Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

      မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ အရောင်းအဝယ် ဖြစ်လျက်ပါရှိသည်။ ယခုအပတ် ၂၀၂၃ခုနှစ် မတ်လ( ၁၀)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲထောပတ် (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်( ၈၄၀၀၀)၊ ကုလားပဲ (929) (၁၉)ပိဿာ ( ၁)တင်းလျှင် ကျပ် (၆၄၂၀၀)၊  ကုလားပဲ( Hl) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် ( ၆၄၂၀၀)၊  ပဲစဉ်းငုံနီ ( ၂၀)ပိဿာ  (၁)တင်းလျှင် ကျပ် ( ၇၀၀၀၀) တို့ဖြင့် စျေးနှုန်းမြှင့်တက်လာပြီး ကျန်ပဲများဖြစ်သော ပဲတီစိမ်း၊ ပဲကြီးမဲ၊ ပဲကြီးဖြူ၊ ပဲလွန်းဝါ၊ စားတော်ပဲနှင့် မတ်ပဲတို့သည် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

      မတ်လ( ၁၀)ရက်နေ့တွင် ကုလားပဲသည် တန်ချိန်( ၃၀၀)ခန့်၊ ထောပတ်ပဲသည် တန်ချိန်( ၂၀၀) ခန့်၊ ပဲစဉ်းငုံနီသည် တန်ချိန် (၁၀၀)ခန့်၊ ပဲကြီးဖြူသည် တန်ချိန်(၁၀၀)ခန့်၊ မတ်ပဲသည် တန်ချိန်( ၅၀) ခန့်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

     မကွေးမြို့နယ်တွင် ဆေးဆိုင်(၂၁)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အားဆေးများ၏စျေးနှုန်းများမှာ မတ်လပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် စျေးနှုန်းအပြောင်းအလဲမရှိဘဲ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

   အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းများမှာ Decolgen (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၀၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဗူးလျှင်ကျပ်(၁၅၀၀)၊ Paracetamol (၁၀)လုံးပါတစ်ကဒ် လျှင်ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါတစ်ကဒ်လျှင်ကျပ်(၉၀၀)၊ Amoxicillin အလုံး(၁၀၀)ပါ တစ်ဗူး လျှင်ကျပ်(၄၇၀၀)၊ Enervon-C (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Burmeton အလုံး(၁၀၀)ပါ တစ်ဗူးလျှင် ကျပ်(၁၆၀၀)၊ Cetrine (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၅၀)၊ ဓါတ်ဆား MPF(၁)ထုပ်လျှင် ကျပ်(၃၀၀)၊ Oramin-G (၅)လုံးပါ တစ်ကဒ်လျှင်ကျပ်(၂၆၀၀)၊ Becozinc (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၆၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကဒ်လျှင်ကျပ်(၁၆၅၀)၊ SaRa (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၉၀၀)၊ Flemex (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ် (၃၂၅၀)၊ Solmux (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၄၅၀)၊ Woods (၁၅)လုံးပါ တစ်ဗူးလျှင် ကျပ်(၇၆၀၀)၊ Alexal (၁၀)လုံးပါတစ်ကဒ်လျှင်  ကျပ် (၂၁၀၀)နှင့် Mixagrip (၄)လုံးပါတစ်ကဒ် လျှင်ကျပ်(၈၀၀) တို့ဖြင့် အသီးသီးစျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်၊ ထူးပေါက်ကျေးရွာ၌ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် (၁၂.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ထူးပေါက်ကျေးရွာရှိ ကုလားပဲစိုက် တောင်သူများအား တွေ့ဆုံ၍ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထူးပေါက်ကျေးရွာသည် အိမ်ခြေ(၁၈၀)ခန့်ရှိပြီး လူဦးရေ (၄၀၀)ခန့် ရှိပါကြောင်း၊ တောင်သူများ အနေဖြင့် နှစ်စဉ် စပါး၊ ကုလားပဲနှင့် နှမ်းသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကုလားပဲကို စိုက်ပျိုးမှုနည်းခဲ့သော်လည်း ယခုနှစ်တွင် ထူးပေါက်ကျေးရွာ၌ တောင်သူ(၇၀)ဦးမှ စိုက်ဧက (၃၅၀) ဧကခန့်စိုက်ပျိုးခဲ့ရာ ပဲလုံးကြီး၊ ပဲလုံးသေးနှင့် 929မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကုလားပဲစိုက် တောင်သူဦးပေါက်အနေဖြင့်ယခုနှစ်တွင် (၁၀)ဧကစိုက်ပျိုးပြီး (၁၀၀)တင်းခန့်ထွက်ရှိ ၍ (၁)ဧကလျှင် ပျမ်းမျှ(၁၀)တင်းထွက်ရှိကြောင်း၊ ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးရွာ သွန်းမှုနည်းပါးကာ အအေးဓါတ်ပိုသည့်အတွက် ကုလားပဲအထွက်နှုန်း ကောင်းမွန်ကြောင်း၊ ကုလားပဲ ကို မိုးစပါးရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး (၁)ဧကစိုက်ပျိုးရန် မျိုး(၂)တင်းခွဲ ကြဲပက်ရကြောင်း၊ မြေပြုပြင်ချိန်မှစ၍စိုက်ပျိုးပြီးသည်ထိ ကျပ်(၂၅၀၀၀၀)ခန့်ကုန်ကျကာ အပင်အားဆေး၊ ပိုးသတ်ဆေးနှင့် ရေဖြန်းခြင်းလုပ်အားခနှင့် သွင်းအားစုအပါအဝင် (၁)ဧကလျှင် ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင် ရိတ်သိမ်းရပြီး (၁)ဧကလျှင်အထွက်နှုန်း (၁၀)တင်းနှုန်းထွက်ရှိကာ သီးနှံပေါ်ချိန် ကုလားပဲ(၁)တင်းလျှင် ကျပ်(၆၀၀၀၀)ရရှိ၍ (၁)ဧကဝင်ငွေ ကျပ်(၆၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၂၀၀၀၀၀)ရရှိကြောင်း သိရှိရပါသည်။

