ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်-ကမ္ဘောဒီးယား OCOP ပြပွဲမှ နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ရ

                  ဗီယက်နမ်-ကမ္ဘောဒီးယား ပြည်နယ်တစ်ခုထုတ်ကုန်တစ်ခု (OCOP) ကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံ၊ An Giang (အန်ဂျိုင်) ပြည်နယ်၊ Tinh Bien (တင်ဘီယမ်) ရပ်ကွက်တွင် ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံမှ လုပ်ငန်းပေါင်း ၈၀ မှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသထား သည်။ ဗီယက်နမ်စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အန်ဂျိုင်ပြည်နယ် ပြည်သူ့ကော်မတီတို့  ပူးပေါင်းကျင်းပသည့် တစ်ပတ်ကြာ ပြပွဲသည် စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဖလှယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။ ပါဝင်သော စီးပွားရေးလုပ်ငန်းများသည် ဒေသထွက် အထူး ထုတ်ကုန် ထောင်ပေါင်းများစွာ၊ OCOP အသိအမှတ်ပြု ထုတ်ကုန်များ၊ စားသုံးသူပစ္စည်းများ၊ လက်မှုပညာများနှင့် အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များကို ပြသခဲ့ကြသည်။ ပွဲ၏ အထူးခြားဆုံးအချက်မှာ ကမ္ဘောဒီးယားဈေးကွက်သို့ ပို့ကုန်များ တိုးချဲ့ရန် ရှာဖွေနေသော ထိပ်တန်းအမှတ်တံဆိပ်များနှင့်အတူ ကြယ်သုံးပွင့် သို့မဟုတ် ထို့ထက်ပို၍ အဆင့်သတ် မှတ်ထားသော ဗီယက်နမ် OCOP ထုတ်ကုန်များကို ထင်ရှားစွာ ပြသထားခြင်း ဖြစ်သည်။ ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Le Trung Ho က ဗီယက်နမ်-ကမ္ဘောဒီးယား စီးပွားရေးဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့်မှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ နှစ်နိုင်ငံကုန်သွယ်မှုသည် သုံးဆကျော်မြင့်တက်လာခဲ့ကြောင်းပြောကြားခဲ့သည်။LeTrungHo၏ အဆိုအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် စီးပွားရေး၏အသက်သွေးကြောတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ အန်ဂျိုင်နှင့် ကမ္ဘောဒီးယားပြည်နယ်များအကြား ကုန်သွယ်မှုဆက်ဆံရေးသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၉၄၀ သန်းအထိ အားကောင်းလာပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၅၃၁ သန်း အထိရောက်ရှိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါပြပွဲသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ အမှတ်တံဆိပ်များနှင့် အထူးထုတ်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဧည့်သည်များထံ တွေ့ဆုံပြီး မြှင့်တင်ရန် အခွင့်အရေးတစ်ခု ပေးဆောင်ကြောင်း Le Trung Ho က ထပ်လောင်းပြောကြားခဲ့သည်။     

 DOCA(ရန်ကုန်)

နယူးဇီလန်နိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှု ၄.၄ ရာခိုင်နှုန်းအထိ နှေးကွေးလာ

          နယူးဇီလန်နိုင်ငံ၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အထိ ၁၂ တာ ကာလအတွင်း ၄.၇ ရာခိုင်နှုန်း တိုးလာပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ တစ်နှစ်တာကာလအတွင်း ၄.၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နယူးဇီလန်စာရင်းအင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

           နှစ်စဉ်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကုန်ခြောက်ဈေးနှုန်းများ ၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အသား၊ ငါးနှင့် ကြက်များမှာ နှစ်စဉ် ၇.၇ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း စာရင်းအင်းဌာနက ပြောကြားခဲ့သည်။ နွားနို့ လီတာတစ်ဘူး၏ ပျှမ်းမျှဈေးနှုန်းသည် နှစ်စဉ် ၁၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမဲသားသည် ၂၆.၇ ရာခိုင်နှုန်း မြင့်တာကာ ပေါင်မုန့်ဖြူသည် နှစ်စဉ် ၅၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

