Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၉-၃-၂၀၂၃ မှ ၁၅-၃-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၂၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၆၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် (၁၅၀၀ မှ ၁၉၀၀)ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် (၃၉၀၀ မှ ၄၄၀၀) ကျပ်ထိရှိခဲ့ပြီးကြက်သွန်နီအသစ်များလှိုင်လှိုင်ပေါ်၍ အဝင်များနေသော်လည်း ဈေးနှုန်းအနည်းငယ်တက်လာပြီး ကြက်သွန်ဖြူဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးထံမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၇၀၀၊ မှော်ဘီမြို့နှင့် တိုက်ကြီးမြို့မှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်(၃၀၀ - ၂၀၀)၊ တွံတေးမှ သခမသီးအလုံးကြီး ၂၀လုံးမှ ၂၅လုံးပါတစ်ခြင်းလျှင် ကျပ်၁၇၀၀၀၊ အလုံးလတ် ၄၀လုံး မှ ၄၅လုံးပါ တစ်ခြင်းလျှင် ကျပ်၁၆၀၀၀၊ အလုံးသေး ၆၀လုံး မှ ၉၀လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ မော်လမြိုင်မြို့မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၈၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊  ခရမ်း၊ ဝေါ၊ ကျောင်းကုန်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၇၀၀၀၊ အသုတ်မြို့၊ ဝေါမြို့နှင့် ခရမ်းမြို့မှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်(၂၀၀၀ - ၃၀၀၀)၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၂၀၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်  ၁၈၀၀၀၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်(၁၃၀၀၀ - ၁၅၀၀၀)၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၁၅ ကျပ်သားပါ တစ်ဘူးလျှင် ကျပ်၅၀၀၊ မြစ်သားမှ ပဲမြစ်အလုံးကြီးတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ဆင်ဖြူကျွန်းမှ  ဆီးသီး (စလေ) အလုံးကြီး၈ပြည်ပါ တစ်ခြင်းလျှင် ကျပ်၁၂၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ(၈)ရက်နေ့မှ မတ်လ (၁၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၇၀၀ မှ ၁၅၀၀)အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၆၀၀ မှ ၁၀၀၀)အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၁၀၀)အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၄၀၀၀)အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်(၁၁၀၀ မှ ၁၆၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၅၅၀၀ မှ ၆၀၀၀)အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၃၆၀၀ မှ ၃၇၀၀)အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)အတွင်း၊ ဆလတ်ရွက်တစ်စည်းလျှင် ကျပ်(၁၅၀ မှ ၂၀၀)အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၆၅ မှ ၁၀၀)အတွင်း၊ ခရမ်းသီး (ရှည်)တစ်ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀)အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်(၈၅ မှ ၁၅၀)အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၂၆၀၀)အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ်(၂၀၀၀ မှ ၅၀၀၀)အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၀၁၄၀၀)လုံးကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၈၉၈၀)ပိဿာကျော်၊ ဘူးသီးအလုံးပေါင်း (၄၉၁၅)လုံးကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၃၅)လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၇၅၀၀)ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၁၀၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၁၀၀၉၀)ပိဿာကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)လုံးကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

သရက်မြို့နယ်မှထွက်ရှိသည့် ပဲကြီး၊ ကုလားပဲနှင့် ပဲစင်းငုံဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော စခန်းကြီး၊ တောင်ဘော၊ မြောက်ဘော၊ ကွမ်းအုံ၊ ရေဘွတ်၊ စမ္မကြီး စသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံများအနက် ပဲကြီးမှာ မတ်လပထမပတ်တွင် ပဲကြီး(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၁၄၀၀၀)ရှိခဲ့ရာ ဒုတိယပတ်တွင် ကျပ် (၁၁၂၅၀၀ - ၁၁၇၀၀၀)ဖြင့် တစ်ပတ်လျှင် အိတ်ရေ ၂၀အိတ်မှ ၃၀အိတ်ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

