Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၅) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၁၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၄၄၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်)တစ်ပိဿာဈေးနှုန်းများမှာ အချော ကျပ်၂၇၀၀၊ အသန့် ကျပ်၃၀၀၀၊ အကြီး ကျပ်၃၃၀၀၊ ရှယ် ကျပ်၃၃၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) ဈေးနှုန်းများမှာ အချော ကျပ်၁၈၀၀၊ အသန့် ကျပ်၂၁၀၀၊ အကြီး ကျပ်၂၃၀၀၊ ရှယ် ကျပ် ၂၄၀၀၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၃၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၉.၃.၂၀၂၄ )

၂၉.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၉.၃.၂၀၂၄ )

     ၂၉.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၉-၃-၂၀၂၄) ရက်နေ့မှ (၂၅-၃-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုက‌လေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၃၁၃၀) အိတ်၊ ပေါ်ကျွဲ (၆၂၅၀) အိတ်၊ ဧည့်မထ(၁၁၃၁၂၁) အိတ်နှင့် ဆန်ကွဲ (၂၆၆၃၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၆၆၀၄) အိတ်နှင့် ပဲခူးတိုင်း(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၂၂၇၅၅) အိတ်၊ ငစိန် (၄၄၀၃) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ တိုက်ကြီး၊ ပျော်ဘွယ်၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၁၁၁၄၂၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

       ဗားဂရာငှက်ပျာသီးအသင်းမှ (၁၈-၃-၂၀၂၄) ရက်နေ့မှ (၂၅-၃-၂၀၂၄) ရက်နေ့အထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများ၌ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်များမှ သီးမွှေး၊ ရွှေငှက်ပျော၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျောတို့ဝင်ရောက်မှုများကြောင်း၊ ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်တို့မှလည်း  သီးမွှေးငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်နယ်ဘက်မှ ဖီးကြမ်းငှက်ပျောဝင်ရောက်မှုရှိကြောင်း၊ ရွှေဘို၊ ဘုတလင်မှလည်း ဖီးကြမ်းငှက်ပျောဝင်ရောက်မှုရှိပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှ       သင်္ဘော(၃) စီး၊ (၁၂) ဘီးကား ၅စီး၊ Luck Truck (၁၀) စီးဝင်ရောက်ခဲ့ရာ  Luck Truck  တစ်စီးလျှင် ငှက်ပျော်အခိုင် (၁၃၀) ခိုင်ပါရှိပြီး ၁၂ဘီးကားတစ်စီးလျှင် ငှက်ပျောအခိုင် ၅၅၀ခိုင်ပါရှိ ကြောင်းသိရှိခဲ့ရပါသည်။ ငှက်ပျောဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် ၄၀၀ကျပ်မှ ၁၈၀၀ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၇၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၃၃၀၀ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိရှိကြောင်း၊ ယခုရက်ပိုင်းများတွင် ငှက်ပျောကားအဝင်များပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တွင် လေပြင်းတိုက်ခိုက်ခဲ့သဖြင့် ငှက်ပျော စိုက်သူများအနေဖြင့်  ပိုမိုတိုး၍ ငှက်ပျောခုတ်ယူများရှိကြောင်း ငှက်ပျောအသင်း၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာရောင်းချပေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် (၂၃.၃.၂၀၂၄) ရက်နေ့ နံနက် ၀၇:၄၅ နာရီအချိန်၌ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်    ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်းသိရသည်။

      အဆိုပါ စားအုန်းဆီများကို ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွယ်ကူလျှင်မြန်စွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် ရည်ရွယ်၍ စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀၀ ကျပ်ဖြင့် ဝန်ထမ်းတစ်ဦးလျှင်(၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချ ပေးခဲ့ပြီး ဝန်ထမ်း(၉၀၀)ဦးအတွက် စားအုန်းဆီ ၉၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၁၈-၃-၂၀၂၄) ရက်နေ့မှ (၂၃-၃-၂၀၂၄) ရက်နေ့အထိ

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ ပြည်တွင်းဈေးကွက်၌ စားအုန်းဆီရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၈-၃-၂၀၂၄)ရက်နေ့မှ (၂၃-၃-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၄၈၆၀.၅၈၄)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသလို စားသုံးသူများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေ ရန်နှင့် ဈေးနှုန်း၊ဈေးကွက်တည်ငြိမ်မှန်ကန်စေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချ သည့်ဆိုင်များအား (၂၅.၃.၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး တွေ့ဆုံဆွေးနွေးခဲ့သည်။

      ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးမေးမြန်းခဲ့ရာ လုပ်ငန်းရှင် မှ မန္တလေးမြို့၌ ဘိလပ်မြေဝယ်ယူရာတွင် အခက်အခဲများစွာဖြစ်ပေါ်နေပြီး ပစ္စည်းလက်ကျန် ပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်နှင့် ကျွန်းလှမြို့ တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၇၀၀ ကျပ်နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၇၀၀၀၀၀ ၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၅၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါတစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ  ယခင်အပတ်နှင့်နှိုင်းယှဉ် ကြည့်လျှင် စပါးဆန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြာင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၁၀၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးသို့အိတ်ရေ ၃၀၀၀ စုစုပေါင်း ၄၀၀၀ အိတ် တန်အားဖြင့် ၂၀၀ တန် စီးထွက်ခဲ့ကြောင်း ဒေသခံ ဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် ဖြစ်ပေါ်နေသော ပဲစဉ်းငုံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၌    ၂၀၂၄ ခုနှစ် ၊ မတ်လဒုတိယပတ်တွင် ပဲစဉ်းငုံနီ (၁)တင်းလျှင် ၁၁၈၀၀၀ ကျပ်၊ ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ၁၀၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ မတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲစဉ်းငုံဈေးနှုန်းများမှာ ပဲစဉ်းငုံနီ(၁)တင်း လျှင် ၁၀၂၀၀၀ ကျပ် ၊ ပဲစဉ်းငုံဖြူ(၁)တင်း လျှင် ၉၂၀၀၀ ကျပ်ရှိခဲ့ပြီး ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့် လျှင် ပဲစဉ်းငုံဈေးနှုန်းများမှာ ပဲစဉ်းငုံနီ(၁)တင်းလျှင် ၁၆၀၀၀ ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၁၆၀၀၀ ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း ၊ အခြားသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း (CP)မှာ ဈေးကွက်အတွင်း ပစ္စည်းလက်ကျန် အနည်းငယ်သာရှိသည့်အတွက် (၁)တင်းလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း