပွင့်ဖြူသစ်(မနောဖြူအသစ်)တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခ(အသစ်) ကျပ်(၉၅၀၀၀)ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန်(အသစ်) တစ် အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးတည်ငြိမ်နေကြောင်း  သိရှိရပါသည်။ ဧရာဝတီဘက်မှ ဝင် ရောက်လာသော ဆန်များမှာ အရည်အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက် သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေး ကောင်းမွန်ပြီး ယခုမတ်လ(ဒုတိယပတ်)တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)၊ ရွှေထိုက်(ပေါ်ဆန်းအသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တိုးတိုးနွယ်တစ်အိတ်လျှင် ကျပ် (၁၆၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည် ။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ မတ်လ(တတိယပတ်)ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မတ်လ (တတိယပတ်)တွင် နွေကြက်သွန်နီ(ပင်စိုက်)အသစ်များ လှိုင်လှိုင်တူးဖော်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန်(၈)သောင်းမှ (၁)သိန်းခွဲအထိ ဝင်ရောက်ပြီး ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် ကံတွင်း၊ လိပ်ခြံ၊ ဆင်နီတောင်၊ ဒေါသာ၊ ရွာသစ်ကြီး၊ ကံတွင်းရွာများနှင့် ပခုက္ကူမြို့ နယ်အတွင်းရှိ ကျေးရွာများမှ  အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် မတ်လ(တတိယပတ်)တွင် ဈေးအနည်းငယ် ဆက်လက် ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၂၁၅၀)၊ အလတ်စ ကျပ်(၁၉၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ(ဒုတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၂၅၀)၊ အလတ်စ ကျပ်(၂၁၅၀)၊ အသေးစ ကျပ်(၁၆၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ယခင်မတ်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမတ်လ(တတိယပတ်)တွင် အမြင့်ဈေး(ထိပ်စ) ကျပ်(၁၀၀)၊ အလတ်စ ကျပ်(၂၅၀)၊ အသေးစ ကျပ်(၅၀) အသီးသီးဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပဝယ်လိုအား ဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

      ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို မတ်လ(တတိယပတ်)တွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ မော်တော်ယာဉ်(၂၉)စီး၊ မြဝတီမြို့သို့ တွဲကား(၂၃)စီး၊ ပြည်မြို့သို့ (၆)ဘီး (၅)စီး၊ ပုသိမ်မြို့သို့  (၆)ဘီး (၄)စီး စုစုပေါင်းကုန်ချိန်ပိဿာ(၇)သိန်းခန့်၊ တန်ချိန်အားဖြင့် တန်(၁၁၄၃)ခန့် မော် တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

မတ်လ တတိယပတ်တွင် ရွှေဘိုပဲစင်းငုံ(နီ)ဈေး ဆက်လက်ကျဆင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ၊ ဖြူ)များစတင်ဝင်ရောက်ခဲ့ပြီး မတ်လ တတိယပတ်တွင် ပဲစင်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၁၅၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၅၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၂၀၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၅၃၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၇၀၀၀ဝိ/-)ကျပ်သာပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၄၅၃၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် မတ်ပဲ၊ ကုလားပဲ၊ပဲကြီး ဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကဒူးပြင်၊ စပယ်ခြုံ၊ ထန်းကောက်၊ ဒါန်းကိုင်း၊ သစ်မယ်ဇီ၊ ညောင်ကိုင်းစသည့် ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ၂၀၂၄ခုနှစ်၊  မတ်လ(တတိယပတ်)တွင် မတ်ပဲ(၃၀) ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၃၆၅၀၀) ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၉၀၀၀) အကျဈေးဖြင့် တစ်နေ့လျှင်အိတ်ရေ (၂၀မှ၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်ကြောင်း၊ ကုလားပဲသီးနှံများလည်း ပေါ်ထွက် လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ် (၁၂၉၀၀၀ မှ ၁၃၀၅၀၀)ဈေးဖြင့် ယခင်အပတ် ထက် ကျပ်(၁၃၅၀၀) အကျဈေးဖြင့်တစ်နေ့လျှင် အိတ် ရေ (၂၀မှ၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်ကြောင်း၊ ပဲကြီးသီးနှံများလည်းပေါ်ထွက်လျက်ရှိရာ မတ်လ (တတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၅၀၀၀)အကျဈေးဖြင့် နေ့စဉ်အိတ်ရေ (၅၀မှ၈၀) ဝန်းကျင်ခန့် ဝင်‌ရောက် လျက်ရှိကြောင်း ပဲခူးတိုင်း၊ ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချရပါကြောင်း  ကံမမြို့ပေါ်ရှိ ကုန်သည် ဦးတင်မျိုးလှိုင်ထံမှ သိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့၏ မတ်လ ပထမပတ်တွင်ရောင်းချသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၄ခုနှစ်၊ မတ်လ တတိယပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၅၈၀၀ဝိ/-)ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၆၈၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၄၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၀၅၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဘူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၃၃၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၃၉၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၅၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း နွေစပါးများစိုက်ပျိုးရန်အတွက် ပျိုးထောင်ချိန်ကာလဖြစ်သဖြင့် ဓာတ်မြေဩဇာများမှာ ယခင်ထက် ပိုမိုရောင်းအားကောင်းလာပြီး  ပိုးသတ်ဆေးမှာလည်း ယခင်အတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း