          ပေါင်မုန့်သည် အိမ်ထောင်စုများစွာအတွက် အဓိက အစားအစာဖြစ်ပြီး ယခင်နှစ်ကထက် ပေါင်မုန့်ဖြူတစ်လုံးသည် ၇၄ ဆင့် ပို့ကုန်ကျသည်ဟု Stats NZ မှ ပြောရေးဆိုခွင့်ရှိသူ Nicola Growden က ပြောကြားခဲ့သည်။

          လစဉ်အခြေခံအရ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ၄.၅ ရာခိုင်နှုန်း ကျဆင်းမှုကြောင့် နိုဝင်ဘာလတွင် စားသောက်ကုန်ဈေးနှုန်းများသည် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ခရမ်းချဉ်သီးနှင့် စတော်ဘယ်ရီကဲ့သို့သော ရာသီပေါ်သီးနှံများ ဈေးတက်လာကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်လာသည်နှင့် အမျှ ငရုတ်ကောင်း မဟာဗျူဟာသစ်များ ဆွေးနွေး

          ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား ၏ ကြီးထွားလာသော ငရုတ်ကောင်းကဏ္ဍကို အားကောင်းစေရန် ရည်ရွယ် သည့် အမျိုးသားအဆင့်ငရုတ်ကောင်း မဟာဗျူဟာတစ်ရပ် ရေးဆွဲရန် တက်ကြွစွာ လုပ်ဆောင်လျက် ရှိသည်။ ဝန်ကြီးဌာန၏ အတွင်းဝန် Va Rutsan က ၁၂-၁၂-၂၀၂၅ ရက်နေ့တွင် ဖနွမ်းပင်မြို့၌ အကြီးတန်းအရာရှိများ၊ ကျွမ်းကျင်သူများ၊ ကမ္ဘောဒီးယား ငရုတ်ကောင်းအဖွဲ့ချုပ်ဝင်များနှင့် ဆက်စပ်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေးကိုကြီမှူး ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတွင် ငရုတ်ကောင်းမူဝါဒ၏ ကနဦးမူကြမ်းကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြုပြင်ခြင်းအပေါ် ဆွေးနွေးခဲ့ကြပြီး စက်မှုလုပ်ငန်း၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို သေချာစေရန် အသေးစိတ်နှင့် ပြည့်စုံသောနည်းလမ်းများကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ၁၅-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အစည်းအဝေးတက်ရောက်လာသူများက အမျိုးသားမူဝါဒကို နိုင်ငံတကာစံနှုန်းများ၊ ဈေးကွက်ဝယ်လိုအားများနှင့် ချိန်ညှိခြင်း ၏ အရေးပါမှုနှင့် ကမ္ဘောဒီးယားတွင် သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းအတွက် ရေရှည်တည်တံ့ ခိုင်မြဲသော၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးသည့် EU-ဂျာမန် CAPSAFE စီမံကိန်းတို့ကို အထူးအလေးပေးဆွေးနွေးခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် ခိုင်မာသောတိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပြီး ဒေါ်လာ ၃၄-၃၅ သန်းခန့်အထိ ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃၀-၁၅၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                                   

DOCA (ရန်ကုန်)

PPAP သည် ကွန်တိန်နာ ဝင်ရောက်မှု သိသာထင်ရှားသော တိုးတက်မှုကို မှတ်တမ်းတင်ခဲ့

          ဖနွမ်းပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်း (PPAP) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဆိပ်ကမ်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်လာကြောင်း အစီရင်ခံတစ်ခုထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယား စတော့ရှယ်ယာဈေးကွက်သို့ တင်သွင်းလာခဲ့သော စာရင်းစစ်မပြုလုပ်ရသေးသည့် ဝင်ငွေအစီရင်ခံစာတွင် ဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်ကာလတူတွင် TEU ၄၃၆,၈၃၉ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၂.၈၅ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပြီး TEU ၅၃၆,၆၄၂ ရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထား သည်။ ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာသော ကုန်စည်နှင့် သဘာဝဓာတ်ငွေ့ လောင်စာမှာ ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း မှတ်တမ်းတင်ထားသော တန်ချိန် ၄.၃၆ သန်း မှ ၁၆ ရာခိုင်နှုန်း မြင့်တက်လာကာ တန်ချိန် ၅.၀၆ သန်း ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဆိပ်ကမ်းသို့ ကွန်တိန်နာ ၄၈,၃၈၃ ခု ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလထက် ၃၅.၉၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၂၇.၃၇ ဘီလီယံခန့်ရှိပြီး ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းတိုးလာကာ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၃၀.၆၅ ဘီလီယံရှိပြီး ၁၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။

