ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲတောင့်ရှည်စျေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြိတ်မြို့ ပေါ်ရှိရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်  သီးနှံဖြစ်သည့် ပဲသီး၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါ သည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲသီးကိုရပ်ကွက်များတွင် ပိုမိုစိုက်ပျိုးကြကြောင်းသိရှိ ရပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ပဲသီးကို စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေး ငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသောမြိတ်မြို့ပေါ်ရှိ ပဲတောင့်ရှည် ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၈၀၀)ကျပ်နှင့် (၉၀၀)ထိရှိပြီး အစီးကြီးတစ်စီးလျှင်(၄၀၀၀) ကျပ်နှင့် (၄၅၀၀)ထိရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

ငါးရံ့များသည် ကန့်ဘလူခရိုင်အတွင်း ထွက်ရှိခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ် တို့မှ ဝယ်ယူရောင်းချရကြောင်းသိရှိရပါသည်။ ငါးရံ့ကို  စားသုံးသူပြည်သူများက အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသလို ငါးရံ့ကို ငါးဒိုင်များ နှင့် ငါးသည်များက ငါးရံ့ကို အခြောက်လှမ်းပြီး ငါးရံ့‌ခြောက်ကိုလည်း ရောင်းကြပါသည်။ ငါးရံ့‌‌ခြောက်ကိုတော့  ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် လူကြီးများကန်တော့ရန် လက်ဆောင်ပေးရန်အတွက် အသုံးပြုကြသည့်အတွက် ငါးရံ့များ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ (အကြီး)လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးရံ့ အကြီး လက်လီဈေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အ‌သေး)လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက်လီ တစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာ လျှင်(၈၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀၀)ကျပ်၊ ငါးရံ့ ခြောက်(အ‌သေး) လက်လီ တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

Doca(စစ်ကိုင်း)

ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိသော နဂါးမောက်သီး

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့မြင်းခြံခရိုင်၊ညောင်ဦး၊ပုပ္ပါးနယ်များမှနဂါး မောက်သီး များ အများအပြားဝင်ရောက်လျက်ရှိရာ မြို့တွင်းသစ်သီးဆိုင်များ၊ဖျော်ရည်ဆိုင်များတွင် ရာသီစာ အဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်၊ နဂါးမောက်သီးသည် အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိလာကြတာနဲ့အမျှ စားသုံးမှု ပိုမိုမြင့်တက်လာပါ တယ်၊ နဂါးမောက်သီးမှာ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် များစွာကောင်းမွန်ပါတယ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကြောင့် အသား အရေခြောက်သွေ့ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပြီးအသားအရေတင်းရင်းလှပစေမဲ့ ကော်လဂျင် တွေထွက်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်မှာလည်း အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီယားတွေ ပေါက်ဖွားသန်စွမ်းဖို့ အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး ပါတယ်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီးရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိအောင် ကာကွယ် ပေးသောကြောင့် ရောင်းဝယ်အားကောင်းလျက်ရှိကြောင်း ၊ ဈေးကွက်တွင် သစ်သီးဆိုင်များနှင့် လက်တွန်းလှည်းများပေါ်တွင် နဂါးမောက်သီး အကြီး၊ အသေး ပေါ်မူတည်ပြီး(၁)လုံးလျှင် ကျပ်၅၀၀/၈၀၀/၁၀၀၀ နှုန်းဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါတယ်။
DOCA(မန္တလေး)