   စလင်းမြို့နယ်ရှိ ထူးပေါက်ကျေးရွာသည် လူဦးရေနည်းပါးပြီး ကုလားပဲစိုက်ဧကများသောကြောင့် စားသုံးပြီး ပိုလျှံသော ကုလားပဲများကို မြို့ပေါ်နှင့် နယ်အသီးသီးရှိပွဲရုံများသို့ တိုက်ရိုက်ရောင်း ချကြပါသည်။ ၎င်းအပြင် ကုန်ချောအဖြစ် ဘရာကြော်၊ ပဲခွေကြော်၊ ပဲချောင်း၊ အလှူမင်္ဂလာဆောင် တို့တွင်လည်း ပဲဟင်းအဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း တောင်သူဦးပေါက်ထံမှ သိရှိရပါသည်။

   ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်သောကြောင့် အမြစ်ပိုးစွဲမှုနည်းပါးခြင်း၊ မှိုကပ်ရောဂါနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ဈေးနှုန်းသင့်တင့်မျှတသောကြောင့် ကုလားပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

 

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ မတ်လ(ပထမ)ပတ်အတွင်း ဈေးကွက်အခြေအနေ

     ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မတ်လ (၁)ရက် မှ (၇)ရက်ထိ (ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကုန်ချိန်ပိဿာ(၅)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၃)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

        ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၀၀၀ မှ ၉၅၀)၊ အလတ်စ ကျပ်(၉၀၀ မှ ၈၅၀)၊ အသေးစ ကျပ်(၈၀၀ မှ  ၇၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(ပထမ)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးနှုန်း ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတ်တစ်ဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၈၅၇၁)အိတ်၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

        ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၁၃၀၀ မှ ၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)

 

နေကြာများ စတင်ရိတ်သိမ်းချိန် နေကြာဈေးနှုန်း/ဈေးကွက်အခြေအနေ

     ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်က နေကြာမျိုးကောင်းမျိုးသန့်များကို တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် မွန်ပြည်နယ်၌ နေကြာ ရေးဆင်း-၁ မျိုးများကို စိုက်ဧကစုစုပေါင်း (၆၁၃၄) ဧက စိုက်ပျိုးကြောင်းနှင့် နေကြာများကို ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စပါးရိတ်သိမ်းပြီးသည့်လယ်မြေများကို ထွန်ယက်ကာစတင်စိုက်ပျိုးကြပြီး ယခု မတ်လဆန်းတွင် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။