Source: Khmer Times                                                                   

DOCA (ရန်ကုန်)

အေးခဲထားသောဒူးရင်းသီးများ တရုတ်သို့ပထမဆုံးတင်ပို့ခဲ့သည့် အင်ဒိုနီးရှား

          အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးကွာရန်တင်းအေဂျင်စီ (Barantin) သည် အနောက် ဂျာဗားမှ တရုတ်သို့ အေးခဲထားသောဒူးရင်းသီးတန်ချိန် ၄၈ တန်ကို ပထမဆုံးတရားဝင်တင်ပို့ခဲ့ ကြောင်း သိရပါသည်။ Barantin အကြီးအကဲ Sahat M Panggabean က အမေရိကန်ဒေါ်လာ ၃၀၅၉၇၁ တန်ဖိုးရှိသောထိုတင်ပို့မှုသည် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအကြား အေးခဲထားသောဒူးရင်းသီးတင်ပို့ခွင့်ညှိနှိုင်းချက်မှတ်တမ်းလက်မှတ် ရေးထိုးပြီးနောက်ဆက်တွဲအနေဖြင့် တင်ပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အနောက် ဂျာဗားတွင် ပြုပြင်ထုတ်လုပ်ခဲ့သည့် အေးခဲထားသောဒူးရင်းသီးများကို ဂျာကာတာမြို့ရှိ Tanjung ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၏ Qingdao ဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခင်က တရုတ်သို့ အင်ဒိုနီးရှား၏ ဒူးရင်းသီးတင်ပို့မှုမှာ တိုက်ရိုက်မဟုတ်ပဲ အိမ်နီးချင်းနိုင်ငံများက တရုတ်ဈေးကွက်သို့ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြန်လည်ထုပ်ပိုးခြင်းတို့ဖြင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ GACC နှင့်အတူ G to G ကနဦးဆောင်ရွက်မှုသည် အင်ဒိုနီးရှားအားအေးခဲထားသောဒူးရင်းသီးများ တိုက်ရိုက်တင်ပို့နိုင်ရန် လမ်းကြောင်းဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလမှ နိုဝင်ဘာလအထိတွင် အင်ဒိုနီးရှားသည် ဒူးရင်းတန်ချိန် ၁၀၁၆၂ တန်ကို များစွာသောပုံစံများဖြင့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိပ်တန်းတင်ပို့သည့် ၅ နေရာမှာ ထိုင်း (၆၀၀၃ တန်)၊ တရုတ် (၂၅၇၄ တန်)၊ မ‌လေးရှား (၁၅၃၂တန်)၊ ဟောင်ကောင် (၁၅ တန်)နှင့် ဂျာမနီ (၆ တန်) တို့ဖြစ်ကြောင်း သိရပါသည်။ အခြားနေရာများတွင် ဂျပန်၊ တရုတ်တိုင်ပေ၊ ဆော်ဒီအာရေဗီးယား၊ ချက်၊ နယ်သာလန်၊ ကနေဒါ၊ အမေရိကန်နှင့် နော်ဝေတို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားဒူးရင်းစိုက်ပျိုးသူများအသင်း၏ အတွင်းရေးမှူးချုပ် Aditya Pradewo က တရုတ်ဒူးရင်းဈေးကွက်သည် နှစ်စဉ်ခန့်မှန်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံပတ်လည်ရှိကြောင်း၊ Bawor ၊ Super Tembaga နှင့် Namlung အစရှိသည့်အဆင့်မြင့်မျိုးကွဲများနှင့် အတူ အင်ဒိုနီးရှားသည် တရုတ်ဈေးကွက်ဝေစု၏ ၅ မှ ၁၀ ရာခိုင်နှုန်းကြားရရှိရန် ခန့်မှန်းရကြောင်းနှင့် တရုတ်သို့ တိုက်ရိုက်တင်ပို့မှုသည် ထောက်ပံ့ပို့ဆောင်‌ရေးကုန်ကျစရိတ်များကို လျော့ချနိုင်ရုံသာမက စိုက်ပျိုးရေးသမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် သိသာထင်ရှားသောအကျိုး‌ကျေးဇူးများ ကိုပံ့ပိုးပေးကြောင်း ပြောကြားခဲ့ပါသည်။ Pradewo ၏အဆိုအရ တရုတ်နိုင်ငံရှိ ဒူးရင်းဈေးနှုန်းများသည် ပြည်တွင်းဈေးနှုန်းများထက် ၅ ဆမှ ၇ ဆအထိ မြင့်တက်နေခြင်းကြောင့် တည်ငြိမ်သော စီးပွားရေးအခွင့်အလမ်းများကို ကမ်းလှမ်းလျက်ရှိကြောင်း သိရပါသည်။