ရာသီပေါ်ပိန္နဲသီးဈေးကွက်

ပိန္နဲသီးကို လူအများအလွန်နှစ်သက်စွာ စားသုံးကြသည်။ ပိန္နဲသီးသည် အလွန်မွှေးကြိုင်ပြီး ကြွပ်ရွသောအသီးတစ်မျိုးဖြစ်သည်။ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်တွေကတော့ ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ Pyridoxine (ဗီတာမင် B6)၊ Niacin (ဗီတာမင် B3)၊ Riboflavin (ဗီတာမင် B2)၊ Folic acid (ဗီတာမင် B9)၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Phosphorusတို့ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး စားကောင်းသော အသီးတစ်မျိုး ဖြစ်ပါသည်။ ချိုအီမွှေးတဲ့ ပိန္နဲမွှာလေးတွေ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ ကင်ဆာသက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတိုးကျစေခြင်း၊ အစာကြေစေခြင်း၊ အိပ်ပျော်ခြင်း၊ အမြင်အာရုံကောင်းခြင်း၊ အသားအရေ ကျန်းမာခြင်း၊ ပါးစပ်ထဲကအနာကို သက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ အာရုံကြော စနစ်ကိုကျန်းမာစေခြင်းနှင့် အနာကျက် စေနိုင်ခြင်းတို့ဖြစ်ပါသည်။ ရာသီပေါ်ပိန္နဲသီး ဈေးနှုန်း ဈေးကွက်အနေဖြင့် နွှာပြီးသားတစ်ဆံလျှင် (၃၀၀) ကျပ်ဖြစ်ပြီး တစ်လုံးလျှင် အရွယ်အစား အလိုက် ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)

ငါးဘတ် နှင့် ငါးပေါက်စ ဈေးနှုန်း

ငါးဘတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ငါးဘတ်ငါးသည် အသားစားမျိုးနွယ်ဝင်တွေဖြစ်ပြီး ရေထဲမှာ မျိုးမတူသော ငါးမျိုးစိတ်များကို စားသုံးလေ့ရှိကြသည်။ ငါးဘတ်သည် ညဘက်တွင်အစာရှာထွက်လေ့ရှိကြပြီး ငါးဘတ်နှုတ်ခမ်းမွှေးမှာ အာရုံးထိတွေ့မှု ကောင်းမွန်လှပြီး အန္တရာယ်ကိုရှောင်ရှားနိုင်ကြသည်။ ငါးဘတ်သားသည် အရိုးနည်းပြီး အသားမှာချိုဆိမ့်ပြီး အားကိုဖြစ်စေသည့်အတွက် လူကြိုက်များသောငါးဖြစ်ကြောင်းသိရသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၏ ငါးဘတ် ဈေးနှုန်းများ အနေဖြင့် ငါးဘတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် နှင့် ငါးဘတ် အကောင်သေး တစ်ပိဿာ လျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေး ဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)

ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ရာသီစာပတ္တမြားငမောက်

မန္တလေးတိုင်းဒေသကြီးအတွင်း သို့ကျောက်ဆည်၊မတ္တရာ၊စဉ့်ကိုင် ၊မြင်းခြံစသည့် နယ်များ မှ စိန်တစ်လုံးသရက်သီးများ ဧပြီလဆန်းမှစ၍ လှိုင်လှိုင်ထွက်ပေါ်ပြီးဇွန်လကုန်တွင် အထွက်နှုန်း များလျော့ကျသွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ရှားပါးလျက်ရှိပါသည်။ ၎င်းစိန်တစ်လုံး သရက်သီးအစားအခြားမျိုးများဖြစ်သည့် မချစ်စု၊ စိမ်းစား၊ရွှေဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက် အစရှိ သည့် သရက်သီးများ ဝင်ရောက်လျက်ရှိပါသည်။
၎င်းသရက်မျိုးများအနက်မှ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မတ္တရာစသည့်နယ်များမှ ပတ္တမြားငမောက်သီးများ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိ ပါသည်။ပတ္တမြားငမောက်သရက်သီး၏ အချိုဓာတ်မှာလျော့နည်းခြင်းကြောင့် အချို့ ဆီးချိုသမား များတစ်ခါတစ်ရံ စားသုံးလေ့ရှိကြပါသည်။
မန္တလေးဈေးကွက်အတွင်း ပတ္တမြားငမောက်သီး အလုံးလှ တစ်လုံးလျှင် ကျပ် (၁၅၀၀/၂၀၀၀/-)၊ ပုံမှန် တစ်လုံးလျှင် ကျပ် (၇၀၀/၈၀၀/- )ဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့‌ပေါ်ရှိ ပြောင်းဖူးဈေးနှုန်း

