Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဝက်လက်မြို့နယ်၏ မတ်လ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အနေဖြင့် မိုးစပါးကို ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ IR-747၊ မနော်ဟရီစသည့် စပါးအမျိုးအစားများစိုက်ပျိုးလျက်ရှိရာ အများဆုံးစိုက်ပျိုးဖြစ်သည့်စပါးများမှာ ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းစပါးတို့ဖြစ်ကြပါသည်။ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် မိုးလေဝသအခြေအနေကောင်းမှုကြောင့် ရွှေဘိုပေါ်ဆန်း(၁)ဧကစိုက်ပျိုးရာတွင် (၈၅)တင်းကျော်ထွက်ရှိပြီး ဧရာမင်း(၁)ဧကစိုက်ပျိုးရာတွင် (၈၇)တင်းကျော်ထွက်ရှိ၍ အထွက်နှုန်းကောင်းမွန်ကြောင်း  သက်ဆိုင်ရာဌာန၏စာရင်းအရ သိရှိရပါသည်။

    ဝက်လက်မြို့နယ်၏ (၂၀၂၂-၂၀၂၃)ခုနှစ်တွင် မိုးစပါးရွှေဘိုပေါ်ဆန်းစိုက်ဧကမှာ (၇၀၃၉၉)ဧက၊ ဧရာမင်းစိုက်ဧကမှာ (၄၅၂၂)ဧကတို့စိုက်ပျိုးကြကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါးပေါ်ချိန် ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်၊  ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင်  (၅၅၀၀ဝိ/-)ကျပ်၊ ဧရာမင်း(စပါး)ပေါ်ချိန် ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၄၃၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊   မတ်လ၊ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ဧရာမင်း(စပါး)ဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၆၀၀၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည်ပါ (၁)အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်ရှိကြောင်း၊  ယခင်နှစ်ကာလတူဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း(စပါး) တင်း(၁၀၀)လျှင် (၁၅၀၀၀၀ဝိ/-)ကျပ်၊ ဆန်(၂၄)ပြည်ပါ (၁)အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဧရာမင်း(ဆန်)တင်း(၁၀၀)လျှင် (၉၀၀၀၀ဝိ/-)ကျပ်၊ ဆန် (၂၄)ပြည်ပါ (၁)အိတ်လျှင် (၄၃၀၀ဝိ/-)ကျပ်၊ ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း(၁၀၀)လျှင် (၆၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၂၀၀၀ဝိ/-)ကျပ်ခန့်မြင့်တက်ပြီး ဧရာမင်း(စပါး)တင်း(၁၀၀)လျှင် (၇၀၀၀၀ဝိ/)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၂၂၀၀ဝိ/-)ကျပ်ခန့်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဝက်လက်မြို့နယ်သည် ဆန်ဖူလုံသည့်ဒေသဖြစ်ပြီး ပိုလျှံသည့်စပါး/ဆန်များကို အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များအား ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း မုံရွာမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(ဆန်)တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊ ဧရာမင်း(ဆန်)(အဟောင်း)တစ်ပြည်လျှင် (၃၄၀၀)ကျပ်နှင့် ဧရာမင်း(ဆန်)(အသစ်)တစ်ပြည်လျှင် (၃၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၂၆၀၀)ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ရှိပါသည်။ မုံရွာမြို့၏ သား/ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀)ကျပ်မှ  (၁၁၀၀၀)ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

      မတ်လ ဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကို နှိုင်းယှဉ်လျှင် စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ (၄၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)တစ်ပိဿာဈေးနှုန်းမှာ (၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာဈေးနှုန်းမှာ (၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာဈေးနှုန်းမှာ (၅၀၀)ကျပ် စသည်ဖြင့်  ဈေးနှုန်းများကျလျက်ရှိကြောင်းနှင့် ကျန်အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့ရှိ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်အတွင်း ကြက်သွန်ဖြူဈေးနှုန်းအနည်းငယ်ကျဆင်း

   စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး၊  ယခုနှစ်စိုက်ပျိုးထားရှိမှုများကို စတင်ရိတ်သိမ်းပြီးဖြစ်၍ ဈေးကွက်အတွင်း ဝင်ရောက်မှုများပြားလာကြောင်း၊ ဒေသထွက်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှလည်းကောင်း သယ်ယူကာရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၈၀၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊  ယခုမတ်လ ဒုတိယအပတ်နှင့်  ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တို့ကို နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစတစ်ပိသာလျှင် ကျပ် (၁၀၀၀) ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၂၀၀၀) ကျပ်တို့ဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင် ရောင်းချနေသောကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း)တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၃၂၀၀)ကျပ်၊ ယခင်အပတ်ထက် ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၂၀၀)ကျပ်နှုန်းမြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်း(အသစ်) တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည်လျှင် (၂၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးသေးတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးသေးတစ်ပိဿာလျှင် ယခင်အပတ်ထက် (၁၅၀၀)ကျပ်မြင့်တက်လာကာ  (၅၀၀၀)ကျပ်ဖြစ်နေပြီး ကြူကုတ်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ၊ ချင်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် (၁၅၀၀၀)ကျပ်မှ (၂၂၀၀၀)ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင်  (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ စသည့်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြစ်၍ ယခင်အပတ်ထက် တစ်ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းမှုရှိနေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၈၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  (၈၀၀)ကျပ်၊ ခါကြက်ဥတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀) ကျပ်အထိ၊ သံပရာသီးတစ်လုံးလျှင် (၂၀၀)ကျပ်မှ (၃၀၀)ကျပ်အထိ၊ ကန်ဇွန်းရွက်တစ်စီးလျှင် (၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၃၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ရှိပါသည်။  ကန့်ဘလူမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်အထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၈၅၀၀)ကျပ်အထိ၊ တီလားပီးယားငါးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၅၀၀)ကျပ်ဖြစ်၍ ယခင်အပတ်ထက် ယခုအပတ်တွင် စားအုံးဆီဈေးနှုန်းမှာ (၇၀၀၀)ကျပ်ဖြစ်၍ တစ်ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၁/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ကြက်ဥဈေးကွက် လိုအပ်ချက်ကိုဖြည့်တင်းဖို့ ငါးကန်အတွင်း ဥစားကြက်မွေးမြူမှု၏ အောင်မြင်မှု

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်မြို့နယ် တစ်ခုဖြစ်သော်လည်း၊ ငါးမွေးမြူရေးအနေဖြင့် ငါးကန်ပေါင်း (၁၀၀၀) ကျော်ရှိ၍ ငါးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်မှုရရှိနေသည့် မြို့နယ်တစ်ခု ဖြစ်သည့်အလျောက် ယခုအခါတွင် ငါးမွေးကန်အတော်များများတွင် ဥစားကြက်ခြံများကို များပြားစွာ တွေ့မြင် နေရပါသည်။

    မအူပင်၊ ရန်ကုန်ကားလမ်းဘေးရှိ ငါးကန်များတွင် ဥစားကြက်များ မွေးမြူထားသည် ကိုတွေ့ရှိရသည့်အတွက် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၃ခုနှစ် မတ်လ ဒုတိယပတ်တွင် မအူပင်ငါးမွေးမြူရေးကန်သို့သွားရောက်၍ ငါးကန်ပေါ်တွင် ဥစားကြက်မွေးမြူထားသော YEE HOT AGRICULTURE & Kives Tock Co.LTD သို့ကွင်းဆင်း လေ့လာခဲ့ပါသည်။

     အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် YEE HOT AGRICULTURE & Kives Tock Co.LTD ပိုင်ရှင်က ငါးကန်ပေါ်တွင် ကြက်ခြံ၏အရွယ်အစားမှာ ၃၆’ x ၂၈၀’ အရွယ်ခန့်ရှိပြီး ဥစား ကြက်ကောင်ရေ ၆၀၀၀ခန့် မွေးမြူခဲ့ပါသည်။ ဥစားကြက်အကောင်သေး တစ်ကောင်လျှင် ၁၀၀၀/-ကျပ်ဖြင့် စတင်ဝယ်ယူမွေးမြူခဲ့ရကြောင်း၊ ကြက်အစာအိတ် တစ်အိတ်လျှင် ၅၀၀၀၀/-ကျပ်ခန့်ရှိပြီး (၅) လအတွင်း ၆အိတ်၊ ၇အိတ်ခန့်ကျွေးမွေးခဲ့ရကာ မွေးမြူပြီး ၅လကြာသောအခါ ကြက်ဥများ စမ်းဥသည့်ကာလသို့ရောက်ရှိပါကြောင်း၊ မွေးမြူးပြီး ၇လမှာစတင်၍ (၁၀)လခန့် ကြက်ဥများ လှိုင်လှိုင်ဥသည် ကာလဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

