Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

       မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက် အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

      စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

       မုံရွာခရိုင်အတွင်း  ၁.၃.၂၀၂၃ ရက်နေ့မှ ၂၄.၃.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန်(၂၅၀၈၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၀၅၀ ကျပ်ဖြင့်လည်းကောင်း၊ ၂၅.၃.၂၀၂၃ ရက်နေ့မှ ၃၁.၃.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီပိဿာချိန်( ၅၉၄၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၉၀၀ ကျပ်ဖြင့်လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၃၁၀၂၀) ပိဿာခန့်အား လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ မြို့မစျေးရှိ စားဖိုဆောင်သုံး စျေးကွက်အခြေအနေ

     မကွေးမြို့၊ မြို့မစျေး၌ ဧပြီလ(ပထမပတ်)တွင် ရောင်းဝယ်ဖောက်ကားနေသော စားဖိုဆောင်သုံးစျေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ် (၂၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင်  ကျပ်(၄၅၀၀-၆၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာ လျှင် ကျပ်(၄၇၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၅၅၀၀)၊ ချင်းတက်(၁)ပိဿာလျှင်  ကျပ်(၃၅၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ် (၄၅၀-၅၀၀)၊ ငါးပိ(၁)ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ ငရုတ်သီးအကြမ်းမှုန့်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၁၈၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၃၅၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀- ၁၈၀၀၀)နှင့် ငါး(၁)ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀-၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ  ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀) နှင့်စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၂၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ် (၃၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ချင်း တက်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၂၀၀၀)  ကျပ် မှ (၁၃၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၂၅၀) ကျပ်၊ သေးတစ်လုံး (၂၀၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀) ကျပ်၊ သေးတစ်လုံး (၃၀၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်မှ (၁၈၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မတ်လ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ငရုတ်ခြောက်တစ်ပိဿာ ဈေးနှုန်းမှာ (၁၀၀၀) ကျပ်၊အာလူးတစ်ပိဿာ ဈေးနှုန်း (၁၀၀) ကျပ် ဈေးကျလျက်ရှိကြောင်းနှင့် အခြားအခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ  ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံနီဈေးဆက်လက်မြင့်တက်နေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ၊ လကုန်ပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လလကုန်ပတ်၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၅၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၄၄၀၀ဝိ/-) ပေါက်ဈေး ရှိခဲ့ပြီး ယခင်အပတ်၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၄၀၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၁၀၀ဝိ/-) ဈေးပိုခဲ့ပြီး   ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၁၀၀ဝိ/-) ဈေးပိုခဲ့ကြောင်းနှင့် ယခုနှစ်တွင် ပဲစဉ်းငုံရောင်းဈေးနှုန်းများ ကောင်းသဖြင့် တောင်သူများမှလည်း တွက်ခြေကိုက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

၂၀၂၃ခုနှစ်၊ မတ်လအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်း ဆန်စျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီးသည် "မြန်မာနိုင်ငံ၏ ဆီအိုးကြီး"ဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို ဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြ၍ ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိသော အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံစီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် နွေစပါးစီမံကိန်းဧက (၂၅၀၀၀) ဧကစိုက်ပျိုးရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ မတ်လအတွင်း စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၁၆၆၆၀) အိတ်၊ မန္တလေးတိုင်းမှ (၁၉၄၀)အိတ်၊ ရန်ကုန်တိုင်းမှ (၆၇၂)အိတ်၊ စစ်ကိုင်းတိုင်းမှ (၁၂၉၀)အိတ်၊ ပဲခူးတိုင်းမှ (၃၀၀)အိတ်၊ စုစုပေါင်း (၂၀၈၆၂)အိတ်၊ (၁၀၄၃)တန်စီးဝင်ခဲ့ကြောင်းနှင့် ဒေသတွင်း အရောင်းအဝယ်ဖြစ်နေသော ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ(ပွင့်ဖြူ) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၇၂၀၀၀-၇၆၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၂၀၀၀-၆၈၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)၊ ပေါ်ဆန်းမွှေး (မြောင်းမြ) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၇၀၀၀၀-၇၅၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၀၀၀၀-၆၃၀၀၀)နှင့် ဖန်သီး(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၂၀၀၀-၆၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

      မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ အောက်လှိုင်းကျေးရွာနှင့် ငါးလင်ဗန်းကျေးရွာရှိ တောင်သူများသည် မြေအောက်ရေများအသုံးပြု၍ မေမြို့ပန်းများစိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရပါသည်။

  မေမြို့ပန်းစိုက်ပျိုးရာတွင် ယခင်နှစ်ကချန်ထားသောမျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ တန်ဆောင်မုန်းလတွင်စိုက်ပျိုးကြပြီး အပင်သက်တမ်း(၃)လခန့်ရှိလျှင် ဈေးကွက်တွင် ရောင်းချနိုင်ကြောင်း၊ ဆောင်းရာသီတွင်စိုက်ပျိုးလျှင် အပင်များပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်ကို ဘောင်ဖော်၍စိုက်ပျိုးရပြီး ရေဝပ်ခြင်းကိုမကြိုက်ကြောင်း၊ မြေတောင်မြှောက်ခြင်း၊ ပေါင်းထိုးခြင်း၊ ခေါင်နှိမ်ခြင်းများလည်းပြုလုပ်ပေးရကြောင်း၊ အပင်အား မြေဩဇာကျွေး၍ တစ်ပတ်လျှင် တစ်ကြိမ်ခန့်ပိုးသတ်ဆေးဖြန်းပေးရကြောင်း၊ သို့မှသာ အပင်ပိုးမကျဘဲ ရောင်းပန်းလှကြောင်း၊ အပင်ရေ(၂၀၀၀)ပင်ခန့်တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ မေမြို့ပန်းအမျိုးမျိုးရှိရာ အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း သိရပါသည်။ မေမြို့ပန်းလက်ဆုပ်တစ်စည်းလျှင် (၁၀၀၀)ကျပ်ခန့်ထိဈေးကောင်းရရှိပြီး ဝယ်လိုအားပေါ်မူတည်၍ တစ်ခါခူးဆွတ်လျှင် အစည်းရေ (၅၀)မှ(၁၀၀)ခန့်ထိခူးဆွတ်ရောင်းချကြကြောင်း၊ စလင်းမြို့နယ်ထွက် မေမြို့ပန်းများကို ပွင့်ဖြူ၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြရာ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ မတ်လ အထိ(၁၂)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၈၃၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၆.၂၄၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၆.၀၈၆) ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၂.၀၃)% ဆောင်ရွက် နိင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