 

Antara News                                                                             

DOCA (ရန်ကုန်)

အနာဂတ်ဆန်တင်ပို့မှုများအတွက် တည်ငြိမ်ပြီးအရည်အသွေးမြင့်သော ထောက်ပံ့မှုကွင်းဆက် ရည်မှန်းထားသည့် ဗီယက်နမ်

           ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပို့ကုန်-သွင်းကုန်ဦးစီးဌာန က ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်၏ဆန်တင်ပို့ရာ၌ ရင်ဆိုင်ရမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများနှင့် ပတ်သတ်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ ပို့ကုန်-သွင်းကုန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Nguyen Anh Son က ဆန်စပါးကဏ္ဍသည် များစွာသောဒေသများတွင် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ၊ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှေးကွေးခြင်းတို့ပါဝင်သည့် များစွာသောအခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများတွင် ငွေကြေးမူဝါဒများ တင်းကျပ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်များအပေါ် ဖိအားများ ဆက်လက်ဖြစ်ပေါ်စေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာစားသုံးသူဝယ်လိုအားနှင့် စီးပွားရေးဆောင်ရွက်မှုသည် ဆက်လက်နိမ့်ကျနေကြောင်း သိရပါသည်။ Son က ကိုယ်ကျိုးစီးပွားကာကွယ်ရေးစီမံချက်များသည်လည်း များစွာသောပုံစံများနှင့် ပြန်လည်ပေါ်ထွက်လာပြီး ဖွံ့ဖြိုးပြီးနိုင်ငံများသည် စားသုံးသူလုံခြုံစိတ်ချရမှုနှင့် ရာသီဥတုဖောက်ပြန်မှုအပေါ် ဦးစားပေးမှုမြင့်တက်လာခြင်းက တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် စံနှုန်းများနှင့် စည်းမျဉ်းသစ်များကိုချမှတ်လာစေကြောင်း ပြောကြားခဲ့ပါသည်။  အကောက်ခွန်ဦးစီးဌာနထံမှအချက်အလက်များအရ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လတွင် အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံတန်ဖိုး ရှိသောဆန်တန်ချိန် ၇.၅၃ သန်းကိုတင်ပို့ခဲ့ကြောင်း သိရပါသည်။ ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၅၁၁ အမေရိကန်ဒေါ်လာရှိပြီး ပမာဏတွင် ၁၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၂၇.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။  အင်ဒိုနီးရှား ( ၉၆ ရာခိုင်နှုန်း ကျဆင်း)နှင့် မ‌လေးရှား (၃၂.၅ ရာခိုင်နှုန်းကျဆင်း) တို့ပါဝင်သည့် များစွာသောဈေးကွက်များတွင် စံချိန်တင်သိသာစွာကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် ဂါနာ (၅၂.၆၃ ရာခိုင်နှုန်းမြင့်တက်)၊ တရုတ် (၁၆၅ ရာခိုင်နှုန်းမြင့်တက်)၊ ဆီနီဂေါ( ၇၃ ဆမြင့်တက်)နှင့် ဘင်္ဂလားဒေ့ရှ် (၂၃၈ ဆ မြင့်တက်) တို့ပါဝင်သည့် အခြားဈေးကွက်များသို့ တင်ပို့မှုအားကောင်းခဲ့ကြောင်း သိရပါသည်။ လတ်တ‌‌လောနှစ်များအတွင်း ဗီယက်နမ်၏အကြီးမာဆုံးဆန်တင်ပို့ရာဈေးကွက်ဖြစ်သည့် ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းမှုပြန်လည်ဖွင့်လှစ်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်သည် ဆန်ကုန်သွယ်ရေးသဘောတူညီချက်များ ထပ်တိုးရရှိထားခြင်းကြောင့် ထွန်းသစ်စဈေးကွက်များသို့ ထိုးဖောက်ရန် အခွင့်အလမ်းများကို ဖန်တီးပေးကြောင်း သိရပါသည်။ ဩစတေးလျ၊ နိုင်ဂျီရီးယား၊ စင်ကာပူ၊ မ‌လေးရှား၊ ဖိလစ်ပိုင်၊ အီဂျစ်၊ အယ်ဂျီးရီးယား၊ တရုတ်နှင့် အခြားဈေးကွက်များရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးများထံမှ စီးပွားရေးအတိုင်ပင်ခံပုဂ္ဂိုလ်များက သက်ဆိုင်ရာနိုင်ငံများရှိ ဆန်တင်သွင်းမှုမူဝါဒများအပေါ် နောက်ဆုံးသတင်းအချက်အလက်များအား ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် ဗီယက်နမ်တင်ပို့သူများအား အရည်အသွေး စံနှုန်းများ၊ ကွာရန်တင်းလုပ်ငန်းစဉ်များ၊ ထုတ်ပိုးမှုနှင့် အမှတ်တံဆိပ်ဖော်ပြခြင်းတို့တွင် အနီးကပ်အာရုံစိုက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးအရှိန်မြှင့်တင်ပေးနိုင်ရန်မျှော်မှန်းရသည့် ဗီယက်နမ်-ကမ္ဘောဒီးယား OCOP ပြပွဲ

