မြို့မဈေးရှိ ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း အနည်းငယ်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၊ ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ကာဘိုးကျေးရွာထွက် ပဲငပိအစို လက်လီ(၁)ပိဿာ လျှင်(၉၀၀၀)ကျပ်၊ လက္ကား(၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ပဲငပိခြောက်(၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေဦးပဲငပိအစို(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပဲငပိခြောက်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များ ထံမှသိရသည်။
DOCA(စစ်ကိုင်း)









