တောင်ငူမြို့၌ ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိရှိပြီး ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိ၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။
ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်ထိရှိပြီး ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၁၀၀ကျပ်မှ ၁၂၀ကျပ်ထိ၊ သခွါးသီး(ဒေသသီး)တစ်ပိဿာလျှင် ၁၃၀၀ကျပ်ရှိပြီး ရှမ်းပြည်သီး၁ပိဿာလျှင် ၁၈၀၀ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။
ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ဂေါ်ဖီတစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၂၂၀ကျပ်ထိဖြစ်၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။
ပြောင်းဖူး(အဖြူ/အဝါ)နှစ်မျိုးလုံးသည် အဖူးကြီးတစ်ဖူးလျှင် ၃၀၀ကျပ်၊ အဖူးသေးလျှင် ၂၀၀ကျပ်ဖြစ်ပြီး ၁၀ဖူးဝယ်လျှင် ၁၈၀၀ကျပ်ဖြစ်၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။
ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းယူလျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းဝယ်လျှင် ၈၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချပါသည်။ နံနံပင်တစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်ဖြစ်ပြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)