        ဗီယက်နမ်-ကမ္ဘောဒီးယားနယ်စပ်ဒေသတစ်ခုထုတ်ကုန်တစ်မျိုးကုန်စည်ပြပွဲ (OCOP) ကို ဗီယက်နမ်နိုင်ငံ An Giang ပြည်နယ်၏ Tinh Bien ရပ်ကွက်တွင် ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံ စလုံးမှ လုပ်ငန်းပေါင်း ၈၀ ကျော်တို့က ပြခန်းပေါင်း ၂၀၀ ကျော်ခင်းကျင်းပြသကာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှစတင်ပြီး တစ်ပတ်ကြာကျင်းပ မည့်ပြပွဲကို ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် An Giang ပြည်နယ်ပြည်သူ့ ကော်မတီတို့က ပူးတွဲကြီးမှူးကျင်းပပြီး စီးပွားရေးချိတ်ဆက်မှုမြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်နှင့် နှစ်နိုင်ငံအကြားကုန်သွယ်ရေးဖလှယ်မှုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရပါ သည်။ ပါဝင်ဆင်နွှဲသည့်စီးပွားရေးလုပ်ငန်းများသည် ထောင်ပေါင်းများစွာသောဒေသထွက်ကုန် များ၊ OCOP အသိအမှတ်ပြုလက်မှတ်ရထုတ်ကုန်များ၊ စားသုံးကုန်များ၊ လက်မှုပစ္စည်းများနှင့် အရည်အသွေးမြင့်စိုက်ပျိုးရေးထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပွဲတော်၏အဓိကအ‌လေးပေးမှုသည် ကြယ် ၃ ပွင့်နှင့် အထက်အဆင့်ရှိ ဗီယက်နမ် OCOP ထုတ်ကုန်များကို ခင်းကျင်းပြသရန်နှင့် ထိပ်တန်းအမှတ်တံဆိပ်ရှိထုတ်ကုန်များကို ကမ္ဘောဒီးယား ဈေးကွက်သို့ တင်ပို့မှုတိုးချဲ့ရန်ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်ပြည့်သူ့ကော်မတီ ဒုတိယဥက္ကဌ Le Trung Ho က ဗီယက်နမ်-ကမ္ဘောဒီးယား  စီးပွားရေးဆက်ဆံမှုသည် လတ်တ‌လောနှစ်များအတွင်း တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံပတ်လည်မှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ မြင့်တက်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ Ho ၏အဆိုအရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးသည် စီးပွားရေး ၏ အရေးပါသောအသက်သွေးကြောဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် An Giang ပြည်နယ်နှင့် ကမ္ဘောဒီးယားပြည်နယ်များအကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၄၀ သန်းအထိရောက်ရှိခဲ့ပြီး An Giang ပြည်နယ်က အမေရိကန်ဒေါ်လာ ၅၃၁ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုကုန်စည်ပြပွဲသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလုပ်ငန်း များတွေ့ဆုံရန်နှင့် အမှတ်တံဆိပ်များမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး ကုန်သွယ်ရေး ချိတ်ဆက်ရန်၊ စီးပွားရေးမိတ်ဖက်များရှာဖွေရန်၊ ဖြန့်ဖြူးရေးကွန်ယက်များတိုးချဲ့ရန်နှင့် အာမခံ ချက်ရှိသောနယ်စပ်ဈေးကွက်သို့ဝင်ရောက်ရန် စင်မြင့်တစ်ခဲ့ဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                             

