Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် အသစ်များပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ  (တတိယပတ်)တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ်၃၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၆၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်ပါတစ်အိတ်မှာ ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၂၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ်၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၅၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ မတ်လ  (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၄၄၆၀၊ ကချင်သို့ အိတ်‌ရေ ၃၁၃၀၊ ပခုက္ကူသို့ အိတ်ရေ ၁၅၀၀၊  စုစုပေါင်းအိတ်ရေ (၇၀၅၉၀)  အိတ်၊ တန်အားဖြင့် (၃၅၃၀) တန်စီးထွက်ခဲ့ပြီး ယခု မတ်လ  (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၃၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၈၀၀၊ မွန်သို့ အိတ်ရေ ၆၀၈၀၊ ကချင်သို့ အိတ်‌ရေ ၉၅၃၅ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀  စုစုပေါင်းအိတ်ရေ (၈၉၄၁၅)  အိတ်၊ တန်အားဖြင့် (၄၄၇၀) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၈၈၂၅) အိတ်၊ တန်အားဖြင့် ( ၉၄၀ ) တန်ပိုမိုစီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁.၄.၂၀၂၄)

၁.၄.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁.၄.၂၀၂၄ )

၁.၄.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၄.၂၀၂၄ )

    ၁.၄.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မွန်ပြည်နယ် မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ ရောင်းချသည့်ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

     ၂၀၂၄ခုနှစ်၊ မတ်လ (ပထမပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၅၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၅၈၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၉၃၅၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ(တစ်တင်း)ကျပ် ၆၃၀၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း)ကျပ် ၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၂၀၀၀  ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

     မတ်လ၏(စတုတ္တပတ်)အတွင်းတွင် ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၀၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၅၈၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ်     ၉၂၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာ(တစ်တင်း)ကျပ် ၆၃၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း) ကျပ် ၆၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၅၂၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။

     သို့ဖြစ်၍ မွန်ပြည်နယ်၏ မတ်လ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက စတုတ္တပတ်တွင် ပဲဈေးနှုန်းအခြေအနေမှာ (တစ်တင်း)ဈေးနှုန်းအရ ပဲတီစိမ်း(ရွှေဝါ) ၅၀၀၀ကျပ်၊  မတ်ပဲ ၁၅၀၀ကျပ်၊  မြေပဲ ၈၀၀၀ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်းသိရပါသည်။ ထိုသို့ ပဲဈေးနှုန်းကျဆင်းရခြင်းသည် ပဲထွက်ရာသီချိန်ဖြစ်ကြောင်းနှင့် မော်လမြိုင်သို့ ပဲမျိုးစုံ ဝင်ရောက်မှုရှိနေခြင်းကြောင်းဖြစ်သည်ဟု သုံးသပ်ရပါ၍ ဈေးနှုန်းကျဆင်းကြောင်း သိရှိရပါသည်။

DOCA(မွန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၁.၃.၂၀၂၄ )

      ၃၁.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၀.၃.၂၀၂၄ )

       ၃၀.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အိန္ဒိယအစိုးရပိတ်ပင်

    အိန္ဒိယနိုင်ငံသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုတားမြစ်ထားခြင်းကို အကန့်အသတ်မရှိ သက်တမ်းတိုးမြှင့်လိုက်ပါသည်။ အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီချမှတ်ခဲ့သည်။ အဆိုပါပိတ်ပင်မှုသည် ပြည်ပနိုင်ငံဈေးကွက်တချို့တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်သွားစေခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့အကြီးဆုံးဟင်းသီးဟင်းရွက်တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး မတ်လ ၃၁ရက်တွင်ကုန်ဆုံးမည့် ကြက်သွန်နီပြည်ပသို့တင်ပို့မှုကို ပိတ်ပင်သည့်အမိန့်ချမှတ်ခဲ့သည်။ သို့သော် (၂၂-၃-၂၀၂၄) ရက်နေ့တွင် ပိတ်ပင်မှုသက်တမ်းကို အကန့်အသတ်မရှိတိုးမြှင့်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါသက်တမ်းတိုးမြှင့်မှုသည် မလိုအပ်ကြောင်းနှင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းများကို ထိုးဆင်းကျသွားစေကြောင်း၊ အိန္ဒိယနိုင်ငံရှိ လယ်သမားများနှင့် စီးပွားရေးအကြံပေးများက ဝေဖန်လျက်ရှိပါသည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးကြက်သွန်နီထုတ်လုပ်သည့် မဟာရက်ရှ်တရာပြည်နယ်ရှိ လက်ကားအရောင်းဆိုင်များတွင် ကြက်သွန်နီဈေးနှုန်းများမှာ ၁၀၀ကီလိုဂရမ်ကို ၄၅၀၀ရူပီးမှ ၁၀၀ကီလိုဂရမ်ကို ၁၂၀၀ရူပီးထိကျဆင်းခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီကို အဓိကတင်သွင်းနေရသည့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နီပေါနှင့် UAE နိုင်ငံတို့သည် အဆိုပါပိတ်ပင်မှုကြောင့် ပြည်တွင်းတွင် ကြက်သွန်နီဈေးနှုန်းကြီးမြင့်မှုအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။

         အိန္ဒိယ၏ အဆိုပါပိတ်ပင်မှုသည် ပြည်ပမှ ပြိုင်ဘက်ကြက်သွန်နီတင်ပို့သူများ ဈေးနှုန်းများပိုမိုတောင်းဆိုမှုကိုဖြစ်ပေါ်စေနိုင်ပြီး တင်သွင်းသူများအား ရွေးချယ်ရာမရှိဖြစ်သွားစေနိုင်ကြောင်း မွန်ဘိုင်းမြို့အခြေစိုက်ပို့ကုန်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၂၉.၃.၂၀၂၄)

   ၂၉.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း