   အထွက်နှုန်းမှာ နေကြာတစ်ဧကလျှင် (၂၉) တင်းခန့်ထွက်ရှိပြီး နေကြာတစ်တင်းကြိတ်လျှင် (၂.၇၅) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်က နေကြာစေ့ (အခွံပါ) တစ်တင်းလျှင် (၃၂၀၀၀) ကျပ်နှင့် နေကြာဆီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် နေကြာစတင်ထွက်ပေါ်ချိန်တွင် နေကြာစေ့ (အခွံပါ) တစ်တင်းလျှင် (၃၅၀၀၀) ကျပ်နှင့် နေကြာဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဒေသတွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ရာသီပေါ် မန်ကျည်းသီးမှည့်ရောင်းချသူများ မိသားစုဝင်ငွေရရှိနေ”

    မန်ကျည်းပင်များကို အခြားစားပင်သီးပင်များကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း ကန့်ဘလူမြို့နယ်၏ နေရာအနှံ့အပြားတွင် အများအပြားအလေ့ကျပေါက်ရောက်ကြပါသည်။ ယခုအခါ မန်ကျည်းသီးမှည့်များ အရောင်းအဝယ်ဖြစ်လျက်ရှိရာ မန်ကျည်းသီးမှည့်(အစေ့မပါ)အဟောင်းတစ်ပိဿာလျှင် ကျပ်(၄၀၀၀)မှ ကျပ်(၅၀၀၀)ထိရှိပြီး မန်ကျည်းသီးမှည့်(အစေ့မပါ)အသစ်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၄၅၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ကန့်ဘလူမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ မန်ကျည်းသီးလက်လီရောင်းချနေသူ၏ ပြောပြချက်အရ ကန့်ဘလူခရိုင်အတွင်း မန်ကျည်းသီးများဝယ်ယူသည့်ပွဲရုံများမရှိကြောင်း သိရှိရပြီး အစေ့လွတ်မန်ကျည်းသားများကို ဒေသတွင်းအကြော်ဆိုင်များ၊ ပင်လယ်စာဆိုင်များနှင့် အကင်ဆိုင်များမှ အချဉ်ရည်များနှင့် ဆော့စ်များပြုလုပ်ရန်အတွက် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

      အစေ့လွတ်မန်ကျည်းသားများရောင်းချနိုင်ရန်အတွက် ရရှိလာသောမန်ကျည်းသီးတောင့်အမှည့်များကို အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့/အသားခွဲခြင်းများကို မိသားစုအလိုက်  လုပ်ကိုင်လျက်ရှိရာ အရင်းမစိုက်ရဘဲ မိသားစုဝင်ငွေများရရှိနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅ .၃.၂၀၂၃ )

   ၁၅.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရွှေဘိုမြို့၏ အထင်ကရဖြစ်သည့် မြို့မစည်ပင်သာယာဈေးကြီးရှေ့တွင်ရောင်းချသည့် ညဈေးတန်း

     ကျွန်မတို့သည် နံနက်မိုးသောက်အလင်းရောက်သည်နှင့်တစ်ပြိုင်နက် ကိုယ်စီတာဝန်ဝတ္တရားများဖြစ်သည့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးများကို ဆောင်ရွက်ရသည်ဖြစ်ရာ တစ်နေကုန်ပမ်းပန်နွမ်းနယ်သမျှ ညနေခင်းအချိန်တွင် မိသားစုစုံလင်စွာဖြင့် ဘုရားဖူးသွားခြင်း၊ ကလေးများကို ရွှေဘိုမြို့ရှိ ရန်ကြီးအောင်ပန်းခြံသို့ လိုက်ပို့ခြင်းဖြင့် အနားယူအပန်းဖြေကြပါသည်။

  အနားယူအပန်းဖြေပြီးနောက် မြို့မဈေးကြီးရှေ့တွင်ရောင်းချသည့် ညဈေးတန်းသို့ သွားရောက်ကြပါသည်။ မြို့မစည်ပင်သာယာဈေးသည် နံနက်(၀၇:၀၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ညနေ(၁၅:၀၀)နာရီအချိန်တွင် ဈေးပိတ်ပါသည်။ ညဈေးတန်းဖွင့်လှစ်ရောင်းချသည့်ဆိုင်များသည် နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ည(၁၈:၀၀)နာရီအချိန်တွင် ပိတ်သိမ်းပါသည်။