DOCA (ရန်ကုန်)

၂၀၃၀ ပြည့်နှစ်တွင် အဆင့်မြင့်နည်းပညာနှင့် မဟာဗျူဟာကျသော စက်မှုလုပ်ငန်းများတွင် ဉာဏပညာရှင်လုပ်သားအင်အား ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ဗီယက်နမ်ရည်မှန်း

         ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အဆင့်မြင့်နည်းပညာနှင့် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများတွင် ဉာဏပညာရှင်လုပ်သားအင်အားအချိုးအစားကို ၂၅ ရာခိုင်နှုန်းအထိ မြှင့် တင်ရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ဖော်ပြခဲ့ သည်။ ၂၀၃၀ ခုနှစ်အထိ စက်မှုထွန်းကားရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်သည့် ကာလအတွင်းနှင့် ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်ရှိသည့် ဉာဏပညာရှင်လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာအသစ်တွင် ထိုရည်မှန်းချက်ကို ချမှတ်ထား သည်။ မဟာဗျူဟာအရ သိပ္ပံဆိုင်ရာသုတေသန၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုတို့တွင် ပါဝင်ဆောင်ရွက်နေသော အချိန်ပြည့်ဝန်ထမ်းအရေအတွက်သည် ၂၀၃၀ ပြည့်နှစ်တွင် လူ ၁၀,၀၀၀ လျှင် ၁၂ ဦးအထိရောက်ရှိရန် မျှော်လင့်ရသည်။ အခြေခံသိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာတို့တွင် သင်ယူသူအချိုးအစားသည် အနည်းဆုံး ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် စီစဉ်ထားပြီး အနည်းဆုံး ပါရဂူဘွဲ့အတွက် လျှောက်ထားသူ ၆၀၀၀ နှင့် အရည်အချင်းကို အခြေခံသော အစီအစဉ်များတွင် စာရင်းသွင်းထားသူ ၂၀၀၀၀ ပါဝင်သည်။ ယင်းဗျူဟာသည် ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်လုပ်ကိုင်မှုအစီအစဉ်များမှတစ်ဆင့် ပြည်တွင်း၌ ပညာရေးဖလှယ်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှု၊ လေ့ကျင့်မှုနှင့် နည်းပညာလွှဲပြောင်းမှုတို့တွင် ပါဝင်ဆောင်ရွက်ရန် ပြည်ပတွင်နေထိုင်သော နယ်ပယ်အသီးသီးမှ ထူးချွန်သော ဗီယက်နမ်ပညာရှင် ၁၀၀၀ ခန့်ကို ဆွဲဆောင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

သီရိလင်္ကာနိုင်ငံသည် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ကို အားကောင်းစေရန်အတွက် ကော်မတီအသစ်တစ်ရပ်ဖွဲ့စည်း