       ပို့ကုန်အနေဖြင့် (၁၈.၃.၂၀၂၃ မှ ၂၄.၃.၂၀၂၃)ရက်နေ့ အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀.၅၄) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၅.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃)ရက်နေ့အထိ စီးကရက် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၀၀)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၄၆)၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၀.၂၄၆) တင်ပို့နိုင်ခဲ့ပါ ကြောင်း၊ သွင်းကုန်အနေဖြင့် (၁၈.၃.၂၀၂၃ မှ ၂၄.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင်တန်ချိန်အားဖြင့် ၆.၈၄၀ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၂၆) တင်သွင်း နိုင်ခဲ့ပြီး၊ (၂၄.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃)ရက်နေ့အထိ  ဆံပင် တန်ချိန်အားဖြင့် ၁.၇၀၀ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ် လာသန်း (၀.၀၀၆) တင်သွင်းနိုင်ခဲ့သည့်အတွက် ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၉၂) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ် လာသန်း (၀.၀၂၀)  လျော့နည်းတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပခုက္ကူမြို့တွင် ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိ

     ပခုက္ကူမြို့တွင် ယောနယ်မှ ဗမာကြက်သွန်ဖြူများဝင်ရောက်နေသကဲ့သို့ မန္တလေးဘက်မှဝင်ရောက်လာသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ရှမ်းပြည်နယ်၊ အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ)များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ကြက်သွန်ဖြူမှာ ကြက်သွန်နီထက် သုံးစွဲမှုနည်းသောကြောင့် အဝင်နည်းသည်ကိုတွေ့ရှိရပါသည်။ တစ်ပတ်လျှင် ဗမာကြက်သွန်ဖြူအိတ်ရေ(၇၀၀-၈၀၀)အိတ်အဝင်ရှိကြောင်း၊  တစ်ပတ်လျှင် မန္တလေးဘက်မှကြူကုတ်အိတ်ရေ (၃၀၀-၄၀၀)အိတ်အတွင်း အဝင်ရှိကြောင်း၊ တစ်ပတ်လျှင် ရှမ်းစအိတ်ရေ(၁၀၀-၂၀၀) အတွင်းသာအဝင်ရှိကြောင်းနှင့် ဗမာကြက်သွန်ဖြူ၊ ကြူကုတ်ကြက်သွန်ဖြူများသာ အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ)မှာ အနည်းငယ်အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

   ဈေးနှုန်းများအနေဖြင့် မတ်လ (နောက်ဆုံးပတ်) တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၈၀၀၀)ဈေးရှိပြီး ကြက်သွန်ဖြူ(ကြူကုတ်)လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၆၀၀၀)ကြားနှင့်  ရှမ်းစလက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၆၀၀၀)ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဧပြီလဆန်းတွင် မတ်လ(နောက်ဆုံးပတ်)ဈေးနှုန်းများအတိုင်း အတက်အကျမရှိဘဲ ဈေးငြိမ်နေပြီး အရောင်းအဝယ်အနည်းငယ်အေးနေကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ဒေသတွင်းသုံးစွဲမှုများပြီး ကြက်သွန်ဖြူကြော်လုပ်ငန်းရှင်များနှင့် လက်ဖက်/ပဲကြော်လုပ်ငန်းရှင်များက အများဆုံးဝယ်ယူကြကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ရေဦးခရိုင်နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဧပြီလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၂၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၈၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၇၅၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၇၅၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၆၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၆၅၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ၁၄၀၀၀၀၀၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်၁၃၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၂၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၂၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၉၂၈၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၁၈၈၀)အိတ်၊ တန်အားဖြင့် (၈၀၉၄)စီးထွက်ခဲ့ပြီး၊ ယခု ဧပြီလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၅၀၀၊ မန္တလေး သို့ အိတ်ရေ ၇၀၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၉၃၀၀)အိတ်၊ တန်အားဖြင့် (၇၄၆၅)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၂၅၈၀) တန်အားဖြင့် (၆၂၉) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်တွင် ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးကွက်

      ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ဧပြီလအတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ပျားလိမ္မော်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ စတော်ဘယ်ရီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၇၅၀ကျပ်မှ ၁၃၀၀ကျပ်ထိ၊ ပန်းသစ်တော် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ မာလကာသီး တစ်လုံးလျှင် ၃၅၀ကျပ်မှ ၅၀၀ကျပ်ထိ၊ ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ သခွားမွှေးသီး တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်  ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် ၁၀၀၀ကျပ်  မှ ၁၅၀၀ကျပ်ထိ၊ ကန်စွန်းဥ တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ သံပရာသီး တစ်လုံးလျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်ထိ၊ ရှောက်သီး တစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိ၊ အုန်းသီး(အစိမ်း) တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း