     ကုလားပဲမှာ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၉၉၇၅၀)ဈေးဖြင့် မတ်လဒုတိယပတ်တွင် ဈေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ပဲစင်းငုံမှာ မတ်လ ပထမပတ်တွင် ပဲစင်းငုံ(၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၀၀၅၀၀)ဖြစ်ပြီး ဒုတိယပတ်တွင် ကျပ်(၁၀၂၀၀၀)အမြင့်ဈေးဖြင့် ဝယ်ယူလျက်ရှိပါကြောင်းနှင့် ပဲများသိုလှောင်သည့်ကာလဖြစ်ပါသဖြင့် လှောင်ပဲများအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကုန်သည်ဦးမြင့်လွင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင် ကြက်သွန်နီ မတ်လ(ဒုတိယ)ပတ်အတွင်း ဈေးကွက်အခြေအနေ

     ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(မိုး)အသစ်များ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်(၄၀၀၀၀)ပိဿာခန့် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း စုစုပေါင်းပိဿာချိန်(၃)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်မတ်လ ပထမပတ်တွင် ကြက်သွန်ထိပ်စအမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင် ကျပ် (၁၃၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၆၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အမြင့်ဈေးထိပ်စရှယ်တစ်ပိဿာလျှင် ကျပ်(၁၁၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၈၀၀)၊ အသေးစတစ်ပိဿာလျှင်  ကျပ်(၅၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးအနည်းငယ်ကျဆင်းသည်ကို တွေ့ရှိရပါသည်။

      ပခုက္ကူတွင် ကြက်သွန်နီစိုက်ဧကနည်းသော်လည်း မြစ်ခြေ၊ ကမ္မ၊ ရေစကြို၊ ပေါက်နယ်များမှ ကုန်စည်ဒိုင်သို့  နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။  ပခုက္ကူမှ အခြားတိုင်းဒေသကြီးများသို့ စီးဆင်းမှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်ပပို့ကုန်အဖြစ် မြဝတီမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး စုစုပေါင်းပျမ်းမျှပိဿာချိန် (၃၀၀၀၀၀)ပိဿာခန့်၊ အိတ်အရေအတွက်(၈၅၇၁)အိတ်၊ တန်ချိန်(၄၉၀) တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ထံမှသိရှိရပါသည်။

     ပခုက္ကူမြို့မဈေးအတွင်းတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့်အရည်အသွေးကိုလိုက်၍ ရောင်းချနေသောလက်လီဈေးများမှာ ထိပ်စရှယ်အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၁၄၀၀)ခန့်၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့်၊ အသေးစတစ်ပိဿာလျှင် ကျပ်(၉၅၀-၁၀၀၀)ခန့်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီရောင်းချသူထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူအသုံးများသောဓာတ်မြေဩဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲဖြစ်ကြပြီး ဈေးနှုန်းများမှာ မတ်လ ပထမပတ်တွင် အာမို (၁၅း၁၅း၁၅)(50kg) တစ်အိတ်လျှင်  ကျပ်(၁၅၀၀၀၀)ဖြစ်ပြီး ဒုတိယအပတ်တွင်လည်း ကျပ်(၁၅၀၀၀၀)၊ MC (50Kg)တစ်အိတ်လျှင် ပထမပတ်တွင် ကျပ်(၁၃၀၀၀၀)ဖြစ်ပြီး ဒုတိယပတ်တွင်လည်း ကျပ်(၁၃၀၀၀၀)၊ တက်တိုး(၁၅း၇း၈)(50Kg) တစ်အိတ်လျှင် ပထမပတ်တွင် ကျပ်(၈၀၀၀၀) ဖြစ်ပြီး ဒုတိယပတ်တွင်လည်း ကျပ်(၈၀၀၀၀)၊ ရွှေပုလဲ(မြင်းကျား)(50Kg)တစ်အိတ်လျှင် ပထမပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ဒုတိယပတ်တွင်လည်း ကျပ် (၆၀၀၀၀)ဖြစ်၍ စျေးနှုန်းများပြောင်းလဲမှုမရှိကြောင်း သိရပါသည်။