       ကြက်ဥများ လှိုင်လှိုင်ဥသည့်ကာလတွင် အလုံးကြီး၊ အလုံးလတ်၊ အလုံးသေးများကို တစ်ပိဿာ ၅၂၀၀/-ကျပ်ဖြင့် ရန်ကုန် အစာစက်ရုံမှ ပြန်လည်ဝယ်ယူပြီး ကြက်ဥဈေးကွက်လိုအပ်ချက်များကို မျှတစွာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့အပြင် ဥစားကြက်မွေးမြူရေးမှ အကျိုးအမြတ်ရရှိမှု နည်းပါးသော်လည်း ငါးကန်အတွင်းရှိ မွေးမြူထားသော ငါးများမှာအစာကျွေးရမှု လျော့နည်းသက်သာပြီး ငါးမွေးမြူရေးမှ အကျိုးအမြတ်ရရှိကြောင်း ထပ်မံရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဈေးကွက်လိုအပ်ချက်ရှိနေသော ဥစားကြက်မွေးမြူမှု အခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်း ဥစားကြက်များမွေးမြူမှု အခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်းဥစားကြက်များမွေးမြူနိုင်ရေးမှသည် ငါးမွေးမြူးရေးကို အထောက်အပံ့ပြုနိုင်ရေးအတွက် ရရှိနိုင်မည့် နည်းလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးရုံသာမက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ဆန်ဈေးကွက် ဖေဖော်ဝါရီလအရောင်းသွက် မတ်လအတွင်း ပုံမှန်ရောင်းဝယ်လျက်ရှိ

     ပုသိမ်ဆန်ဈေးကွက် ဖေဖော်ဝါရီလအတွင်း ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၇၅၀၀၀/- ဈေး၊ ပေါ်ဆန်းရင်ဆန်တစ်အိတ် ကျပ်၇၂၀၀၀/- ဈေးနှင့် မနောသုခ၊ မျိုးပွားဆန် တစ်အိတ် ကျပ် ၅၇၀၀၀/- ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်၊ အထက်အညာဒေသများသို့ အရောင်းအဝယ် သွက်လျက်ရှိပြီး ယခုမတ်လပထမပတ်တွင် အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ဆန်ကုန်သည်များထံမှ သိရပါသည်၊၊

     ယခုမတ်လပထမပတ် ဧရာဝတီပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၃၀၀၀ ခန့် ဈေးနှုန်းကျဆင်းပြီး ယခင်တစ်အိတ်ကျပ် ၇၅၀၀၀/- ဈေးမှ ယခု ကျပ် ၇၂၀၀၀/- ဝန်းကျင် ပေါ်ဆန်းရင် ဆန်တစ်အိတ်ကျပ် ၂၀၀၀ ခန့် ဈေးနှုန်းကျဆင်း၍ ယခင်တစ်အိတ်ကျပ် ၇၂၀၀၀/- ဈေးမှ ယခု ၇၀၀၀၀/- ဝန်းကျင်ဈေးနှင့် မနောသုခ၊ မျိုးပွားဆန်တစ်အိတ် ကျပ် ၂၀၀၀ ခန့် ဈေးနှုန်း ကျဆင်းသွားပါကြောင်း၊ ယခင်တစ်အိတ်ကျပ် ၅၇၀၀၀/- ဈေးမှ ယခုတစ်အိတ် ၅၅၀၀၀/- ကျပ်ဝန်းကျင်ဈေးသို့ ဈေးနှုန်းကျဆင်းလျက်ရှိပါကြောင်း၊ ယခုနှစ် ဧရာဝတီပေါ်ဆန်းဆန်ဈေးနှုန်းမှာ စပါးပေါ်ချိန် ဇန်နဝါရီလ မှစ၍ ကျပ် ၅၆၀၀၀/- ၅၇၀၀၀/- ဈေးနှုန်းဖြင့်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းတဖြေးဖြေးမြင့်တက်၍ ဆန်တစ်အိတ်အမြင့်ဈေး ကျပ် ၇၅၀၀၀/-ဈေးနှုန်းမှ ယခုအရောင်းအဝယ်အေးသွားချိန် ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်၊၊

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း