၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်းဆန်စျေးနှုန်းအခြေအနေ
မကွေးတိုင်းဒေသကြီးသည် “မြန်မာနိုင်ငံ၏ ဆီအိုးကြီး”ဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၂၅)ဧကသာ စိုက်ပျိုးသဖြင့် စားနပ်ရိက္ခာအတွက် ဆန်ဖူလုံမှုမရှိ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန် (၂၈၃၇၃)အိတ်၊ မန္တလေးတိုင်းမှ (၂၂၈၀)အိတ်၊ ရန်ကုန်တိုင်းမှ (၂၅၅၅)အိတ်၊ စစ်ကိုင်းတိုင်းမှ (၂၂၅၇)အိတ်၊ ရခိုင်ပြည်နယ်မှ (၆၀၀)အိတ်၊ ပဲခူးတိုင်းမှ (၃၃၀)အိတ်၊ စုစုပေါင်း(၃၆၃၉၅)အိတ်/(၁၈၁၉.၇၅)တန်စီးဝင်ခဲ့ကြောင်းနှင့် ဒေသတွင်းအရောင်းအဝယ်ဖြစ်နေသော ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ(ပွင့်ဖြူ)(အဟောင်း) (၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၃၀၀၀-၇၅၀၀၀)၊ အသစ်တစ်အိတ်လျှင် ကျပ်(၇၀၀၀၀-၇၃၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ)(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၆၀၀၀၀-၆၅၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို)(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၈၂၀၀၀-၈၅၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ)(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀-၇၅၀၀၀)၊ မနောသုခ(မြောင်းမြ)(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၅၅၀၀၀-၅၈၀၀၀)နှင့် ဖန်သီး(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ်(၆၀၀၀၀-၆၃၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)