     လူသုံးများသော ပိုးသတ်ဆေးများမှာလည်း ပရိုမက်တင်၊ ဆလက်ပက်(စ်)၊ အီရာပရိုသရင်၊ ဖို(စ်)တင်းတို့ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းမှာ မတ်လပထမပတ်တွင် ပရိုမက်တင်(၅၁.၈ EC) (500CC)တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)ဖြစ်ပြီး မတ်လဒုတိယအပတ်တွင်လည်း ကျပ်(၂၅၀၀၀)၊ ဆလက်ပက်(စ်) (500CC) တစ်ဘူးလျှင်  ပထမအပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ပြီး ဒုတိယအပတ်တွင်လည်း ကျပ်(၂၁၅၀၀)၊ အီရာပရိုသရင် (500CC) တစ်ဘူးလျှင်  ပထမအပတ်တွင် ကျပ်(၂၄၅၀၀)ဖြစ်ပြီး ဒုတိယအပတ်တွင်လည်း ကျပ်(၂၄၅၀၀)၊ ဖို(စ်)တင်း EC(500CC) တစ်ဘူးလျှင် ပထမအပတ်တွင် ကျပ်(၁၇၅၀၀)ဖြစ်ပြီး ဒုတိယအပတ်တွင်လည်း ကျပ်(၁၇၅၀၀)ဖြစ်ပြီး စျေးနှုန်းများပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယအပတ်နှင့် တတိယအပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိရာ  ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယအပတ်နှင့် တတိယအပတ်စျေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၂၂၀) ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ် (၂၁၅၅) ဖြစ်၍  (၆၅) ကျပ် စျေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်) (၁) လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၃၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၂၃၅) ဖြစ်၍ (၆၅) ကျပ်စျေးလျော့ခဲ့ကြောင်း၊ ဓာတ်ဆီ (92)(၁) လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၁၉၅) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၁၅၅) ဖြစ်၍ (၄၀) ကျပ်စျေးလျော့ခဲ့ကြောင်း၊ ဓာတ်ဆီ (95) (၁) လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၂၈၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၂၄၀) ဖြစ်၍ (၄၀)ကျပ် စသည်ဖြင့် အသီးသီးစျေးနှုန်းများ အနည်းငယ်လျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံခရိုင်၏ မိုးထောပတ်ပဲစိုက်ပျိုးထွက်ရှိမှု

    မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးထောပတ်ပဲစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း(၁၇၂၁၀) ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၅.၄၇)တင်းနှုန်း ရှိကြောင်း၊ မြို့နယ် အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၄၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၇၀၆၄) ဧက ရှိ၍ စိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၈)တင်းနှုန်းခန့်၊ နွားထိုးကြီးမြို့နယ်အနေဖြင့် တစ်ဧကလျှင်(၅.၄၅) တင်းနှုန်း ခန့်ထွက်ရှိသဖြင့် မြင်းခြံမြို့နယ်မှာ နွားထိုးကြီးမြို့နယ်ထက်ပိုမိုထွက်ရှိကြောင်း၊ မိုးထောပတ်ပဲစိုက်ပျိုးမှုမှာ ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိပါကြောင်း၊  ထောပတ်ပဲကို တစ်ချို့ဒေသများတွင် တိုင်ထောင်၍ စိုက်ပျိုးကြပြီး၊ အောက်တိုဘာတွင် စိုက်ပျိုးကြသည့် တောင်သူများမှာ တိုင်ထောင်၍ စိုက်ပျိုးရန်မလိုကြောင်း၊ ထောပတ်ပဲမှာ ထောပတ်ကြီး၊ ထောပတ်လတ်၊ ထောပတ်အသေးဟူ၍ အမျိုးအစား အနေဖြင့် (၃)မျိုးခွဲခြားထားကြောင်း သိရှိရပါသည်။

     ထောပတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးပြီး၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ ဆင်ဖြူကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်နှင့် နွားထိုးကြီး ဒေသများ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသ များတွင် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင် သတိပြုရမည့် အချက်များအနေဖြင့်  သီးနှံများကို ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှုအပေါ် မူတည်ကြောင်း၊ ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့် ပတ်ဝန်းကျင် ရေဝင်ရောက်မှုမရှိစေရန်၊ သန့်ရှင်းမှု၊ သိုလှောင်ရုံဧရိယာ၊ သယ်ယူပို့ဆောင်ရေး ယာဉ်နှင့် ထုပ်ပိုးပစ္စည်းစသည်တို့ကို ဓာတုဆေးများဖြင့် ပက်ဖျန်းပေးရန် လိုအပ်ပါကြောင်း၊ ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေးကိုထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အသွေးမီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အစိုဓာတ်ကိုလည်း (၁၃)ရာခိုင်နှုန်းမှ (၁၄)ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ရပြီး မှန်ကန်စွာစစ်ဆေး နေရန်လိုအပ်ပါကြောင်းနှင့် ပဲသီးနှံသည် အဓိကအားဖြင့် ရေငွေ့ပျံခြင်း၊ စိုထိုင်းဆများခြင်းတို့ကြောင့် ပျက်စီးလွယ်တတ်၍ ပတ်ဝန်းကျင်စိုထိုင်းဆ(၄၀)ရာခိုင်နှုန်းထက်မပိုအောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် ပိုးကျရောက်မှုကင်းဝေးစေရန် ကျရောက်တတ်သောပိုးများနှင့် အသုံးပြုရမည့်ဆေးများကို စနစ်တကျအချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်နှင့် သိုလှောင်ရုံ ပိုးမွှားကာကွယ်မှုစနစ်မှာလည်း အထူးဂရုစိုက်ဖို့လိုအပ်ပါကြောင်း သိရှိရပါသည်။

    သိုလှောင်ရုံကြိုတင်ပြင်ဆင်ခြင်း၊ သီးနှံစစ်ဆေးခြင်း၊ ပိုးကျပါကပိုးသတ်မှိုင်းတိုက်ခြင်း၊ ပိုးပြန်လည်ကျရောက်ပါက တစ်ပတ်တစ်ကြိမ်စစ်ဆေးခြင်း၊ ပိုးသတ်ခြင်း၊ အပူချိန်တက်လျှင် အပုံလှန်ခြင်း၊ နေရာပြောင်းခြင်း၊ သုံးလတစ်ကြိမ်ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ တစ်ပတ်တစ်ကြိမ် ဆေးခိုးလွှတ်ခြင်း၊ ကြွက်နှိမ်နင်းရေး တစ်လတစ်ကြိမ်လုပ်ရန်နှင့် First in / First Out စနစ် ကျင့်သုံးရန် သီးနှံထုတ်ယူသည့်နေရာနှင့်အခင်းကို ပိုးသတ်ဆေးဖျန်းရန်လိုအပ်ကြောင်း သိရှိရပါသည်။

      ထောပတ်ပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ် မှ (၁၆၂၅၀၀)ကျပ် အထိဈေးနှုန်းများရှိခဲ့ကြောင်း၊ ယခုအခါတွင် ဆောင်းထောပတ်ပဲ များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ထောပတ်ပဲကို တောင်သူများအနေဖြင့် မိသားစု စားသုံးရန်အတွက် တစ်တင်း၊ နှစ်တင်းခန့် ချန်လှပ်ထားတတ်ကြောင်းနှင့် ထောပတ်ပဲကိုပြုတ်၍ လည်းကောင်း၊ ပဲကြမ်းကြော်ပြုလုပ်၍လည်းကောင်း၊ ပဲရေပွပြုလုပ်၍လည်းကောင်းစားသုံးကြကြောင်းနှင့် ပဲမှုန့်ပြုလုပ်၍လည်းအသုံးပြုပြီး ဟင်းလျာအဖြစ် အသုံးပြုမှုနည်းပါးကြောင်း သိရှိရပါသည်။ လက်ရှိကာလပေါက်ဈေးအနေဖြင့် ထောပတ်ပဲတစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ တစ်တင်း ဈေးနှုန်းမှာ (၈၄၃၇၅)ကျပ်ဝန်းကျင်နှင့် သုံးတင်းဝင်တစ်အိတ်လျှင်(၂၅၃၁၂၅)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း