   ပြောင်းဖူးကို ရာသီမရွေးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပါသည်။ လူမျိုးဘာသာမ‌ရွေးစားသုံးနိုင်သည့်အပြင် တိရိစ္ဆာန်များအတွက် အစားအစာအဖြစ်လည်း လွန်စွာအသုံးဝင်လှသည်။ ပြောင်းဖူးသည် ပြည်ပဝင်ငွေရရှိသည့် သီးနှံမျိုးဖြစ်ပြီး လူတိုင်းကြိုက်နှစ် သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မြိတ်မြို့တွင် ပြောင်းဖူးစိုက်သူနည်းပါးသဖြင့် အခြားပြည်နယ်များမှ ဝယ်ယူတင်သွင်းကြပါသည်။

   ယခု၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ  ပြောင်းဖူးတစ်လုံးလျှင် (၈၀၀) ကျပ်နှင့် (၁၀၀၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၇.၆.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်နီ ဈေးနှုန်းများ

    ၂၇.၆.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀ ၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၄၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၈၅၀၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၂၅၀၊ မုံရွာ လတ်သန့် ကျပ် ၁၁၅၀၊  မြင်းခြံ(သစ်) ရှယ် ကျပ် ၁၁၀၀/၁၄၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၀၀၀/၁၃၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၀၀/၁၂၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀/၈၅၀၊ တောင်သာ(သစ်) ရှယ် ကျပ် ၁၄၀၀၊ တောင်သာ(သစ်) လတ်ကြီး ကျပ် ၁၃၀၀၊ တောင်သာ(သစ်) လတ်သန့် ကျပ် ၁၂၀၀၊ တောင်သာ(သစ်) လတ်ချော ကျပ် ၈၀၀    အသီးသီး ရှိကြကြောင်း ကုန်စည် ဒိုင်မှ စုံစမ်းသိရှိရပါသည်။ ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၇.၆.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၇.၆.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၆၂၁၀၀၀) ကား (၈၈) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၅၂၅၀၀) ကား (၂၃) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၂၉၂၀၀)  ကား (၂၁) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဝက်သားဈေးတက်သော်လည်းရောင်းကောင်းလျက်ရှိ

ဝက်များကိုမွေးမြူရေးခြံများနှင့် အခြားတစ်နိုင်တပိုင် စီးပွားဖြစ်မွေးမြူကြသည်။ ဝက်များကို ယခင်တချိန်တပြည်ပ နယ်စပ်မြို့ကလေးများသို့ တင်ပို့ရောင်းချကြသည်။ယခုတွင်မူ ပြည်တွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြသည်။ဝက်သားများကို အလှူများပြုလုပ်ရာတွင် ဝက်သားချက်ကို ချက်ပြုတ်ကျွေးမွေးကြသည်။ဝက်သားများကို ဝက်အူချောင်းပြုလုပ်၍လည်း စားသုံးကြပြီး အနယ်နယ်အရပ်ရပ်မြို့များ သို့လည်း တင်ပို့ရောင်းချကြသည်။ယခင်လက ဝက်သား ၁ ပိဿာလျှင်(၂၈၀၀၀-၃၀၀၀၀)ယခု (၃၀၀၀၀-၃၅၀၀၀)ကျပ် ဈေးတို့ဖြင့်ရောင်းချကြောင်း သိရှိရသည်။ဝက်အူချောင်း ၁ ပိဿာလျှင် (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ဝက်ဆီဖတ်များကို ဝက်ဆီဖတ်ကြော်ပြုလုပ်၍လည်း ရောင်းချကြပါသည်။
DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း