Hong Leong Group သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများကို စောင်ကြည့်နေ
ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် Hong Leong Manufacturing Group ၏ ဥက္ကဋ္ဌ Datuk Kwek Leng San ကို ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ငြိမ်းချမ်းရေး နန်းတော်၍ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံစဉ် Datuk Kwek Leng San က ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ ထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ကမ္ဘောဒီးယားတွင်ကုမ္ပဏီသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံအတွင်းဆယ်စုနှစ်တစ်ခုကျော် လည်ပတ်ဆောင်ရွက်မှုများကိုသုံးသပ်ကာ ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးချဲ့ရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Hun Manet က ကုမ္ပဏီ၏ တိုးတက်မှုအပေါ် အားရကြောင်းနှင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်ချက်ကိုကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Hun Manet က ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းဈေးကွက်အတွက် တစ်ခုတည်းသာမက ကမ္ဘောဒီးယား၏ နှစ်နိုင်ငံနှင့် ဘက်စုံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များမှတဆင့် ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်စေကြောင်း၊ ကုမ္ပဏီအနေဖြင့် ပြည်တွင်း ဈေးကွက်အတွက် မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်ရန်၊ ဒေသတွင်းနှင့်နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့ရန်အတွက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင် အစိုးရသည် နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူများ၏ အောင်မြင်မှုကို ပံ့ပိုးရန်အသင့်ရှိနေကြောင်း ထပ်မံပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)