     ညဈေးတန်းတွင် ဈေးဆိုင်ပေါင်း (၂၀)ကျော်ရှိရာ အများစုမှာ တွန်းလှည်းလေးများဖြင့် ရောင်းချကြပါသည်။ ညဈေးတန်းလေးတွင် အကြော်နှင့်မုန့်ပေါင်းသည်၊ သစ်သီးသည်များ၊ ထမင်းဆီဆမ်းနှင့် အသုပ်သည်များ၊ ဝက်သားထုတ်ထိုးနှင့် ကြာဆံကြော်သည်များ၊ ကြာဆံဟင်းခါးသည်များ၊ မုန့်ဟင်းခါးသည်များ၊ မာလာဟင်းသည်များ၊ မန်ကျည်းဖျော်ရည်နှင့် အအေးမျိုးစုံသည်များ၊ ရွှေဘိုမြို့နှင့်နီးသော ထနောင်းဝင်းရွာမှလာရောင်းသည့် ခေါင်းရွက်ဗျက်ထိုးအသုပ်သည်များလည်း လာရောက်ရောင်းချကြပါသည်။

      ညဈေးတန်းတွင် တွန်းလှည်းဘီးဖြင့်ရောင်းချသည့် လေးညှင်းထမင်းနှင့်ဟင်း‌ရောင်းချသည့်ဈေးဆိုင်တွင်လည်း ကြက်ပျံမကျ စည်ကားစွာဝယ်ယူကြပြီး ဟင်းများမှာ အမယ်များစုံလင်လှပါသည်။ အရွက်ကြော်များ၊ ပဲများစသည့် အရံဟင်းများမှာ (၃၀ဝိ/-)ကျပ်မှ (၅၀ဝိ/-)ကျပ်ဖိုးထိဝယ်ယူ၍ရပြီး အသားဟင်းများမှာ (၁၀၀ဝိ/-)ကျပ်ဖိုး အနည်းဆုံးဝယ်ယူ၍ရကြောင်း သိရှိရပါသည်။ ညနေချိန်ခင်းအချိန်တွင်သာရရှိသည့် ချပါတီမုန့်နှင့် နွားနို့ပူပူ၊  ချပါတီနှင့်တွဲ၍စားကြသည့် ဆိတ်ရိုးစွပ်ပြုတ်မှာလည်း နာမည်ကြီးလှပေသည်။

     "လှမြင့်ကြီး"ကဖေးဆိုင်တွင်ရောင်းချသည့် ပလာတာသုပ်၊ ဌက်ပျောပလာတာများမှာ လူကြိုက်များလှပြီး နာမည်လည်းကြီးလှပေသည်။ ညဈေးတန်းဈေးတွင် စားစရာများပေါများလှသဖြင့် ဈေးနှုန်းများမှာလည်း သင့်တင့်၍ လူတိုင်းစားသုံးနိုင်ပေသည်။ ညနေခင်းအချိန်တွင် အပန်းဖြေသူများ၊ ဈေးဆိုင်ပိတ်ပြန်သူများ၊ အလုပ်ဆင်း၍ ပြန်ကြသူများ၊ ကျောင်းဆင်း၍ ပြန်ကြသူများသည် ညဈေးတန်းတွင် စားစရာများဝယ်ယူကာ အချို့မှာ ဆိုင်တွင်ထိုင်စားကြပြီး အချို့မှာ အိမ်သို့ ပါဆယ်ထုပ်များ ဝယ်ယူကြပါသည်။

     ညဈေးတန်းရှိခြင်းအားဖြင့် ညနေခင်းချိန်တွင် ရောင်းချသည့်ဈေးသည်များလည်း နေ့စဉ်ဝင်ငွေရခြင်း၊ စားသုံးသူများအနေဖြင့်လည်း အစားအစာများကို ပူပူနွေးနွေးဝယ်ယူစားသောက်ရခြင်း၊ မိသားစုများ ပျော်ရွှင်စွာဖြင့် တစ်နေ့တာအပန်းပြေခြင်း၊ မိတ်ဆွေ/သူငယ်ချင်းများနှင့် မုန့်များဝယ်စားကာ စကားပြောခြင်း၊ အလုပ်ကိစ္စများဆွေးနွေးခြင်းဖြင့် ပျော်စရာအချိန်များကို ဖြတ်သန်းကာ တစ်နေ့တာမောပန်းမှုများကို ပြေပျောက်စေပြီး နောက်နေ့သစ်အတွက် ခွန်အားသစ်များ တိုးပွားစေနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း