       သီရိလင်္ကာအကောက်ခွန်သည် နိုင်ငံ၏ ကုန်သွယ်ရေးအုပ်ချုပ်မှုကို ခေတ်မီအောင်ပြုလုပ်ရန်နှင့် ပင်ရင်းဒေသစည်းမျဉ်းများ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု မြှင့်တင်ရန်အတွက် ပင်ရင်း ဒေသစည်းမျဉ်းများဆိုင်ရာ နည်းပညာကော်မတီ (TCRO) ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တရားဝင်ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ သီရိလင်္ကာအကောက်ခွန်ဌာန၏ ကြေငြာချက်အရ အဆိုပါကော်မတီကို အကောက်ခွန်နှင့် ကူးသန်းရောင်းဝယ်ရေး ဌာနတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်း၏ဖွဲ့စည်းမှုသည် WTO ကုန်သွယ်ရေးလွယ်ကူချောမွေ့ရေး သဘောတူညီချက်၏ အပိုဒ် ၃ အရ သီရိလင်္ကာ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး၊ ယင်းတွင် မူလအစဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်စွာစီမံခန့်ခွဲရန် လိုအပ်ပါသည်။ TCRO ၏ တာဝန်ဝတ္တရားမှာ အမျိုးသားမူလ အစစည်းမျဉ်းများ မူဘောင်ကို အားကောင်းစေရန်၊ အေဂျင်စီများအကြား ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်ရန်၊ ဦးစားပေးကုန်သွယ်မှုအစီအစဉ်များကို အသုံးပြု၍ သွင်းကုန်လုပ်ငန်းရှင်များနှင့် တင်ပို့သူများကိုပံ့ပိုးပေးရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့် သဟဇာတဖြစ်အောင် မြှင့်တင်ရန်တို့ဖြစ်သည်။ ကော်မတီသည် လိုက်နာမှုကုန်ကျစရိတ်များကို လျှော့ချရန်၊ မူရင်းလိုအပ်ချက်များကို ရှင်းလင်းစေရန်နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ၊ ဒေသဆိုင်ရာကုန်သွယ်ရေး သဘောတူညီချက်များနှင့် အထွေထွေဦးစားပေးစနစ်အစီအစဉ်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေရေး ပံ့ပိုးကူညီရန် မျှော်လင့်ထားကြသည်။ ကုန်သွယ်မှုထိရောက်မှုတိုးတက်စေရန်၊ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်များတွင် ယုံကြည်စိတ်ချရမှုမြှင့်တင်ရန်နှင့် သီရိလင်္ကာပို့ကုန် လုပ်ငန်းရှင်များအတွက် ဦးစားပေးဈေးကွက်ဝင်ရောက်ခွင့် ရရှိစေရန်အတွက် ပိုမိုခိုင်မာပြီး ပိုမိုပွင့်လင်းမြင်သာသော မူရင်းစည်းမျဉ်းစနစ်သည် အရေးကြီးကြောင်း အာဏာပိုင်များက ထောက်ပြခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)

ဧပြီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုများ တန်ချိန် ၁.၇ သန်းထက်ကျော်လွန်

      လက်ရှိဘဏ္ဍာနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင် မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုများသည် တန်ချိန် ၁.၇၈ သန်းခန့် ရောက်ရှိခဲ့ပြီး တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၅ သန်းခန့် ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါ သည်။

       မြန်မာနိုင်ငံသည် ဧပြီလတွင် ဆန်တန်ချိန် ၁၄၂၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂ သန်းခန့်၊ မေလတွင် ဆန်တန်ချိန် ၂၅၀၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၀ သန်းခန့်၊ ဇွန်လတွင် ဆန်တန်ချိန် ၂၁၀၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၁ သန်းခန့်၊ ဇူလိုင်လတွင် ဆန်တန်ချိန် ၂၃၀၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၇ သန်းခန့်၊ ဩဂုတ်လတွင် ဆန်တန်ချိန် ၁၉၀၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့်၊ စက်တင်ဘာလတွင် ဆန်တန်ချိန် ၁၆၀၀၀၀ တန်ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂ သန်းခန့်၊ အောက်တိုဘာလတွင် ဆန်တန်ချိန် ၃၁၀၀၀၀ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၂ သန်းခန့်၊ နိုဝင်ဘာလတွင် ဆန်တန်ချိန် ၂၆၃၈၁၅ တန်ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၆ သန်းခန့် စသဖြင့် စုစုပေါင်း တန်ချိန် ၁.၇၈၇ သန်းတန်ခန့် တင်ပို့ခဲ့ပြီး တင်ပို့မှုဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၇၅ သန်းခန့် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ချက်များအရ သိရပါသည်။

     ဆန်တင်ပို့မှုများကိုပြုလုပ်ရာတွင် ရေကြောင်းကုန်သွယ်ရေးဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ က ဆန်တန်ချိန်ပေါင်း ၃ သန်းတန်ခန့်တင်ပို့နိုင်ရန် ရည်မှန်းထားသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လစဉ်တင်ပို့မှုရည်မှန်းချက်များ ပြည့်မီရန်နှင့် တင်ပို့မှုများအဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊‌ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက် ကုန်တင်လုပ်ငန်း ရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရပါ သည်။

Source: The Global New Light Of Myanmar                                

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